နောက်ဆုံးသတင်း/ဆောင်းပါးများ

တိမ်မြှုပ်နေသော ရခိုင်ပြည်နယ်မှ သက်ဆိုင်ရာ အာဏာပိုင်များ၏ လူသတ်မှု၊ မုဒိန်းကျင့်မှု၊ သတ်ဖြတ်လုယက်၊ ငွေညှစ်မှု သတင်းများ


မဟာမင်းခန့်
RB News
25.8.2012

လူမသိသူမသိ တိမ်မြှုပ်နေသော ရခိုင်ပြည်နယ်မှ သက်ဆိုင်ရာအာဏာပိုင်များ၏ လူသတ်မှု၊ မုဒိန်းကျင့်မှု၊ သတ်ဖြတ်လုယက်၊ ငွေညှစ်မှု သတင်းများ

ရသေ့တောင်၊

 သြဂုတ် (၂၅) ရက် ။ ။ ၂၀၁၂ ခုနှစ် ဇွန်နှင့်ဇူလိုင်လများတွင် အရေးအခင်းဖြစ်ပွားစဉ် ရိုဟင်ဂျာများ တစ်မြို့မှ တစ်မြို့သို့ ၊ တစ်ရွာမှတစ်ရွာသို့ ကူးလူးဆက်ဆံရန် အလွန်ခက်ခဲနေခဲ့သည်။ နိုင်ငံတော်မှထုတ်ပြန်ထားသော ပုဒ်မ (၁၄၄) နှင့် ရခိုင်အစွန်းရောက်အကြမ်းဖက်သမားများ၏အန္တရာယ်ကို အမြဲသတိထားနေခဲ့ရသည်။ ယခုတလော တစ်ရွာမှ တစ်ရွာသို့၊ တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ မဟုတ်သော်လည်း သတိရှိစွာနှင့် ခက်ခဲစွာသွားလာနိုင်သည်ဟု သိရသည်။ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရသေ့တောင်မြို့ နယ် သပြေတောကျေးရွာ၊ ဖက်လိပ်ကျေးရွာအုပ်စု (ဒေသအခေါ်ဇိုးဖရာန်ကျေးရွာ)နေ မနူရ်ဘေဂေါမ် (ဘ) ဦးအမိရ်ဟူ ဆောင်း အသက် (၁၉) နှစ်သည် အမျိုးသားဖြစ်သူနှင့်အတူ ဇိုးဖရာန်ကျေးရွာမှ ဖရိန်တောင်ကျေး၇ွာသို့အသွား ချောင်း ငယ်တစ်ခုကို ဖြတ်ကူးအပြီး၊ သေနတ်ကိုင် ရခိုင်အစွန်းရောက်အကြမ်းဖက်သမား ၅ ယောက်ခန့်က ၄င်းအမျိုးသမီးအား ယောက်ျားထံမှ လုယူပြီး၊ အဓမ္မပြုကျင့်ခဲ့သည်။ သူမ၏အမျိုးသားအား အပင်တစ်ပင်တွင် ချုပ်နှောင်ထားခဲ့ပြီး၊ အဆိုပါ မနူရ် ဘေဂေါမ်အားသားမယားပြုကျင့်အပြီးရက်စက်စွာအစိတ်စိတ်အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ အဆို ပါအခင်းဖြစ်ပွားမှုအား ဇိုဖရန်ကျေးရွသားများက သက်ဆိုင်ရာ နစက စခန်းအမှတ် (၂၂) နှင့် စေတီပြင်ရဲစခန်းကို အ ကြောင်းကြားတိုင်ကြားခဲ့ပြီး၊ ၎င်းရွာတွင်ပင် မနူရ်ဘေဂေါမ်အားမြေမြှုပ်ခဲ့သည်။ ၄င်းတို့၏ အိမ်ထောင်သက်တမ်းမှာ (၃)လ သာရှိခဲ့ကြောင်း၊ နစကစခန်း (၂၂)မှ အဆိုပါတိုင်ကြားချက်ကို ပြောင်းပြန်လှန်ကာ မနူရ်ဘေဂေါမ်အား ယောက်ျားဖြစ်သူက သတ်ဖြတ်ခဲ့သည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းခဲ့သည်အပြင် တိုင်ကြားသူအဖြစ် ဆောင်ရွက်ခဲ့သော ဇိုဖရန်ရွာသားများထံမှ ငွေအမြောက်အမြား ငွေညှစ်၍ ခြိမ်းခြောက်ကာ ရွာပြန်လွှတ်လိုက်ကြောင်း သိရပါသည်။ 

