နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ကို ဘယ်သူတွေ ၀င်ခဲ့သလဲ



 

ဌေးလွင်ဦး
RB News
9.10.2012

မြန်မာနိုင်ငံကို ဗြိတိသျှ မအုပ်ချုပ်မှီက သန်းခေါင်းစာရင်း အတိအကျကောက်ယူပြီး လူဦးရေ ဘယ်လောက် ရှိတယ် ဆိုတာ ကိန်းဂဏန်း မရှိခဲ့ပါ။ ဗြိတိသျှ အုပ်ချုပ်မှသာ လူဦးရေ သန်းကောင်းစာရင်းကို ပြုစုခဲ့ခြင်း ဖြစ်ပါ တယ်။ ဗြိတိသျှတို့ရဲ့ မှတ်တမ်း- Encyclopaedia Britannica အရ စီစစ်ကြည့်ရအောင်ပါ။

Encyclopaedia Britannica အရ ရခိုင်နယ် လူဦးရေး တိုးပွားလာမှုမှာ- ၁၈၃၁ ခုနှစ်မှာ ၁၇၃၀၀ ယောက်၊ ၁၈၃၉ ခုနှစ်မှာ ၂၄၈၀၀၀ ယောက်၊ ၁၈၇၁ ခုနှစ်မှာ- ၄၆၁၁၃၆ ယောက်၊ ၁၉၀၁ ခုနှစ်မှာ ၇၆၂၁၀၂ ယောက် ဖြစ်လာတယ်။ ဒီလိုနှုန်းနဲ့ တိုးပွားဘို့ရာ- ၁၈၂၆ ခုစ ပထမ ၅ နှစ်အတွင်း နှစ်စဉ် တိုးနှုန်း ၁၁.၅၉ % ဖြစ်ရမယ်၊ ၁၃ နှစ်အတွင်း နှစ်စဉ် ၇.၂၄% ဖြစ်ရမယ်၊ ၄၅ နှစ်အတွင်း နှစ်စဉ် ၃.၄၆% ဖြစ်ရမယ်၊ ၇၅ နှစ် အတွင်း နှစ်စဉ် ၂.၇၄% ဖြစ်ရမယ်။ ဒီလူဦးရေတိုးမှု ရာနှုန်းတွေထဲက ၁၈၃၉ ခုနှစ်အထိ- ပထမ နဲ့ ဒုတိယ တိုးနှုန်း ဖြစ်တဲ့ နှစ်စဉ် ၁၁.၅၉% နဲ့ ၇.၂၄၃% တို့ဟာ သဘာဝ တိုးနှုန်း လုံးဝ မဖြစ်နိုင်ပါ။ ရခိုင်နယ်ရဲ့ အပြင် ဘက်က ၀င်ရောက်လာတဲ့ လူဦးရေတိုးနှုန်းများသာ ဖြစ်ရပါမယ်။ 

၁၈၂၆ ခုနှစ် ရခိုင်ကို အရှေ့အိန္ဒိယ ကုပ္မဏီထဲမှာ ထည့်သွင်းပြီးနောက် ရခိုင်နယ်ထဲမှာ လူဦးရေ ခုန်ပျံတိုးတက်လာတယ် ဆိုတာတော့ မငြင်းနိုင်ပါ။ ဗြိတိသျှ တရားဝင် ရခိုင်ဒေသ- မြို့ပြရေးရာ ထိန်း သိမ်းရေး အရာရှိ မစ္စတာ ပက်တန်က ၁၈၂၆ ခုနှစ်မှာ ရခိုင်ဒေသ လူဦးရေဟာ ရခိုင် ၆၀၀၀၀၊ မွတ်ဆလင် ၃၀၀၀၀ -စုစုပေါင်း တစ်သိန်းထက် မကျော်လွန်ပါ လို့ ရီပို့တ်ပေးခဲ့ပါတယ်။ (၁၈၂၆ ခု မတိုင်မှီက တည်းက ရခိုင်နယ်မှာ မွတ်ဆလင်ဟာ အခြားလူမျိုး ၂ ယောက် မွတ်ဆလင် ၁ ယောက် နှုန်း ရှိခဲ့ပါတယ်။) 


