နောက်ဆုံးသတင်း/ဆောင်းပါးများ

အကြမ်းဖက်ခံရသည့်ရိုဟင်ဂျာနှင့်ကမန်လူမျိုးများ၏ထွက်ဆိုချက်များ (အပိုင်း ၁)

ကျောက်ဖြူမြို့ဂျာမေဗလီကိုရခိုင်အစွန်းရောက်များမီးရှို့ဖျက်ဆီးအပြီးတွေ့ရစဉ် (ဓါတ်ပုံ - Carlos Sardiña Galache)
အောင်အောင်
RB News
ဒီဇင်ဘာ (၁၁) ၂၀၁၂

RB News မှ အကြမ်းဖက်ခံရသည့်ရိုဟင်ဂျာနှင့်ကမန်လူမျိုးများ၏ထွက်ဆိုချက်များကို အလျဉ်းသင့်သလို တင်ပြသွားမည်ဖြစ်သည်။ 

ကျောက်ဖြူမြို့တွင် ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များနေထိုင်သောရွာ (၅) ရွာရှိသည်။ ထိုကျေးရွာများတွင် လူဦးရေ ၁၂၃၀၀ ဦးခန့်ရှိသည်။ ရွာသားအများစုမှာ ငါးဖမ်းသည့် လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုပြီး၊ ဈေးဆိုင်လုပ်ငန်းနှင့် ကူးသန်းရောင်း ၀ယ်ရေးလုပ်ငန်း များလည်းလုပ် ကိုင်ကြသည်။ ငါးဖမ်းသည့်လှေ ၁၀၂ စီးရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသော ကမန်လူမျိုး (၂) ဦးရှိခဲ့သော်လည်း ထို (၂) ဦးကို ၂၀၁၂ ခုနှစ်မေလတွင် ရှမ်းပြည်နယ်သို့ တာဝန်ဖြင့်ပြောင်းရွှေ့ ခိုင်းခဲ့သည်။ 

အောက်တိုဘာလ(၁၉)ရက်နေ့တွင်“တောင်ကုတ်၊မကျည်းကျွန်း၊စကုကျွန်း၊ရဲကျွန်း၊  လေးတောင်၊ ကျောက် နီမော်တိုက်နယ်တွေက ရခိုင်အစွန်းရောက်တွေငွေပေးပြီးကို ရမ်းဗြဲကိုခေါ် လာတယ်။ အဲဒီကနေ မေခ၊ မလိခ သင်္ဘောနှစ်စီးနဲ့ ကျောက်ဖြူကိုခေါ်လာတယ်။ အဲဒီထဲမှာ တောင်ကုတ်ကထွန်းထွန်းဆိုတဲ့သူ လည်းပါလာတယ်” ဟု ကျောက်ဖြူမြို့ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ 

“(၂၁) ရက်နေ့မှာ ပြည်နယ်အစိုးရ၀န်ကြီးတစ်ယောက်ရောက်လာတယ်။ ကျောက်ဖြူကိုလာတာပါ။ ရခိုင်ပါ တီတွေဖြစ်တဲ့ RNDP, ALP နဲ့ရခိုင်လူမျိုးခေါင်းဆောင်တွေနဲ့တွေ့ပြီးအစည်းအဝေးလုပ်တယ်။ ၀န်ကြီးနာ မည်တော့မသိဘူး” ဟု၎င်းက ဆက်လက်ပြောသည်။ 

အကြမ်းဖက်မှုများကို (၂၂) ရက်နေ့တွင်စတင်ခဲ့သည်ဟု အဆိုပါဒေသခံမှယခုကဲ့သို့ပြောသည်။ “ည ၉ နာရီလောက် မှာကား ၆ စီးနဲ့လာပြီး ဆူလေမန်ဗလီကိုစပြီးမီးရှို့တယ်။ နာရီဝက်လောက်ကြာတော့ ဗလီ ၀တ်ကျောင်းတော်ရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေ ကိုဆက်ရှို့တယ်။ ကျွန်တော်တို့ရွာ သားတွေ က မီးငြိမ်းဖို့ ကြိုးစားတော့ လုံခြုံရေးတွေက မီးမငြိမ်းဖို့တားတယ်။ ကျွန်တော်တို့ ကိုရွာထဲကထွက် သွားဖို့ကိုပဲ ဖိအားပေးခဲ့တယ်။ လာရှို့တဲ့ကား ၆ စီးက အရှေ့ပိုက် စိတ်ကိုရှို့ဖို့ အနောက်ပိုက်ဆိပ်နေတဆင့် သွားသေးတယ်။ အနောက်ပိုက်ဆိပ်ဆိုတာ ရခိုင်ရွာပါ။ အဲဒီမှာလုံခြုံရေးတွေ တားတော့အဲဒီညကမီးရှို့လို့ မရလိုက်ဘူး” 