နစကစခန်း (၂၂) နှင့် ရသေ့တောင်မြို့နယ် ရဲစခန်းတို့သည် ဒေသခံရိုဟင်ဂျာများအားအကြောင်းအမျိုးမျိုးပြကာ ရက်စက်စွာ နှိပ်စက်နေကြောင်း၊ ၁၀၊ ၇၊ ၂၀၁၂ မှ ၁၅၊ ၇၊ ၂၀၁၂ ရက်နေ့အထိ ဖရိန်တောင်ကျေးရွာမှ ရိုဟင်ဂျာ၂၂ ဦးကို ပြင်းပြင်းထန်ထန် မတရားနှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ ၁၄၊ ၇၊ ၂၀၁၂ ၇က်နေ့မှ ၁၇၊ ၇၊ ၂၀၁၂ ရက်နေ့စပ်ကြားတွင် အောက်နန်းရာ ကျေးရွာမှ ရိုဟင်ဂျာ ၂၃ ဦးကိုလည်းကောင်း၊ ၄င်းကျေးရွာ ရယက ဥက္ကဋ္ဌနှင့် ၁၂ နှစ်အရွယ်ရှိ ၎င်း၏က လေးအား မတရားရိုက်နှက်ခဲ့ကြောင်း၊ ၁၃၊ ၈၊ ၂၀၁၂ ရက်နေ့တွင် အဒူရွာ၊ ပေါက်ပြင်ရင်းကျေးရွာအုပ်စုမှ ရိုဟင်ဂျာ ၅ ဦးအား သက်ဆိုင်ရာ အာဏာပိုင်များမှ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သဖြင့် တစ်ဦးသည် ဆေးဝါးကုသမှု မခံယူနိုင်သဖြင့် သေလုနီးပါးဖြစ်နေကြောင်း၊ ယခုအချိန်ထိ အသက်ရှင်ရက် ရှိ၊ မရှိ မသိနိုင်သေးကြောင်း၊ စေတီပြင်ကျေးရွာမှ ရိုဟင်ဂျာ ၅ ဦးကိုလည်း နှိပ်စက်ညှင်းပမ်းခဲ့ရာ ၂ ဦးမှာ ပြင်းထန်စွာ ဒါဏ်ရာရသဖြင့် ဆေးဝါးမကုသနိုင်ပါက သေဆုံးနိုင်ကြောင်း၊ ၁၃၊ ၈၊ ၂၀၁၂ မှ ၂၀၊ ၈၊ ၂၀၁၂ ရက်နေ့အထိ သပြေတောကျေးရွာမှ ရိုဟင်ဂျာ ၆ ဦးကို သက်ဆိုင်ရာမှ ညှင်းပမ်းနှိပ်စက်ခဲ့သဖြင့် ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ အခြားဖမ်းဆီးခံများအားမတရားငွေညှစ် (တစ်ဦးလျှင် ငွေ ၆ သိန်းခန့်စီ)ယူ၍ လွှတ်ပေးလိုက်ကြောင်း၊ သိန်တောင်ကျေးရွာအုပ်စု၊ သိန်းဂနက်ကျေးရွာမှ ရိုဟင်ဂျာ ၃ ဦးမှာလည်း ပြင်းပြင်းထန်ထန် လူမဆန်စွာ ရိုက်နှက်ခံခဲ့ရပြီး၊ တစ်ဦးလျှင်ညှစ်ငွေအဖြစ် ၂ သိန်းခွဲခန့်စီပေးခဲ့ရကြောင်း၊ သာတောကျေးရွာအုပ်စု သိန် တောင်ကျေးရွာမှလည်း ရိုဟင်ဂျာ ၂ ဦးကို ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ အခြေအနေ ဆိုးဝါးလျှက်ရှိနေသည်။ ဤကဲ့သို့သော မတရားမှု၊ အဓမ္မမှု၊ လူမဆန်စွာနှိပ်စက်ကလူပြုမှု၊ လူသတ် ငွေညှစ်မှုများကို ဦးဆောင်နေသူမှာ ဗိုလ်ကြီး အောင်မျိုးဦး(ခ) ကျားလက်ဝါး၊ တပ်ရင်း(Regiment) ၅၃၆ မှ ဖြစ်ကြောင်းဒေသခံများမှ သတင်းရရှိပါသည်။ 