လူဦးရေ ပွားနှုန်း ကောင်းပါတယ်ဆိုတဲ့ မွတ်ဆလင် လူဦးရေက ၁၈၂၆ မတိုင်မှီမှာ လူဦးရေ သုံး သောင်း ရှိပြီး ၁၈၇၁ ခုနှစ်မှာ ခြောက်သောင်းနီးပါး (နှစ်ဆ နီးပါး) တိုးသွားပြီး-၊ လူဦးပွားနှုန်း မကောင်း ပါဘူး ဆိုတဲ့ ရခိုင်ဗုဒ္ဓဘာသာများက ၁၈၂၆ ခုနှစ်မှာ လူဦးရေ ၆၀၀၀၀ (ခြောက်သောင်း)က ၁၈၇၁ နှစ် မှာ လူဦးရေ ၁၇၁၆၁၂ (သုံးဆ နီးပါး) တိုးသွားခဲ့ပါတယ်။ မွတ်ဆလင်တွေလောက်လည်း ကလေး မမွေးနိုင်ဘဲ ဒီလူတွေ ဘယ်လို တိုးသွားခဲ့တာလဲ။ မြေကြီးထဲက ထွက်လာသလား၊ မိုးပေါ်က ကျလာ သလား-- ဆင်ခြင်ဘို့ လိုပါတော့မယ်။

ဗြိတိသျှဟာ ရခိုင်ကို အရှေ့အိန္ဒိယကုပ္မဏီထဲမှာ ထည့်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ လုပ် တော့ အလုပ်သမားတွေ လိုလာခဲ့တယ်။ ဒီအခါ ဘင်္ဂလားနယ်ထဲက အလုပ်သမားတွေကို ရခိုင်ထဲကို ထည့်ခဲ့တယ်။ ဒီလို ထည့်ခဲ့တာမှာ ရခိုင်ဗုဒ္ဓလူဦးရေက အခြားသော လူဦးရေထက် ပိုမိုများပြားခဲ့တယ် လို့ ဂျာကွဗ်လိုင်ဒါ Jacques Leider's ရဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။ အလားတူပဲ ရခိုင် သမိုင်းဆရာများကလည်း ဗမာသတ်လို့ ရခိုင်တွေ အများအပြား သေကြေခဲ့ရပြီး ဗြိတိသျှ အုပ်ချုပ်စဉ် မှာ ရခိုင်မှာ လူမရှိတော့လို့ ဘင်္ဂလားနယ်က ရခိုင်တွေကို ရခိုင်ထဲသို့ ပြန်ခေါ်ခဲ့ရတယ်လို့ ဆိုထားပါ တယ်။ 

ဒီတော့ ရခိုင်ကို ၁၈၂၆ ခုနောက်ပိုင်းမှာ ရခိုင်ဗုဒ္ဓအမည်ခံ ဘင်္ဂလီမောဂ် လူမျိုးများက ၀င်ခဲ့ပါသလား၊ သို့မဟုတ် မွတ်ဆလင်များက ၀င်ခဲ့ပါသလား- ဆင်ခြင်လို့ ရမှာပါ။

ဒီနောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်သေးသလဲ-- ဒါတွေကို စီစစ်နိုင်ဘို့ ရခိုင်နယ်ရဲ့ လူဦးရေ အများဆုံး ကျက်စားရာ ဒေသဖြစ်တဲ့ စစ်တွေခရိုင် မှတ်တမ်းကို ဆင်ခြင်ကြည့်ပါ။- အောက်ပါဇယားမှာ Encyclopaedia Britannica (ဗြိတိနီကာ ဗဟုသတ ဟင်းလေး အိုးကြီး မှတ်တမ်း) စာမျက်နှာ ၈၆ အရ စစ်တွေခရိုင် လူမျိုးနွယ်နှင့် လူဦးရေ ဇယားဖြစ်ပါတယ်။


