နောက်ဆုံးသတင်း/ဆောင်းပါးများ

နောက်ဆုံးရ ကျောက်ဖြူ-မင်းပြား-မြောက်ဦးသတင်း

* ကျောက်ဖြူ *

-ညလောင်သွားတဲ့ ဗလီထဲမှာ လူ(၃)ယောက်အိပ်နေ၊ မီးလောင်သော လူ(၂)ယောက်ထွက်ပြေသွားပြိး တစ်ယောက်ကျန်ခဲ့ အဲဒီတစ်ယောက်ကို ဖမ်းယူသွားခဲ့ပါသည်။

-အရာရှိရပ်ကွက် ထဲမှာရှိတဲ့ ဗလီတစ်လုံးကိုလည်း တံခါးတွေ၊ပြူတင်းပေါက်တွေ ဖျက်ဆီးခဲ့ပါတယ်။

-နေ့လည်(၁း၀၀)နာရိမှာ ပိုက်ဆိပ်ရွာကို မီးရှီုးမယ်ဆိုပြီး သတင်းပို့၊ရပ်မိရပ်ဖများမှထိန်းလို့မရကြောင်းပြော၊ ပိုက်ဆိပ်ရွာရှိ ဗုဒ္ဓဘာသာဝင်အိမ်(၅)အိမ်ခန့် ရွာပြင်သို့ပြောင်းနေ။

- ည ၇း၀၀ နာရီ သတင်းအရ ရဲများအားလုံးကို ရုတ်သိမ်းပြီး တပ်များနေရာယူထား ကြောင်းသိရှိ ရပါသည်။

- ည ၈း၀၀ နာရီတွင် ပိုက်ဆိပ်ကျေးရွာ ကို စတင်မီးရှို့၍ ၈း၃၀ နာရီတွင် အိမ်ခြေ ၂၀၀ခန့်မီးလောင်ကျွမ်း သွားကြောင်း သတင်းရရှိပါသည်။

* မင်းပြား *

- (၆း၀၀)AMနာဂါရာအုပ်စု၊ပေါက်တောတွင်ရခိုင်ဘုန်းကြီးများအင်အား(၂၀၀၀)ခန့်လောက်လက်နက်တွေနဲ့ စုရူံးလာ(၁၀)မိနစ်ခန့်အရင်ရောက်နေသောစစ်တပ်(၁၅)ဦးခန့်ကအကြမ်းဖက်ရခိုင်များ နှင့်ထိပ်တိုက်တွေ့ရာ ရွာသားတွေကိုရွာထဲမှာဘဲ နေထိုင်ပြီးစစ်တပ်ကမိုးပေါ်ထောင် သေနတ်ပစ်၍သတိပေးခဲ့၊ရခိုင်များက နောက် ဆုတ်မသွား၊ နှစ်ကြီး၊သုံးကြီမ် ပစ်ပြီး၊ရခိုင်သားများမသွား၍ နောက်ဆုံးမျက်ရည်ယို ဗုံး အသုံးပြု ပြီး လူအုပ်ကိုခွဲရ ၊

- နာဂါရာ/ပေါက်တောရွာ ၊လက်မရွာ ၊ဆပ်ကျာရွာတို့ မှာ ရခိုင်တွေကလည်း တဘက်ကစောင့်နေပြီး၊ တဘက်က မူဆလင်ရွာသားများလည် အခြေအနေကို စောင့်နေ အလယ်တွင် စစ်တပ်ရှိ၍ အားလုံးအသင့် အနေအထားတွင် ရှိနေ

- နော်နော်ရွာကို ရခိုင်(၄၀၀)ခန့်မှ စက်လှေတစ်စီးဖြင့် ရွာနားသို့ကပ်လာရာတွင် ရွာသားများက လုံခြုံရေး များကို သတင်းပေးသဖြင့် လုံခြုံရေး(၁၅)ယောက်ခန့် က သေနတ်ဖြင့် ခြိမ်ခြောက်ပစ်ခတ်သဖြင့် ထိုရခိုင်များမှ အောင်ဒိုင်ဘက်သို့ ထိုစက်လှေများဖြင့် ထွက်ပြေးသွားကြောင်းသိရသည်။

- အကြမ်းဖက် ရခိုင်များသည် စက်လှေ ခြောက်စီး ခုနှစ်စီး ခန့်ဖြင့် မြစ်ကြောင်း တလျှောက် လှည့်လည်နေ ကြောင်းသိရှိ ရသည်။