ရသေ့တောင်မြို့နယ်သို့ သက်ဆိုင်ရာမှ ထောက်ပံ့ရေးရိက္ခာများရောက်ရှိနေကြောင်း၊ ၄င်းတို့မှာ စိန်ကုံးတိုင်ရွာအ တွက် ဆန်အိတ် (၅၀)အိတ်၊ သဇင်မြိုင်ရွာအတွက် ဆန်အိတ် (၃၀)အိတ်၊ ပိတောက်မြိုင်ရွာအတွက် ဆန်အိတ် (၂၀) အိတ်၊ အထက်နန်းရွာအတွက် ဆန်အိတ် (၉၉) အိတ်၊ အောက်နန်းရွာအတွက် ဆန်အိတ် (၅၀)အိတ်၊ ဆင်အိုးရွာအတွက် ဆန်အိတ် (၃၀) အိတ်၊ နေဗီဓါတ်ရွာအတွက် ဆန်အိတ် (၂၀)အိတ်၊ ညောင်ပင်လှရွာအတွက် ဆန်အိတ် (၃၀) အိတ် အသီးသီးဖြစ်ပြီး၊ စုစုပေါင်းဆန်အိတ် (၄၀၀)အိတ် ပို့ပေးသော်လည်း၊ ၃၉၉ အိတ်သာ ရွာသားများထံရောက်ရှိခဲ့ကြောင်း၊ ၁ အိတ်မှာ ပျောက်ဆုံးနေကြောင်း၊ အ၀တ်အထည်ထောက်ပံ့ရေးမှ ၎င်းဒုက္ခရောက်သော ကျေးရွာများသို့ အ၀တ်အထည် ကောင်းအသစ်များ ပို့ခဲ့သော်လည်း၊ ရသေ့တောင်မြို့နယ်ထောက်ပံ့ရေး အစီအစဉ်မှ ပလပ်စတစ်အဟောင်းနှင့် အ၀တ် စုတ်များဖြင့် အစားထိုး ဖြန့်ဝေပေးခဲ့ကြောင်း၊ ၎င်းပစ္စည်းများကို မီးလောင်ခံရသော ရွာသားများအား ဦးဒိလ်မာမတ် (ခ) မောင်ဖိုးလှမှ ဦးဆောင်ဖြန့်ဝေခဲ့ကြောင်း၊ ဗိုလ်ကြီးအောင်မျိုးဦး (ကျားလက်ဝါး) ဦးဆောင်သော တပ်မတော်စစ်သားများ သည် သမီးလှ (အာဂါထောင်) ကျေးရွာမှ ရွာရှိ CDMA ဖုန်းများကို သိမ်းယူခဲ့ကြောင်း၊ ချိန်ခါလီကျေးရွာမှ ရိုဟင်ဂျာ (၂၂) ဦးကို စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သတင်းအစအန မရိုကြောင်း၊ သို့ရာတွင် ပတ်ဝန်းကျင်ရွာများမှ ရွာသားများက ၁၃၊ ၆၊ ၂၀၁၂ နေ့နှင့် ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့များတွင် ကျောက်ပန်းတို စခန်း (ချီတာပူရီကာ) တောင်ခြေ နားတွင် လူသေအလောင်းမြောက်မြားစွာကို တွေ့ရှိခဲ့ရကြောင်း၊ စသည်ဖြင့် ဒေသခံများမှ သတင်းရရှိပါသည်။ 