မျိုးနွယ်
၁၈၇၁
၁၉၀၁
၁၉၁၁
၁၈၇၁%
၁၉၀၁%
၁၉၁၁%
မဟာမေဒင်
၅၈၂၅၅
၁၅၄၈၈၇
၁၇၈၆၄၇
၂၁.၀၅
၃၂.၁၆
၃၃.၇၁
ဗမာ
၄၆၃၂
၃၅၇၅၁
၉၂၁၈၅
၁.၆၇
၇.၄၂
၁၇.၄၀
ရခိုင်
၁၇၁၆၁၂
၂၃၀၆၄၉
၂၀၉၄၃၂
၆၂.၀၂
၄၇.၈၉
၃၉.၅၂
ရှမ်း
၃၃၄
၈၀
၅၉
ဝ.၁၂
ဝ.၀၂
ဝ.၀၁
တောင်တန်းသား
၃၈၅၇၇
၃၅၄၈၉
၃၄၀၂၀
၁၃.၉၄
၇.၃၇
၆.၄၂
အခြား
၆၀၆
၁၃၅၅
၁၁၄၆
ဝ.၂၂
ဝ.၂၈
ဝ.၂၂
စုစုပေါင်း
၂၇၆၆၉၁
၄၈၁၆၆၆
၅၂၉၉၄၃
၁၀၀
၁၀၀
၁၀၀


ဒီလူဦးရေ ဇယားက စစ်တွေနယ် ပတ်ဝန်းကျင်တစ်ခုတည်းမှာ (ရခိုင်နယ် တစ်ခုလုံး မဟုတ်) ၁၈၇၁ မတိုင်မှီကတည်း မွတ်ဆလင်ပေါင်း ၅၈၀၀၀ ကျော် ရှိနေတယ် ဆိုတာ ရှင်းနေပါတယ်။ ရခိုင်ခွဲ ထွက်ရေး ၀ါဒီများနဲ့ မျက်ကန်းမျိုးချစ်များ မုန်းတီးလိမ်ညာနေသလို ၁၉ ရာစု နောက်ပိုင်းမှ မွတ်ဆလင် တွေ ၀င်ရောက်လာတယ် ဆိုတာ မဟုတ်ကြောင်း သက်သေဖြစ်ပါတယ်။ 

အထက်မှာ ဖေါ်ပြခဲ့တဲ့ လူဦးရေ တိုးနှုန်းနဲ့ ဒေသတွင်း လူဦးရေရဲ့ ရာနှုန်းများဇယားကို ပြန်ကြည့်ပါ။ မွတ်ဆလင်တွေဟာ ဒေသတွင်း လူဦးရေရဲ့ ၁၈၇၁ ခုနှစ်မှာ ၂၁% ဖြစ်ပြီး ၁၉၁၁ ခုနှစ်မှာ ၃၃.၇% ဖြစ် ကြောင်းတွေ့ရပါမယ်။ ဒီတူညီတဲ့ ခုနှစ်အတွင်းမှာပဲ- ရခိုင်နယ်အတွင်း ဗမာလူဦးရေ ခုန်ပျံတိုးနှုန်းကို ကြည့်ပါ- ၁၈၇၁ ခုနှစ်မှာ ၁.၆၇% ကနေပြီး-၁၉၁၁ ခုနှစ်မှာ ၁၇.၄% ထိ ဖြစ်သွားပါတယ်။ တစ်ပြိုင် နက်ထဲမှာ ဒေသခံရခိုင်များနဲ့ အခြားသော လူမျိုးများက ၁၈၇၁ မှာ ရှိတဲ့ ရာနှုန်းထက် လျှော့ကျသွား တာကို တွေ့နေရပါတယ်။ 

