နောက်ဆုံးသတင်း/ဆောင်းပါးများ

စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက်၍ ရိုဟင်ဂျာလူမျိုးများ၏ ကန့်ကွက်လွှာ


သို့

His Excellency Mr. Ban ki-moon 
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် 
နေ့စွဲ့၊    ၊၁၈၊ ၈၊ ၂၀၁၂။ 

အကြောင်းအရာ ။     ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက်၍ ရိုဟင်ဂျာလူမျိုးများ၏ကန့်ကွက်လွှာ။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ် ၅၈/၂၀၁၂ အရ (၁၇. ၈. ၂၀၁၂) ရက်နေ့တွင် ဖွဲ့စည်းပေး သော ရခိုင်အရေးအခင်းအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အား တာဝန်ပေးခြင်းကို မျှ တသည်ဟုမယူဆသောကြောင့် ကျွန်တော်များရိုဟင်ဂျာပြည်သူများက လက်မခံနိုင်ကြောင်းနှင့် နိုင်ငံတ ကာ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကိုသာ တောင်းဆိုပါကြောင်း၊ အကြောင်းရင်းမှာ ၄င်းကော်မရှင် တွင် ဘာသာပေါင်းစုံအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တစ်ချို့နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ရခိုင်လူမျိုးများကို ကိုယ်စားပြုသည့် ရခိုင်ပြည်နယ် ဒေသဆိုင်ရာ နိုင်ငံရေးပါတီများ၊ ပြင်ပနိုင်ငံရေး လှုပ်ရှားသူများ ပါဝင် ထားသော်လည်း ရခိုင်ပြည်နယ်အရေးအခင်းတွင် တစ်ဖက်သတ်ခံစားခဲ့ရသော ဒေသခံရိုဟင်ဂျာလူမျိုးများ အားကိုယ်စားပြုသည့် ဒေသခံပြည်သူများနှင့် နိုင်ငံရေးပါတီသော်လည်းကောင်း၊ ယခုလက်ရှိ ကြံ့ခိုင်ရေးပါ တီကို ကိုယ်စားပြုသော၊ ဒေသခံရိုဟင်ဂျာများ၏အရေးကို ထဲထဲဝင်ဝင် ကျွမ်းကျင်နားလည်သော ရိုဟင်ဂျာ ကိုယ်စားလှယ်များ ဤကော်မရှင်တွင် နိုင်ငံတော်သမ္မတက ထည့်သွင်းမထားသောကြောင့် ဖြစ်ပါသည်။ 

ရခိုင်အရေးအခင်းသည် မြန်မာနိုင်ငံတော်၏ အာဏာပိုင်များနှင့် နိုင်ငံရေးပါတီများက အဓိပ္ပါယ်ဖွင့် ဆိုသကဲ့သို့ Communal Crisis မဟုတ်ပဲ ရိုဟင်ဂျာလူမျိုးတုံးရေးနှင့် အစ္စလာမ်ဘာသာကို မှေးမိန်စေရန် စနစ်တကျ ကြိုတင်စီစဉ်ဆောင်ရွက်သော Violence တစ်ခုဖြစ်ပါသည်။ ထို Violence တွင် ဌါနဆိုင်ရာ ၀န်ကြီးများ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်အမျိုး သား နိုင်ငံရေးပါတီများ၊ ရခိုင်အမျိုးသားအဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများ၊ ရခိုင်အမျိုးသား တ ရားမ၀င်လက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်မြေတွင် တာဝန်ရှိလုံခြုံရေးဝန်ထမ်းများ စသည်တို့သည် ဤ ပဋိပက္ခတွင် ထဲထဲဝင်ဝင်ပတ်သက်နေပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတ၏ တစ်ဘက်သတ်ကျသော စွပ်စွဲမှုနှင့် Solution way သည် violence ဖြစ်နေချိန်တွင် ရိုဟင်ဂျာလူမျိုးများအပေါ်တွင် ပိုမိုပြင်းထန် သော အကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့ပါသည်။ ဤပြဿနာသည် ရခိုင်ပြည်နယ်တစ်ခုလုံးရှိ မြို့အသီး သီးတွင် ရှေ့ဆင့်နောက်ဆင့်ဖြစ်ပေါ်ခဲ့ပြီး၊ ယ္ခုလည်းဖြစ်နေပါသည်။ ပြဿနာတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်လျှင် ရိုဟင်ဂျာလူမျိုးများသည် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ခုခံပိုင်ခွင့် အခွင့်အရေးအ နည်းငယ်ကိုသာရရှိသည်။ ရခိုင်လူမျိုးများသည် ဘက်ပေါင်းစုံမှ အကူအညီရယူလျှက် ပြင်းပြင်းထန်ထန် ဦးဆောင်တိုက် ခိုက်နိုင်ခဲ့သည်။ ယ္ခုလည်း နည်းမျိုးစုံဖြင့် မြို့နယ်အသီးသီးတွင် မဟာဗျူဟာပြောင်း၍ စစ် ဆင်ရေးကို ဆောင်ရွက်လျှက်ရှိပါသည်။ 