မောင်တောမြို့သတင်း 


အလယ်သံကျော်ကျေးရွာမှ မောင်တော ညောင်ချောင်းတစ်ဝိုက်ရှိ ကားလမ်းနှစ်ဘက်ရှိ ရွာများမှ ရိုဟင်ဂျာအ ယောက် ၅၀၀၀ ခန့်အား နစက၊ ပုလိပ်နှင့် ရခိုင်အကြမ်းဖက်သမားတို့ပူးပေါင်း၍ ထရပ်ကား (၁၀)စီး၊ အလုံပိတ်ကား (၃)စီးတို့ဖြင့် အခင်းဖြစ်ပွားစဉ်က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယခုအချိန်အထိ မည်သည့်သတင်းအစ အနမျှ မသိရှိရသေးသဖြင့် မတရားသဖြင့် သတ်ဖြတ်ခံရမည်ကို မိသားစုများမှ စိတ်ပူပန်နေကြောင်း၊ ဖမ်းဆီးခံများထဲတွင် အ သက် (၇)နှစ်မှ အသက် (၁၃)နှစ်အထိ လူမမယ်ကလေးများလည်း ပါဝင်ကြောင်း၊ ၄င်းကလေးငယ်များသည် ဘူးသီး တောင်ထောင်ထဲတွင် အချို့ရှိနေကြောင်း၊ ကလေးတစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀၀၀ိ/- ငါးသိန်းပေးလျှင် လွှတ်ပေးလိုက် မည်ဖြစ်ကြောင်း၊ မောင်တောမြို့မှ ၆၇၈ ဦး ဖမ်းဆီးထားပြီး၊ ဘူးသီးတောင် ထောင်ထဲတွင် ၃၀၀ ဦးခန့်ရှိနေကြောင်း၊ အခြားပျောက်ဆုံးနေသော လူများအား သတ်ဖြတ်လိုက်သည်ဟု ယူဆရကြောင်း၊ လူသေအလောင်းတစ်လောင်းကို ထောင်အာဏာပိုင်များက ၃ ပိုင်းပိုင်းပြီး၊ ထောင်ပိုင်များက မိသားစုများအား အကြောင်းမကြားပဲ သူတို့သဘောဖြင့် သူတို့ မြှုပ်နှံကြကြောင်း၊ ဘူးသီးတောင် ထောင်အနောက်နှင့် မြောက်ဘက်ရှိ ဒေသအခေါ် (ဟိုဆူဘိုနြာ) နေရာတွင် လူသေအ လောင်းမြောက်မြားစွာ စုပုံမြှုပ်နှံထားကြောင်း၊ ထောင်ထဲတွင် ရိုဟင်ဂျာများအား သတ်ဖြတ် ခုတ်ထစ်ရန်အတွက် ထောင် ကျခံနေသော ရခိုင်လူမျိုး ၂၂ ဦးနှင့် စုပေါင်းသတ်ဖြတ်၍ အဆိုပါနေရာတွင် ညအချိန်၌ တိတ်တဆိတ် မြှုပ်နှံကြကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရိုဟင်ဂျာများသည် နေ့စဉ်ရက်စက် ရိုက်နှက်ခံနေရကြောင်း၊ ညအချိန်တွင် ၂ နာရီထက်ပို၍ အိပ်စက် ၍မရကြောင်း၊ ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဂျူကာ(ခ) အမိရ်ဟူဆောင် (ဘ) ဦးရှုနာလီသည် ထောင်မှူး နှင့်ဝန်ထမ်းများ၏ ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့် ခါးရိုးချိုးသွားသောဒါဏ်ရာရနေကြောင်း၊ ဤကဲ့သို့ လူမဆန်စွာ နှိပ်စက်ရိုက်နှက်၊ အရှင်လတ်လတ် အပိုင်းပိုင်းသတ်ဖြတ် ခုတ်ထစ်မှုနှင့် ညအချိန် လူသူမသိအောင် မြေမြှုပ်နေခြင်းစသည့် လူမဆန်သည့် လုပ်ရပ်များကို ဦးဆောင်ပြီး ကျူးလွန်ကိုင်တွယ်ဆောင်ရွက်နေသူမှာ ဘူးသီးတောင် ထောင်ပိုင်ကြီး ဗိုလ်မှူး တင်မောင်ဝင်း ဖြစ်ကြောင်း ထောင်ကျရက်သက်တမ်းစေ့၍ ထောင်မှ ထွက်လာသူများထံမှ သတင်းအရ သိရှိရပါသည်။ 