ဒီဇယား အရ ရခိုင်ဗုဒ္ဓ လူဦးရေဟာ ၁၈၇၁ ခုနှစ်မှာ ၆၂% ရှိခဲ့ရာက ၁၉၁၁ ခုနှစ်မှာ ဒေသတွင်း လူဦး ရေရဲ့ ၃၉.၅၂% ထိ လျှော့ကျသွားပါတယ်။ ဒါကို ရခိုင်မျက်ကန်းတွေက မွတ်ဆလင်တွေက ရာနှုန်း အကြီးအကျယ် တိုးပွားလာပြီး- ရခိုင်တွေ ပျောက်ကွယ်သွားသလို လျှောက်ပြောပါတော့တယ်။ မွတ် ဆလင် ရာနှုန်းက အစကလည်း သုံးပုံတစ်ပုံ၊ နောက်ပိုင်းမှာလည်း သုံးပုံတစ်ပုံ သာ ရှိနေပြီး- ရခိုင်ဗုဒ္ဓ ဘာသာတွေက မိမိကိုယ်မိမိ ဗမာ အဖြစ်ခံယူလိုက်လို့ ရခိုင်လျှော့ပြီး ဗမာ ရာနှုန်း ခုန်ပျံတိုးသွားတာကို မသိဟန်ပြုနေပါတော့တယ်။

လက်ရှိခေတ်ထိ- ရခိုင်နယ်ထဲမှာ မိမိကိုယ်မိမိ ဗမာ ပါလို့ ခံယူသူပေါင်း များစွာ ရှိနေတယ်၊ ဥပမာ အားဖြင့် သံတွဲမြို့မှသည် ဂွမြို့ထိ ရှိသမျှသော ကျေးရွာ၊ မြို့ငယ်၊ မြို့နယ် အားလုံးမှာ ရှိတဲ့ လူတွေက သူတို့ကိုယ်သူတို့ ဗမာလို့သာ ခံယူပါတယ်။ မဆလ ခေတ်အတွင်း သံတွဲမြို့နယ်နဲ့ ဂွမြို့နယ် နယ်စပ် ဖြစ်တဲ့ ရေငံရောက် မြေနေရာတွေကို လယ်လုပ်မယ့်သူ မရှိလို့ မြောက်ပိုင်းရခိုင်တွေကို ခေါ်ယူကာ ကျက်သရေကျွန်း ဆိုတဲ့ ရခိုင်ရွာလေး တစ်ခု တည်ဆောက်ပေးခဲ့တယ်။ သံတွဲနဲ့ ဂွမြို့အကြား မြောက် များစွာသော ကျေးရွာအားလုံးရှိ ဗမာခံယူသူများက မှတ်ပုံတင်မှာ အတင်းဖြည့်ခိုင်းလို့ လူမျိုးရခိုင် ဆိုပြီး ရေးနေရပေမယ့်- အခုထိ သူတို့ကိုယ်သူတို့ ဗမာ လို့ခံယူထားကြောင်း လက်တွေ့သွားရောက် လေ့လာနိုင်ပါတယ်။

ရခိုင်လူဦးရေ လျှော့သွားရခြင်း အကြောင်းထဲမှာ (၁) ဘင်္ဂလားနယ်က ၀င်ရောက်လာတဲ့ ရခိုင် လူဦး ရေ လျှော့သွားခြင်း (၂) ဘင်္ဂလီရခိုင်များကို မနှစ်သက်လို့ ဒေသခံ ရခိုင်များက မိမိကိုယ်မိမိ ဗမာလို့ ခံယူလိုက်ခြင်း- စတဲ့ အကြောင်းများကြောင့်သာ ဖြစ်ကြောင်း ဆင်ခြင်နိုင်ပါတယ်။

