နောက်ဆုံးသတင်း/ဆောင်းပါးများ

(၃၀-၁၀-၂၀၁၂)ရက် ကျောက်တော်မြို့အခြေအနေ

ဦးကျော်ကျော်(ကျောက်တော်ဈေးတွင် အထည်ရောင်းသူ၊ ကျောက်တော်မြို့ ဆူပူအကြမ်းဖက်မှု ကို နောက် ကွယ် မှကြိုးကိုင်)သူသည် ယခုအခါ ကျောက်တော်မြို့ရှိ ရခိုင်အိမ်များသို့ တအိမ်တက်၊ တအိမ် ဆင်း၍မူစလင်မ်များအားတိုက်ခိုက်ရန်စည်းရုံးလှုံ့ဆော်နေကြောင်းသိရှိရသည်။၎င်းအပြင် ကျောက် တော်မြို့တွင်စည်းကမ်းထိန်းသိမ်းရေးနှင့်အားပေးကူညီရေးအဖွဲ့ကိုဖွဲ့စည်းပေးထားပြီးဦးဆောင်သောသူများမှာ ပြည် တန်ဆာခေါင်းများဖြစ်သော ဒေါ်အလှမေ(ကမ်းနားလမ်း)၊ ဒေါ်တင်တင်အေး(ရွာမ)၊ ဒေါ်မတင် (သံ ထည် တန်း) တို့ဖြစ်ကြောင်း။ ၎င်းတို့ကို ဦးကျော်ကျော်သည် နောက်ကွယ်မှ ကြိုးကိုင် ထားကြောင်း သိရှိရသည်။

ယခုအခါ ၎င်းပြည်တန်ဆာခေါင်းဆောင်(၃)ဦးသည် ဦးကျော်ကျော်၏ အမိန့်ဖြင့် မူစလင်မ်များအား မည် သည့် စားနပ်ရိက္ခာမျှ မရောင်းချရန်နှင့် ရောင်းချသော ရခိုင်လူမျိုးများအား အမျိုးသားသစ္စာဖောက်အဖြစ် စွပ်စွဲကာ၊ အခြားရခိုင်လူမျိုးများနှင့် စီးပွားဆက်ဆံရေးကို ဖြတ်တောက်လျှက်ရှိသည်။ ကျောက်တော်မြို့ အာဏာပိုင်များမှလည်း မည်သည့်အရေးယူခြင်းမျှ မရှိသောကြောင့် မူစလင်များသည် စားနပ်ရိက္ခာ ပြတ် လပ်နေသည်မှာ ၅-လ ခန့်ရှိပြီဖြစ်သည်။

RB News Desk.

Comment ရေးရန်

Rohingya Exodus