ဘူးသီးတောင်မြို့သတင်း


ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက်ရှိ ဒဗြုချောင်း၊ သရက်ကင်းမနု၊ ကွန်တိုင်နှင့် အာဒိမ်မားကျေးရွာများမှ ရွာသူရွာသားများကို ဇွန်လနှင့် သြဂုတ်လ(ဥပုသ်)လများတွင် ဒဗြုချောင် ကျေးရွာရှိ စစ်တပ်မှ ဦးဆောင်၍ သရက်ကင်းမနု တောင်ခြေတစ်ဝိုက်တွင် ရာဘာခြံပြုလုပ်ရန်အတွက် ပေါင်းပင်၊ မြက်ပင်၊ ချုံပုတ်ချုံနွယ်များကို ရှင်းလင်းစေခဲ့သည်။ ရှင်း လင်းပြီး၍ ရာဘာခြံစိုက်ပျိုးရန် အသင့်ဖြစ်နေချိန်တွင် အများပြည်သူတို့၏ စုပေါင်းလုပ်အားကို သက်ဆိုင်ရာမှ အသိအ မှတ်ပြုရန်နှင့် ၄င်းအား မှတ်တမ်းတင်ရန် ဒဗြုချောင်းတပ်ရင်းမှ စီစဉ်ဆောင်ရွက်ခဲ့ရာ၊ တပ်ရင်းမှ အရာရှိတစ်ဦးက တပ် ရင်းမှူးမသိအောင် ကွယ်ရာတွင် တပ်မတော်မိသားစုမှ အမျိုးသမီးများ၊ ကလေးငယ်များအား ကားဖြင့်ခေါ်ဆောင်၍ အဆို ပါတောင်ခြေရင်းတွင် တပ်မတော်မိသားစုမှ လုပ်အားပေးသယောင် မှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့ကြောင်း၊ ရိုဟင်ဂျာတို့၏ လုပ်အားကို အသိအမှတ်မပြုပဲ လိမ်ညာနေခဲ့ကြောင်း စုပေါင်းလုပ်အားပေးခဲ့သော ဒေသခံရိုဟင်ဂျာများ၏ ခံစားချက်များအရ သိရှိရပါသည်။ 

ဤကဲ့သို့ တရားဥပဒေစိုးမိုးမှုကင်းမဲ့စွာ၊ နိုင်ထက်စီးနင်း တရားမဲ့ပြုကျင့်နေမှုများ၊ လူသားများအား ဆိတ်ကွယ် ရာတွင် ထင်ရာစိုင်းသတ်ဖြတ် လုယက်၊ မုဒိန်းကျင့်၊ ငွေညှစ်၊ ဒုက္ခသည်များအတွက်ပေးပို့သောထောက်ပံ့ရိက္ခာများကို က လိမ်ကျနေမှုများအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကော်မီတီမှလည်းကောင်း၊ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှလည်းကောင်း အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် ဒေသခံပြည်သူများဆန္ဒပြင်းပြလျက်ရှိကြောင်းသိရှိသည်။

Comment ရေးရန်

Rohingya Exodus