သို့ဖြစ်ပါ၍ ရိုဟင်ဂျာလူမျိုးများအပေါ် ရခိုင်အကြမ်းဖက်သမားများက တရားလက်လွတ်သတ်ဖြတ် နှိပ်စက်နေခြင်းများကို ခြွင်းချက်မရှိ အမြန်ဆုံး ရပ်ဆိုင်းရန် ဦးစွာပထမလုပ်ရမည့် တာဝန်ဖြစ်ပါသည်။ ဒုက္ခပင်လယ်ဝေနေသော မြို့နယ်အသီးသီးရှိ ရိုဟင်ဂျာလူမျိုးများကို အရေးပေါ်အကူအညီများ အမြန်ဆုံး လက်ရောက် ပို့ပေးရမည့်တာဝန်သည် ဒုတိယဖြစ်ပါသည်။ ၄င်းနှင့်အတူ ရိုဟင်ဂျာမူဆလင်များအား အား ရစေမည့် ကျေနပ်နှစ်သိမ့်မှုများကိုလည်း နိုင်ငံတော်ထိပ်ပိုင်းတာဝန်ရှိပုဂ္ဂိုလ်များက ဆောင်ရွက် ပေးရမည်။ ဤဆိုးရွားလှသော လူမျိုးတုံးပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအားလုံးကို လူတန်းစားအလွှာမခွဲခြားပဲ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးဖြင့် ဆောင်ရွက်ရန် တတိယအဆင့်အနေဖြင့် လုပ်ဆောင်ရပါမည်။ ဤသို့လုပ်ဆောင်နိုင်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးသော ကော်မရှင်က မည်သို့မျှ ဆောင်ရွက်နိုင် မည်မဟုတ်ပါ။ ထိုကော်မရှင်ထဲတွင် Crisis နှင့် ဆက်သွယ်သော ပုဂ္ဂိုလ်များပါဝင်နေသည့်အပြင် ကော် မရှင်တစ်ခုလုံးသည် နိုင်ငံတော်၏ အာဏာစက်အောက်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကို မည် သို့မျှ ဆောင်ရွက်နိုင်ခွင့် ရှိမည်မဟုတ်ပါ။ 

ကော်မရှင်၏ခေါင်းစဉ်တွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ ဟူသည့်စကားလုံးကို သုံးနှုန်း ထားသော်လည်း ပြဿနာ၏ ရှေ့နောက်ကို သုံးသပ်ကြည့်လျှင် လွတ်လပ်မှုဟူသော စကားလုံးနှင့် လား လားမျှ ဆန့်ကျင်နေကြောင်း တွေ့ရပါသည်။ လုပ်သင့်လုပ်ထိုက်သော အရေးယူဆောင်ရွက်မှုများကို အ ချိန်မီ ထိထိမိမိ မဆောင်ရွက်ပဲ မိမိလိုရာဖက်ကိုသာ ရောက်အောင် အချိန်ဆွဲ ဆောင်ရွက်နေခြင်းများမှာ ကြီးမားသော ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ 

သို့ဖြစ်ပါ၍ နိုင်ငံတကာမှ လွတ်လပ်သော၊ ကျွမ်းကျင်သော အဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ပြုလုပ်ဆောင်ရွက်ရန်မှာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက ဖွဲ့စည်း ပေးသော ကော်မရှင်သည် လွတ်လပ်မှုမရှိနိုင်သည့်အပြင် ပြဿနာနှင့် ဆက်နွယ်ပတ်သက်နေသူများ လည်း ပါဝင်နေသဖြင့် လုံးဝအယုံအကြည်မရှိပါကြောင်း ထပ်လောင်းကန့်ကွက် တင်ပြအပ်ပါသည်။ 

ဒေါက်တာ မျိုးဝင်း (ခ) အီစ်ဟာက်

Comment ရေးရန်

Rohingya Exodus