နောက်ဆုံးသတင်း/ဆောင်းပါးများ

အိုဘားမား၏မြန်မာနိုင်ငံခရီးစဉ်တွင် ရိုဟင်ဂျာအရေးကိစ္စဆွေးနွေးမည်


RB News
14.11.2012

အမေရိကန်သမ္မတဘာရက်ဟူစိန်းအိုဘားမား သည် ရွေးကောက်ပွဲတွင် ဒုတိယ သက် တမ်း အနိုင်ရရှိပြီး နောက်မြန်မာနိုင်ငံသို့ နိုဝင်ဘာလ (၁၉) ရက်နေ့တွင်သွားရောက်လည်ပတ်မည်ဟု အိမ်ဖြူတော်မှတရားဝင်သတင်းထုတ် ပြန်ခဲ့သည်။ ယခုအချိန်လုံခြုံရေးနှင့် ပတ်သက်သည့်ရှေ့ပြေး အဖွဲ့ များမြန် မာနိုင်ငံသို့ရောက်ရှိနေပြီဖြစ်သည်။ အိုဘားမားနှင့် အတူနိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လည်းအတူလိုက်ပါလာမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှ ယနေ့သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်များကို ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများ၊ ရိုဟင်ဂျာ အရေး ကိစ္စကို သမ္မတ၏ခရီးစဉ် အတွင်းအလေးထား၍ပြောကြားမည်ဖြစ်ကြောင်း တရားဝင်ပြောကြား သွားသည်။

ထို့အပြင်လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အိုဘားမား၏အထူးလက်ထောက်တစ်ဦးဖြစ်သည် စမန်တာပါဝါ ကလည်း အိမ်ဖြူတော်၏သတင်းတွင် သမ္မတ၏ ခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ်ရေး သားတွင် ရိုဟင်ဂျာမွတ်စလင် များ၏ အရေးကိစ္စများကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်းရေးသား ခဲ့သည်။

အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူးချုပ်မှလည်း သမ္မတအိုဘားမား ထံစာရေးသား၍ ရိုဟင်ဂျာမွတ်စလင်အရေးကိစ္စကို မြန်မာနိုင်ငံအစိုးရနှင့်ဆွေးနွေးရန်ပန်ကြားကြောင်း OIC မှသတင်းထုတ်ပြန်သည်။

အိုဘားမားသည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည့် အမေရိကန်နိုင်ငံ၏ပထမဦးဆုံးသမ္မတဖြစ်သည်။ 

Comment ရေးရန်

Rohingya Exodus