နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒု-သမ္မတခရီးစဉ်နှင့်စစ်တွေမြို့အာဏာပိုင်များခြိမ်းခြောက်မှု


RB News
4.8.2012

နိုင်ငံတော် ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်းသည် ၀န်ကြီးများ၊ ကြည်း၊ရေ၊လေတပ်မှ အရာရှိကြီးများနှင့် အတူ မောင်းတောမြို့အလယ် သံကျော်ကျေးရွာသို့ရဟတ်ယာဉ်များဖြင့် နံနက် (၁၀) နာရီတွင်ရောက် ရှိခဲ့ပြီးနစက၀န်ထမ်းများနှင့်နစကရုံးတွင်တွေ့ဆုံခဲ့သည်။ ထိုမှတဆင့်၁၀နာရီ၄၅မိနစ်တွင် ညောင်ချောင်းကျေး ရွာ သို့သွားရောက်ပြီး နတလကျေးရွာကိုဝင်ရောက်၍ ၁၁ နာရီတွင်မောင်းတောမြို့ အနှံ့ကိုရဟတ် ယာဉ်ပေါ်မှကြည့်ရှူ့၍ မောင်းတောမြို့ဘောလုံးကွင်း၌ ဆင်း သက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ ဒု-သမ္မတ ၏မောင်းတော မြို့ခရီးစဉ်အတွင်းတွေ့ ဆုံဆွေးနွေး မှုနှင့် ပတ်သက် ၍ သတင်းတစုံ တရာ မရှိသေးပါ။ 

ဦးစိုင်းမောက်ခမ်း၏ရခိုင်ပြည်နယ်တွင်နှစ်ရက်ကြာလှည့်လည်မည်ဖြစ်ပြီး စစ်တွေမြို့ရှိဒုက္ခသည် စခန်း များနှင့်ကျောက်ဖြူမြို့  သို့လည်း သွားရောက်မည်ဟုသိရသည်။ 

စစ်တွေမြို့ဘောဒူဘဒုက္ခသည် စခန်းသို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်ကွန် တားနားလာရောက်သည့်အချိန်တွင် အာဏာပိုင်များရှိနေသည့်ကြားတွင်ပင် ရဲရင့်စွာအဖြစ် မှန်ကိုပြောဆို၍ဆိုင်းဘုတ်များကို လည်းကိုင်ဆောင်ပြသခဲ့ကြောင်းသတင်းရရှိပါသည်။ ထို့ကြောင့် ယမန်နေ့ (သြဂုတ်လ ၂ ရက်) ကအာဏာပိုင်များ ဘောဒူဘစခန်းသို့လာရောက်ပြီးဒု-သမ္မတ လာ လျှင် မည်သူမှ တိုက်ရိုက်မပြောရန်၊ ဆိုင်းဘုတ်များမကိုင်ဆောင်ရန်၊ အစိုးရအဖွဲ့မှ တာဝန်ပေးအပ် ထားသော စခန်းတာဝန်ခံ များကသာပြောဆိုရန်မှာ ကြားပြီး၊ ခေါက်ဆွဲထုတ် များပေးသွား ခဲ့ကြောင်းသိ ရသည်။ အာဏာပိုင်များက ဒု-သမ္မတလာလျှင်ထိုခေါက်ဆွဲထုတ်များကိုထုတ်ပြရန်နှင့် အကယ်၍မှာကြား သည့်လိုက်နာ ရန်ပျက်ကွက်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဘောဒူဘဒုက္ခ သည်စခန်း မှ အမည်မဖော် လိုသူတစ် ဦးကသ တင်းပေးပို့ပါသည်။ 

Comment ရေးရန်

Rohingya Exodus