နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့၏အီးဒ်နေ့အခြေအနေ


သြဂုတ် (၂၀) ရက်၊ မောင်းတော။ ။ မောင်းတောမြို့ဒေသခံရိုဟင်ဂျာမွတ်စလင်များသည် ယနေ့ အီးဒ်နေ့ တွင် တနေလုံး အိမ်တွင်းတွင်သာနေထိုင်ကြပြီး၊ မည်သူမျှအပြင်သို့ထွက်ခြင်းမရှိကြောင်း ဘင်္ဂ လားဒေ့ရှ် -မြန်မာ နယ်စပ်အခြေစိုက် ကုလားတန်သတင်းဌာနသို့ ဒေသခံတစ်ဦးမှပြော ကြားကြောင်း ယနေ့ ထုတ် ကုလားတန်သတင်းတွင်ရေးသားဖော်ပြထား သည်။ 

“တစ်နိုင်ငံလုံးမှာ အီးဒ်နေ့ကျင်းပပြီးပျော်ရွှင်နေပေမယ့်လည်း မောင်းတောမြို့ မှာတော့အီးဒ်န မားဇ် မဖတ် ခဲ့ဘူး။အာဏာပိုင် အဖွဲ့အစည်းက အီးဒ်နမားဇ်ဖတ်ဖို့ ခွင့်ပြုချက်ပေးခဲ့ပေမယ့် ဖတ်ဖို့ သဘောမတူခဲ့ဘူး။ အဲဒါက ဘာကြောင့်လဲဆိုတော့ အာဏာပိုင်တွေကနေ့စဉ် နမားဇ်ငါးကြိမ်ဖတ်ခွင့်ကို ကန့်သတ်ထားလို့ပါ။ ရိုဟင်ဂျာမွတ်စလင်တွေအားလုံးက နမားဇ်ငါးကြိမ် ဖတ်ခွင့်ရချင်တယ်။ အာဏာပိုင်တွေ က နေ့လည် ဇဟိုရ်နဲ့ အစွာရ်အချိန်တွေကိုသုံးရက်ဖတ်ဖို့ခွင့်ပြုခဲ့တယ်။ လက်မခံခဲ့ဘူး။ ဇွန်လကတည်းက အိမ်မှာပဲ ၀တ်ပြုနေ ခဲ့တာဘဲ။ အခုလည်းဒီသုံးရက်ကိုအိမ်မှာဖတ်လို့ရတယ်။” 

“ကျွန်တော်တို့ ဒီနေ့အီးဒ်နမားဇ်ကိုအိမ်မှာဘဲဖတ်ခဲ့တယ်။ ဘယ်သူ့မှအိမ်ထဲကနေအိမ်ပြင်ကိုမထွက်ဘူး။ ကလေးငယ်လေး တွေတောင်မထွက်ဘူး။ မောင်းတောမြို့က ကန္တာရလို့ဘဲ။” ဟုဒေသခံရိုဟင်ဂျာ တစ်ဦး မှကုလား တန်သတင်းဌာနသို့ပြော ကြားခဲ့သည်။ 

မောင်းတောမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်းကျပ်စွာချထားပြီး၊ နေရာအနှံ့တွင်လုံခြုံရေး တပ်ဖွဲ့ဝင် များကို သတိအနေ အထားဖြင့်တွေ့မြင်နေရကြောင်း မောင်းတောမြို့ရွာ တစ်ရွာမှရွာသား တစ်ဦး မှပြောကြား ခဲ့သည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှမြို့မကရင်တန်းရွာတွင်ရွာသားများကိုယနေ့ညနေပိုင်းတွင်အီးဒ်နမားဇ်ဖတ်ပြီးကြောင်းအတင်းအဓမ္မလက်မှတ်ထိုးခိုင်းနေကြောင်းလည်းကုလားတန်သတင်းဌာန၏သတင်းတွင်ဖော်ပြထားသည်။ ထို့အပြင်အလယ်သံကျော်၊ ဈေးကုန်းတန်းကျေးရွာမှမိသားစု (၈) စုကိုအတင်းအဓမ္မဗလီသို့သွားစေ၍ အီးဒ်နမားဇ်ဝတ်ပြုခိုင်းပြီး အာဏာပိုင်များမှ မှတ်တမ်းတင်ခဲ့ကြောင်းသိရသည်။ ထိုအီးဒ်နမားဇ်ဝတ်ပြုပွဲတွင် လူကြီး၊လူငယ် (၂၁) ဦးဝတ်ပြုခဲ့ကြောင်း အလယ်သံကျော် မှရွာသားတစ်ဦးမှသတင်းပေးပို့ခဲ့သည်။ 

မြန်မာနိုင်ငံအစိုးရအနေဖြင့်နိုင်ငံတကာအသိုင်းအ၀ိုင်းကိုဘာသာရေးနှင့်ပတ်သက်၍လွတ်လပ်ခွင့်ပေးထားကြောင်းကိုပြသချင်၍သာအီးဒ်နမားဇ်ဝတ်ပြုရန်ခွင့်ပြုခဲ့သော်လည်း၊ မောင်းတောမြို့အနှံ့ရှိဗလီ များတွင်နေ့စဉ် ငါးကြိမ်ဝတ်ပြုခွင့်ကိုဇွန်လ (၈) ရက်နေ့မှစ၍ပိတ်ပင်ထားခဲ့သည်။ 


RB News Desk

Comment ရေးရန်

Rohingya Exodus