နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့၊ကျောက်ဖြူမြို့ နောက်ဆုံးရသတင်း။

ဘူးသီးတောင်မြို့သတင်း

ဒီကနေ့၂၄၊ ၁၀၊ ၂၀၁၂ ရက်နေ့ မနက် ၈နာရီခွဲ အချိန်ခန့်တွင် နစက အယောင်ဆောင် တပ်သား ၅ ယောက်ခန့်နှင့် အမှတ် ၄ သပြေကုန်းရပ်ကွက်မှ ဥက္ကဋ္ဌတို့လိုက်ပါလျက် ၄င်းရပ်ကွက်ရှိ မူဆလင်အိမ် ၃-၄ အိမ်ခန့်သို့သွားရောက်ကာ အိမ်ခြံဝင်းသို့ ၀င်ရောက်ခဲ့သည်။ ၄င်းနောက် အိမ်ပတ်ပတ် လည် ကို နောက်ခံပြု၍ ဓါတ်ပုံအသီးသီး ရိုက်ခဲ့သည်ဟု သိရသည်။ ဤလုပ်ရပ်သည် အထက်အမိန့် ညွှန် ကြား ချက်အရ ဟု ဆိုသည်။ ရခိုင်အိမ်ခြံဝင်းထဲသို့လည်း ဤကဲ့သို့လုပ်ရန်ရှိသည်ဟု ၄င်းတို့က ဆိုခဲ့ သည်ဟု ဒေသခံများမှ သိရှိရပါသည်။

၂၁၊ ၁၀၊ ၂၀၁၂ ရက်နေ့တွင် WFP မှ ၀န်ထမ်းများသည် ၄င်းတို့၏ ဂိုဒေါင်မှ ရိက္ခာများကို ထုတ်ရန် ကြိုးပမ်းခဲ့ရာ အမှတ် (၂) ရွာမရပ်ကွက်မှ ကျောင်းထိုင်ဆရာတော်ကြီးက ရိက္ခာမထုတ်ရန်လာရောက် ဟန့်တားပိတ်ပင်ခဲ့သည်ဟုသိရှိရပါသည်။

ကျောက်ဖြူသတင်း

၂၃၊ ၁၀၊ ၂၀၁၂ ရက်နေ့တွင် ကျောက်ဖြူမြို့ပိုက်ဆိပ်ရပ်ကွက်အား ရခိုင်အကြမ်းသမားများက မီးတင်ရှို့ခဲ့ရာ ၄င်းရပ်ကွက်မှ မူဆလင်တို့သည် ငါးဖမ်း စက်လှေ၊ သမ္ဗာန်အသီးသီးဖြင့် စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်လာကြောင်းသိရသည်။ ထွက်ပြေးလာသူများမှ စက်လှေ ၆ စီူးခန့်သည် စစ်တွေ ကမ်းပေါ် သို့ ရောက်နိုင်ခဲ့သော်လည်း စစ်တွေအာဏာပိုင်များမှ ဟန့်တားနေသောကြောင့် ဒုက္ခသည် စက်လှေတစ် ချို့ ရေပြင်ပေါ်တွင် သောင်တင်ကျန်ရစ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

မင်းခန့်
RB News Desk.

Comment ရေးရန်

Rohingya Exodus