နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မြို့တွင် ရခိုင်အစွန်းရောက်များ သောင်းကျန်းနေ


RB News
5.8.2012

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယနေ့ သြဂုတ်လ (၆) ရက်နေ့နံနက် ၂ နာရီတွင် ရခိုင် အမျိုးသား ပိုင်ဆိုင်သော ဆန်စက်တစ်လုံးကို အင်အား ၂၀၀ ကျော်ရှိသော ရခိုင်အစွန်းရောက် များရောက် လာပြီး မီးရှို့လိုက်သည်ဟုသတင်းရရှိ ပါသည်။

ဤကဲ့သို့ပြုလုပ်ရခြင်းမှာ ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော ပစ္စည်းများကို အစ္စလာမ်ဘာသာဝင်များက ဖျက်ဆီးသည့် သတင်းများဖန်တီးရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်သည်။

နံနက်(၃)နာရီတွင်အင်အား၃၀၀ ကျော်ရှိသောရခိုင်အစွန်းရောက်များသည်လက်ဆောင်ကောက် ကျေးရွာ ဘက်သို့ ဦးတည်၍ ချီတက်လာနေကြောင်း လက်ဆောင်ကောက်ကျေးရွာသား တစ်ဦးဖြစ် သည့် ဦးမောင် ထွန်းရွှီကဖုန်းဖြင့်အကြောင်း ကြားသည်။

ယခုဖြစ်ပွားနေသောအခြေအနေကိုဒေသခံအစ္စလာမ်ဘာသာဝင်များကအထူးစိုးရိမ်ကြောင့်ကြလျက်ရှိသည်။ယမန်နေ့မွန်းတည့်ပိုင်းမှစ၍ဖြစ်ပွားလာသောအခြေအနေကိုအာဏာပိုင်များကထိန်းသိမ်းခြင်းမရှိကြောင်းသိရသည်။

ရခိုင်အစွန်းရောက်များကကုလားများ၏ဥပုဒ်လတွင်ရခိုင်ပြည်နယ်ရှိမွတ်စလင်များအားလုံးကိုသုတ်သင်ရှင်း လင်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်မွတ်စလင်နိုင်ငံများမှပြောလာလျှင်ထပ်လုပ်ဆောင်မည်ဖြစ် ကြောင်းနှင့် အစ္စလာမ်ဘာသာဝင် မှန်သမျှချေမှုန်းကြဟုအော်ဟစ်ပြီးလက်ဆောင်ကောက်ကျေးရွာဘက်သို့ ချီတက်လာနေကြောင်းသတင်းရရှိ သည်။

ဤသတင်းကိုသြဂုတ်လ (၆) ရက် မြန်မာစံတော်ချိန်နံနက် ၃ နာရီ ၂၇ မိနစ်အချိန်တွင်ရေးသားပေး ပို့သည်။

*******************************************************************
News Update

ကျောက်တော် ရွာသုံးရွာမှာ နေအိမ်တွေ မီးရှို့ခံရ

ရခိုင်ပြည်နယ် တဝှန်းမှာ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်လကျော်လာချိန်မှာ အခုအခါ တခါပြန်ပြီး နေအိမ်တွေ ရာနဲ့ချီ မီးရှို့ခံရတယ်လို့ ဘီဘီစီက စုံစမ်းမှုတွေအရ သိရပါတယ်။ကျောက်တော်မြို့၊ ရွာသုံးရွာမှာ နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဘီဘီစီက စုံစမ်းသိရပြီး၊ တခြား သတင်းတခိျု့မှာတော့ ရိုဟင်ဂျာ မူဆလင် တခိျု့ အသက်ခံရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ရခိုင်ဒေသမှာ အခြေအနေတွေ တည်ငြိမ်နေပြီ ပြောပါတယ်။ သူတို့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရတော့ ရခိုင်နဲ့ ရိုဟင်ဂျာ မူဆလင်တွေကြား ပြီးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်းမှာ လူ ၈၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂကတော့ သူတို့ရရှိထားတဲ့ သက်သေခံ အချက်အလက်တွေထဲမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ရိုဟင်ဂျာ မူဆလင်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

Source: ဘီဘီစီမြန်မာပိုင်း

  1. သတင်းမှန်ဖို့အေ၇းကြီးတယ်၊

Comment ရေးရန်

Rohingya Exodus