နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင်အစ္စလာမ်ဆန့်ကျင်ရေးများလှုံ့ဆော်လျက်ရှိ


RB News
6.8.2012

သြဂုတ် (၆)၊ သံတွဲ

ရခိုင်ပြည်နယ်သံတွဲမြို့တွင်မြပြင်ပရိယတ္တိစာသင်တိုက်မှဦးဆောင်၍အစ္စလာမ်ဘာသာဝင်များအားဆန့်ကျင်ရန်၊ ရခိုင်ပြည်နယ်တွင်းချေမှုန်းပစ်ရန်ဆော်သြလျက်ရှိကြောင်းသတင်းရရှိပါသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် “ရခိုင်ပြည်ကိုကာကွယ်ကြ” ဟုစာတန်းများရေးထိုးထားသောအလံများကို ဖြန့်ဝေလျက်ရှိပြီး မွတ်စလင်များကိုချေမှုန်းမောင်းထုတ်ပစ်ရန်လှုံ့ဆော်လျက်ရှိသည်။ သံတွဲမြို့အတွင်း ရခိုင်အိမ်များအချို့တွင်ထိုအလံကို လွှင့်ထူထားသည်။

အစ္စလာမ်ဘာသာဝင်များကိုစီးပွားရေးပိတ်ဆို့သည့်အနေဖြင့် မွတ်စလင်ဈေးဆိုင်များတွင်ဈေးမ၀ယ်ရန်၊ မွတ်စလင်များကို ဈေးမရောင်းရန်၊ မြို့တွင်း၌လိုက်လံဆော်သြလျက်ရှိပြီး၊ သံတွဲမြို့တောင်ဘက်နယ်မှ လာသောဆိုင်ကယ်များတွင်လည်း ရခိုင်ပြည်ကိုကာကွယ်ကြ ဆိုသည့်စာတန်းများကိုချိတ်ဆွဲထားကြောင်း သံတွဲမြို့ခံများကပြောကြားသည်။

သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက - ကျွန်မတို့တစ်သက်လုံးခင်ခင်မင်မင်နေခဲ့တဲ့အပေါင်းအသင်းတွေတောင် တစ်ယောက်နဲ့ တစ်ယောက်ခပ်တန်းတန်းဖြစ်နေကြရတယ်။ အိမ်နီးနားချင်းအချင်းချင်းတောင်ခေါ်ပြောရ မှာ ခပ်အမ်းအမ်းဖြစ်နေကြတယ်။ ဒါဟာမကောင်းပါဘူး။ ကျွန်မတို့မြို့ရဲ့မြို့ကျက်သရေကိုဆုတ်ယုတ်စေပါ တယ်။ - ဟုပြောကြားသည်။

မကြာသေးခင်ရက်ပိုင်းတွင်အစ္စလာမ်ဆန့်ကျင်ရေးဝါဒဖြန့်ချီရေးစာများလိုက်လံဝေငှနေသောလူငယ်တစ်ချို့ကိုဖမ်းဆီးထားသော်လည်းအရေးယူခြင်းတစ်စုံတစ်ရာမရှိဘဲအာဏာပိုင်များကမသိဟန်ဆောင်နေကြောင်းသိရသည်။ 

သံတွဲမြို့တောင်ပိုင်းတွင် ရခိုင်လူမျိုးအစ္စလာမ်ဘာသာဝင်လူနည်းစုရွာလေးများရှိပြီးထိုရွာသူရွာ သားများအား အလွန်တရာ ကြောက်ရွံ့နေကြောင်းသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus