နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်မှမူဆလင်များအရေးနှင့်ပတ်သက်၍လွှတ်တော်အတွင်းမေးခွန်းများရှင်းလင်းဖြေကြားချက်အပေါ် သုံးသပ်ချက်

“Aeritical Analysis of the Answers replied by relevant ministers to questions, raised by Hluttaw members, concerning the affairs of Musslins in Arakan State”

ပထမပိုင်း 

နိဒါန်း 

ယနေ့အချိန်အခါတွင် နိုင်ငံတော်သမ္မတနှင့် အခြားနိုင်ငံ့ခေါင်းဆောင်များက နိုင်ငံတော်၏ ရှေ့သွားမည့် ဒီမိုက ရေစီခရီးစဉ်နှင့် ပတ်သက်သော ပေါ်လစီများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ကြုံလျှင်ကြုံသလို ပြည်သူလူထု သိရှိအောင် ပြောဆိုရှင်းလင်းနေကြောင်း၊ မိန့်မှာနေကြောင်းတွေ့ရသည်။ အားရကျေနပ်စရာဇြစ်ပါသည်။ စနစ်တစ်ခု ပြောင်းလဲလာပြီး ပြည်သူတို့၏ဘ၀မှာ ရောင်ခြည်သစ်များ ထွန်းလင်းလာမည်ဟု မျှော်လင့်နေကြသည်။ ပြည်ပ ရောက်မြန်မာများကလည်း ဒီမိုကရေစီ အခင်း အကျင်းသစ်ကို စိတ်ဝင်စားစွာ လေ့လာ စောင့်မျှောနေကြသည်။ ပြည် တွင်းသို့ပြန်ဝင် လာသူများ လည်း ရှိနေပါသည်။ 
နိုင်ငံတော်သမတကြီးက (၃၀-၃-၂၀၁၁) ရက်နေ့ ကျမ်းသစ္စာခံယူပွဲပြီး ပြည်ထောင်စုလွှတ်တော်တွင် မိန့်ကြားခဲ့သော မိန့်ခွန်းတွင်-- 

“----- ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ နိုင်ငံသားများ၏မူလအခွင့်အရေး၊ တစ်နည်းအားဖြင့် လူ့အခွင့်အရေးများနှင့် ပတ်သက်ပြီး အခြေခံဥပဒေပြဌါန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် တည်ဆဲဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေသစ်ပြဌါန်း လုပ်ဆောင် သွားမှာဖြစ် ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ လေ့လာသုံးသပ်မှုများကို အမြန်ဆုံးပြုလုပ်ပြီး၊ ဒီလေ့လာတွေ့ ရှိချက် များအပေါ် အခြေခံကာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ လိုအပ်တဲ့ ဥပဒေပြုရေးရာ လုပ်ငန်း လုပ်ဆောင်နိုင် ဖို့အတွက် ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။” 

ဟုပါရှိပါသည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရေးမှာ အရေးပါသော မိန့်ခွန်းပြောကြားချက်ဖြစ်ပါသည်။ 

ထို့အပြင် နိုင်ငံတော်သမ္မတကြီးက (၆-၄-၂၀၁၁) ရက်နေ့တွင်- 

“စနစ်တစ်ခုပြောင်းလဲခဲ့ပြီးဖြစ်တယ်။ ပြောင်းလဲတဲ့ခေတ်စနစ်နှင့်အညီ အတွေးအခေါ်တွေ၊ လုပ်နည်းလုပ် ဟန်တွေ လည်း ပြောင်းရမယ်။” (၁-၁၀-၂၀၁၂၊ ကြေးမုံ) ဟု မိန့်ကြားခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုရန်-----

ရခိုင်ပြည်နယ်မှ မူဆလင်များအရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော်အ တွင်းမေးခွန်း များရှင်း လင်းဖြေကြားချက်အပေါ်သုံးသပ်ချက်။






Comment ရေးရန်

Rohingya Exodus