- နေ့လည် ၂း၀၀ - ၃း၀၀ နာရီကြား တွင် ကြံ့ခိုင်ရေးပါတီမှ အမတ်များ၊ မြို့နယ်အာဏာပိုင်များ နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ မှ ဦးအေးသာအောင်တို့ ရောက်ရှိလာပြီး နော်နော် ရွာတွင်စုရုံးနေသော အကြမ်းဖက် ရခိုင်များကို လူစုကွဲစေပြီး ပြန်ခိုင်းခဲ့ပါသည်။

- ဦးအေးသာအောင်တို့ပြန်ပြီး ညနေ ၄း၀၀ နာရီတွင် အိမ်ခြေ ၂၂၀ ကျော်ရှိသော သဒါရွာ ကို အကြမ်းဖက်ရခိုင်များက မီးရှို့ဖျက်ဆီး ခဲ့ကြရာ လုံခြုံရေးအကူအညီ မရသောကြောင့် အိမ်အားလုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါသည်။

- ညနေ ၄း၂၀ နာရီတွင် အိမ်ခြေ ၁၂၀ ကျော် ရှိသော ခြိတ်တောင်ရွာကို လည်း အကြမ်းဖက်ရခိုင်များက မီးရှို့ဖျက်ဆီး ခဲ့ကြရာ လုံခြုံရေးအကူအညီ မရသောကြောင့် အိမ်အားလုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါသည်။

- နာဂရာ/ပေါက်တောရွာ ၊ လက်မရွာတို့ကိုလည်း အကြမ်းဖက်ရခိုင် များက မီးရှို့ဖျက်ဆီးရန် ၀န်းရံထားကြောင်း သတင်းရရှိပါသည်။

* မြောက်ဦးမြို့နယ် *

- မနက် ၈း၀၀ နာရီခန့်တွင် ယဉ်သည်ရွာကို ရခိုင်များက မီးကွင်း နဲ့ ပစ်ခတ်ခဲ့ပြီး အိမ် တစ်လုံးနှင့် ဗလီတလုံး မီးလောင်ကျွမ်းသွားကြောင်း သိရှိရသည် ။ လုံခြုံရေး ရဲများနှင့် စစ်သားများက ရွာသားများကို ရွာအပြင်သို့ပေး မထွက်ပဲ ပိတ်ဆို့ထားပြီး ရခိုင်များကို မည်သို့မျှ အရေးမယူကြောင်းသိရသည်။ ရွာသားများရင်ဆိုင် ရန်ပြင်ဆင်သည်ကိုတွေ့ရှိသဖြင့် ရခိုင်များ ထွက်ပြေး သွားကြောင်း သိရပါသည်။

- မနက် ၉း၀၀ နာရီခန့်တွင် အကြမ်းဖက်ရခိုင်သားများထပ်မံ ရောက်ရှိလာပြီး အဆိုပါရွာကို ထပ်မံမီး ရှို့ခဲ့ရာ အိမ်ခြေ ၂၀ ခန့်မီးလောင်ကျွမ်း ကြောင်းသိရပါသည်။

- တဖန် နေ.လည် ၁၂း၀၀နာရီလောက်တွင်ထပ်မံ၍အဆိုပါရွာကိုမီးရှို့ရာတွင်အိမ်ခြေများမီးလောင်ပျက်ဆီး ၍ လူများလည်းသေကြေ ဒဏ်ရာရခဲ့ပါသည်။

- ညနေ ၄း၀၀ နာရီလောက်တွင် တာဝန်ကျသော စစ်တပ်အားလုံး ရုတ်သိမ်း သွားပြီး အိမ်ခြေ အားလုံး ကုန်ဆုံးသွားချိန်တွင်ရဲဒုမြို့နယ်မှုးဦးသာဇံ နှင့်ရဲသားဆယ်ဦးခန့်ဦးဆောင်၍အကြမ်းဖက်ရခိုင်များနှင့်တကွ ရွာထဲ သို့ဝင်ရောက်ပြီး ဓါး လက်နက်များဖြင့် ၀င်ရောက် သတ်ဖျတ်ရာတွင် ကလေးငယ်များ ၊ အမျိုးသမီးများနှင့် စုစုပေါင်း လူဦးရေ ၄၀၀ ခန့်သေဆုံး (ရှဟိဒ်း) ဖြစ်သွားကြောင်း သတင်းရရှိပါသည်။ -

- မြောက်ဦး မြို့နယ် ယဉ်သည်ကျေးရွာတွင် အိမ်ခြေ (၄၂၀) ခန့်ရှိပြီး လူဦးရေ (၂၂၀၀) ခန့်ရှိပါသည်။

Comment ရေးရန်

Rohingya Exodus