နောက်ဆုံးသတင်း/ဆောင်းပါးများ

ရမည်းသင်းတွင် မွတ်စလင်မ် အိမ်အချို့ အကြမ်းဘက် ဖျက်ဆီး မီးရှို့ခံရ

ယမန့်နေ့ညပိုင်း (အောက်တိုဘာ၊ ၁၃ ) တွင် ကျောက်တိုက်စု ရပ်ကွက်ရှိ မွတ်စလင်မ် အမျိုး သမီး ရှေ့နေ ဒေါ်ခိုင်မော် ပိုင်ဆိုင်တဲ့ အရှေ့ရွာ လက်ဘက်ရည်ဆိုင်ကို ဗုဒ်ဓဘာသာဝင် အကြမ်း ဖက် သမား အချို့ ဝင်ရောက်ဖျက်ဆီးသွားပါတယ်။ ဖျက်ဆီးသွားသူအားလုံးမှာ အရပ်သားများ သာဖြစ်ကြောင်း ၊ဘုန်းကြီးများမပါဝင်ကြောင်း သတင်းရရှိပါတယ်။

အလားတူ ယမန့်နေ့ည (အောက်တိုဘာ၊ ၁၃ ) “စမ်းစမ်း” ဗလီရှေ့မှာ ကွမ်းယာဆိုင်ကို အကြမ်း ဘက် သမားများက မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။ တချိန်ထဲမှာဘဲ စမ်းစမ်း ဗလီရဲ့ အနောက်ဘက်မှာရှိတဲ့ ဗလီ မီးစက် ထားရှိရာ အဆောင်ကို မီးကွင်းပစ်ပြီး မီးရှို့ရန်ကြိုးစားကြပါတယ်။ အချိန်မီ ငြိမ်း သတ် ကာ ကွယ်နိုင် တဲ့အတွက် မီးလောင်မှု့ မဖြစ်ခဲ့ဘူး။

“စံလွတ်” ဘုန်းကြီးကျောင်းအနီးတဝိုက်မှာ၇ှိတယ် မွတ်စလင်မ်အိမ်ခြေ (၆) အိမ်ခန့်ကို အကြမ်း ဘက်သမားများက ခြိမ်းခြောက်ပြီး ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ အကယ်၍ မပြောင်းရွှေ့ဘူးဆိုရင် မီးရှို့မယ်၊ ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်မှု့တွေရှိတဲ့အတွက် အဆိုပါ မွတ်စလင်မ် မိသားစုများ ၄င်းတို့ နေထိုင်သည့် အိမ်များမှ ရွှေ့ပြောင်းလိုက်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ မွတ်စလင်မ်အိမ်များမှ နှစ်ပေါင်းများစွာ ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြသူများဖြစ်ကြောင်း သိရပါတယ်။
MMSY.

Comment ရေးရန်

Rohingya Exodus