ဒီနေ့ ရခိုင်မှာ ရှိနေတဲ့ မွတ်ဆလင်များက ရခိုင်ဗုဒ္ဓဘာသာနဲ့ ဘ၀တူများသာ ဖြစ်ခဲ့တယ်။ ဒေသခံရခိုင် များမှာ သူတို့ရဲ့ အစဉ်အလာအရ လုပ်ကိုင်စားသောက်ဘို့ရာ ရေမြေများ ရှိခဲ့သလို၊ ဒေသခံမွတ်ဆလင် (ရခိုင်နယ်ရဲ့ သုံးပုံတစ်ပုံသော လူဦးရေ)မှာလည်း လုပ်ကိုင်စားသောက်ဘို့ရာ ရေမြေများ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသခံရခိုင်ဗုဒ္ဓဘာသာများက ဒေသခံမွတ်ဆလင်များရဲ့ လယ်မြေများကို မတရားအနိုင် ကျင့် သိမ်းပိုက်ယူဘို့ရာ စိတ်မကူးခဲ့ပါ။ မကြံစည်ခဲ့ပါ။ အင်္ဂလိပ်လက်အောက် နောက်ပိုင်းဝင်လာတဲ့ ဘင်္ဂလီရခိုင်များကသာ သူတို့မှာ လုပ်ကိုင်စားသောက်ဘို့ရာ ရေမြေများ မရှိတဲ့အတွက် သူတို့အနေနဲ့ မွတ်ဆလင်များဆီက လယ်မြေများကို မတရားသိမ်းပိုက်ရယူလိုခဲ့ခြင်း ဖြစ်တယ်။ ဘင်္ဂလီဆိုတဲ့ သူတို့ ဇာတိကို ကွယ်ဝှက်ပြီး သူတို့ကိုယ်သူတို့ ရခိုင်အဖြစ်လိမ်ညာလျှက် မွတ်ဆလင်မုန်း စစ်အာဏာပိုင် များနဲ့ ပူးပေါင်းကာ- မွတ်ဆလင်များပိုင်မြေများကို သိမ်းဆည်းလုယူခဲ့ပေါင်းလည်း များခဲ့ပါပြီ။ ဆက် လက်ပြီး သိမ်းဆည်းလုယူဘို့ရာ ကြံစည်လျှက် ရှိနေပါသေးတယ်။

အရေးအကြီးဆုံး အချက်က- အင်္ဂလိပ်လက်ထက်မှာ ရခိုင်ဒေသရှိ မွတ်ဆလင်များကို မွတ်ဆလင် လို့သာ ဖေါ်ပြခဲ့ပါတယ်။ အဲ့ဒီ မွတ်ဆလင် လူဦးရေဟာ ရခိုင်ဒေသရဲ့ သုံးပုံတစ်ပုံ ရှိခဲ့ပါတယ်။ အခု ခေတ်မှာလည်း မွတ်ဆလင်ဟာ သုံးပုံတစ်ပုံ ရှိနေပါတယ်။ ဒါဆို ရခိုင်နယ်မှာ ရှိတဲ့ မွတ်ဆလင်များကို တိုင်းရင်းသား ကမန် အဖြစ် သတ်မှတ်ပြီး စာရင်းပြထားတာ လူဦးရေ ဘယ်လောက် ရှိပါသလဲ။ လက်ရှိ ရခိုင် လူဦးရေ လေးသန်းလောက်မှာ ကမန်က လူဦးရေ သုံးသောင်းမျှပင် မရှိပါ။ ကျန် မွတ်ဆလင်များ ဘယ်ကို ရောက်သွားပါသလဲ။ 

ရိုသားဖြူစင်တဲ့ သမိုင်းပညာရှင်များ မနုဿဗေဒပညာရှင်များ လေ့လာကြည့်ပါ။ သမိုင်းမှန်ကို ထိမ် ၀ှက်ထားသူများဟာ သမိုင်းမှာ တရားခံဖြစ်ရမယ် ဆိုတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ သမိုင်းလိမ်၊ စာပေလိမ်ပေါင်းများစွာနဲ့ မြန်မာလူငယ်မျိုးဆက်များစွာကို နှစ်ထားခဲ့လို့ မြန်မာပြည်ကြီး နောက်ကျ ကျန်ခဲ့ပြီ ဆိုတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ သူများ (ကမ္ဘာ့နိုင်ငံများ)ကဲ့သို့ တန်းတူ တိုးတက်ချင် ပြီး- မျက်ကန်းမျိုးချစ်စိတ်နဲ့ ပညာရပ်အမှားတွေ၊ သမိုင်းအမှားတွေထဲမှာ ဆက်လက်နစ်မြောနေမယ် ဆိုရင်တော့--၊ အဲ့ဒီလိုလူများ လွှမ်းမိုးထားတဲ့ နိုင်ငံတစ်ခုအတွက် ရင်လေးစရာသာ ဖြစ်ပါတော့တယ်။

Comment ရေးရန်

Rohingya Exodus