နောက်ဆုံးသတင်း/ဆောင်းပါးများ

မြေပုံမြို့တွင်တစ်လကျော်အတွင်း ၄၅ ဦးသေဆုံး


နိုဝင်ဘာ (၃၀) ၊ မြေပုံ ။ ။ ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင်ရိုဟင်ဂျာမွတ်စလင်များအား သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ အတင်းအဓမ္မမောင်းထုတ်ခြင်းတို့ကြောင့် တစ်သိန်းတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များကို အစိုးရမှအထူးစီစဉ်ပေးပြီး၊ နိုင်ငံအနှံ့အပြားမှ ၀ိုင်းဝန်းကူညီနေကြ သည်။ လူမှုရေးလုပ်ငန်းတွင်ချန်ပီယံဖြစ်နေသူများသည်လည်း မွတ်စလင်များအတွက် လူသားချင်းစာနာ သည့်စိတ်ဓါတ်များမထားနိုင်ခဲ့ပေ။ မွတ်စလင်များသည် နိုင်ငံတကာအကူအညီကိုမျှော်နေရပြီး၊ ရသောအခါ လည်း ရခိုင်အစွန်းရောက်များ၏ တားဆီးမှု့ကြောင့် လုံလုံလောက်လောက်မရဘဲ အစာရေစာချို့တဲ့သည့် ပြဿနာ၊ ကျန်းမာရေးချို့တဲ့သည့်ပြဿနာများ ကြုံတွေ့နေရသည်။

အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးတွင် မြေပုံမြို့နယ်မှမွတ်စလင်၂၇ဦးသေဆုံးခဲ့သည်။ အကြမ်း ဖက်မှုကြီးဖြစ်ပွားပြီးနောက် မြေပုံမြို့နယ်တွင် မွတ်စလင် ၃၉၂၆ ဦးရှိခဲ့သည်။ ယနေ့ လူဦးရေ မှာ ၃၈၈၁ ဦးဖြစ်ပြီး တစ်လကျော်အတွင်း ၄၅ ဦးသေဆုံးခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ဆန်နှင့်ပဲများကူညီပံ့ပိုးပေးနေသော်လည်း ကျန်းမာရေးအတွက် ကူညီပံ့ပိုးပေးမည့်အဖွဲ့အစည်းမရှိသောကြောင့်လူများအားလုံးကျန်းမာရေးနှင့်အတိဒုက္ခကြုံတွေ့နေရသည်။

"ဒီလိုသာဒုက္ခသည်စခန်းလို့တောင်သတ်မှတ်လို့မရတဲ့နေရာမှာဆက်နေမယ်ဆိုရင်ကျွန်တော်တို့မြို့ကလူတွေ တစ်ယောက်မှအသက်ရှင်မှာမဟုတ်တော့ဘူး။တစ်လစွန်းစွန်းလေးမှာ၄၅ ယောက်သေသွားတာ အောက်တို ဘာလတုန်းကအသတ်ခံရတာရဲ့နှစ်ဆလောက်ရှိနေပြီ။"ဟုမြေပုံမှာမွတ်စလင်ဒုက္ခသည်တစ်ဦးမှပြောသည်။

RB News



Comment ရေးရန်

Rohingya Exodus