“(၂၃) ရက်နေ့ည ၈ နာရီခွဲလောက်မှာအရှေ့ပိုက်ဆိပ်ရွာကိုရအောင်ဝင်သွားကြတယ်။ ပြီးတော့မွတ် စ လင်တွေရဲ့အိမ် တွေကိုမီးရှို့တယ်။ ကျွန်တော်တို့ရိုဟင်ဂျာတွေနဲ့က မန်မွတ်စလင်တွေကမီးငြိမ်းဖို့ကြိုး စား တော့လုံခြုံရေးတွေကသေနတ်နဲ့ပစ်ပါတယ်။၁၀တန်းကျောင်းသားနှစ်ယောက်အဲဒီနေရာမှာဘဲပွဲချင်းပြီး   သေသွားတယ်။ အဲဒီလိုပစ်တော့ ကျွန်တော်တို့ တွေမီးငြိမ်းဖို့မကြိုးစားတော့ ဘဲနောက် ဆုပ်လာတယ်။ အဲဒီမှာတစ်ခါ ရခိုင်အစွန်းရောက်တွေ က ရှေးဟောင်းဂျာမေဗလီကို မီးထပ်ရှို့ ပါတယ်။ ကျွန်တော်တို့မွတ်စ လင်တွေအားလုံးဝိုင်းပြီးမီးငြိမ်းဖို့ သွားတော့ လုံခြုံရေးတွေက ထပ်ပစ်တယ်။ အဲဒီနေရာမှာ ၉ ယောက် သေနတ်ကျည်ဆံထိပြီး ဒဏ်ရာရခဲ့တယ်။ အဲဒါနဲ့ကျွန်တော်တို့လည်း ကမ်းခြေ ဘက် ကိုရွှေ့လာခဲ့ရတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန် အိမ်ထဲမှာပိတ်မိပြီး ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်မီးလောင်ပြီးသေ ဆုံးခဲ့ရတယ်။ လုံခြုံရေးတွေကျွန်တော်တို့နောက်လိုက်လာပြီး ရွာထဲ ကအပြီးအပိုင်ထွက်သွားဖို့ဘဲပြော တယ်။” ဟုဆက်လက်ပြောသည်။

ရခိုင်အစွန်းရောက်များကိုငွေကြေးထောက်ပံ့များရှိနေကြောင်းကို “ရခိုင်အစွန်းရောက်တွေကို RNDP ပါတီ ကျောက်ဖြူမြို့ ရဲ့စည်းရုံးရေးမှူးဖြစ်တဲ့ ဗလကြီးဆိုတဲ့သူက ငွေကြေးထောက်ပံ့တယ်။ ပြီးတော့တောင် ကုတ် က ဦးကျောက်တောင်၊ ကျောက်နီမော် ကဦးညီပုနဲ့ဦးဘညွန့် တို့လည်းက လည်းငွေကြေး ထုတ်ပြီးထောက် ပံ့ တယ်” ဟု၎င်း ကပြောသည်။ 

စစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိုက်ဆိပ်ရွာ၊ ပြင်ဖြူမော်၊ အရာရှိ၊ တိုးချဲ့ရပ်ကွက်နှင့်သံဗန်းချောင်း ရွာများမှ ရိုဟင်ဂျာ နှင့်ကမန်မွတ်စလင်များကို အသက်အသေမခံချင်လျှင် ရွာများမှထွက်သွား ဖို့နှိုးဆော် ကြောင်းသိရသည်။ ထို့ကြောင့် ရွာသား များမှာ မိမိတို့၏ပိုင်ဆိုင်သောနေအိမ်၊ ပစ္စည်းများကို စွန့်ခွာ၍ ကမ်းခြေဘက်သို့ထွက်ပြေးခဲ့ကြရသည်။ 

ရခိုင်အစွန်းရောက်များမှ စက်လှေ ၃ စီးကိုမီးရှို့ခဲ့ပြီး၊ ၈၆ စီးမှာကျောက်ဖြူမြို့မှထွက်ခွာနိုင်ခဲ့သည်။ လူပေါင်း ၂၁၀၀ စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး၊ ၂၄၈၀ ဦးမှာကျောက်ဖြူမြို့တွင်ကျန်ရစ်ခဲ့သည်။ ၆၈၀၀ ဦးခန့် စမ်းတက်မော်နှင့်အနောက်ရွာ သို့ရောက်ရှိသွားခဲ့သည်။ 

ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များထားရစ်ခဲ့ရသောအိမ်များမှ ပစ္စည်းများကိုရခိုင်အစွန်းရောက်များစိတ်တိုင်း ကျလုယူခဲ့ကြသည်။ အလကားရသည့်ပစ္စည်းများကိုအဝေမတည့်၍အချင်းချင်းရန်ဖြစ်၍ ထိုးကြိတ်ရသည့် အထိဖြစ်ခဲ့သည်ဟုသိရသည်။ 

ကျောက်ဖြူမြို့တွင်အနယ်နယ်အရပ်ရပ်မှာလာရောက်အလုပ်ကိုင်နေသောရိုဟင်ဂျာမွတ်စလင်၃၀၀ ကျော်ရှိ ရာ၊ ထိုအထဲမှ ၁၀၀ ကျော်မှာရခိုင်အစွန်းရောက်များနှင့်လုံခြုံရေးတပ်များ၏မတရားသတ်ဖြတ် မှုခံခဲ့ရပြီး၊ ၂၀၀ ကျော်မှာယခုအချိန်ထိ ပျောက်ဆုံးနေကြောင်းသိရသည်။

Comment ရေးရန်

Rohingya Exodus