နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသက်ကြီးအမျိုးသမီးတစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်၍ထွက်ပြေးသွား

ကျော်သိန်း
RB News
ဒီဇင်ဘာ (၁၁) ၂၀၁၂

မောင်းတော။ ။ လွန်ခဲ့သောစနေနေ့ (ဒီဇင်ဘာလ ၈ ရက်) တွင်ရခိုင်လူမျိုးနှစ်ဦးစီးနှင်လာသောဆိုင်ကယ်မှ လမ်းဖြတ် ကူး နေသောရိုဟင်ဂျာ သက်ကြီးအမျိုး သမီး အား တိုက်၍ ထွက်ပြေးသွားကြောင်း သတင်း ရရှိပါ သည်။

ဖြစ်စဉ်မှာစနေနေ့နေ့လည်၂နာရီခန့် တွင်မောင်းတော မြို့ မြို့မ ကညင် တန်းကျေးရွာ တွင်နေ ထိုင်သော ဒေါ်မို ဟာ မူဒါခါတွန် (ဘ) ဦးအဇီဇူရဟမန် (အသက်၆၀ နှစ်) သည် ဟေးတလ္လား ရွာရှိဆွေမျိုး များ အိမ်ကို လည်ပတ်ပြီးအပြန်လမ်းတွင် ACF ရုံးရှေ့မှ လမ်းဖြတ်ကူးရာ၌ တဖက်မှ လာသော ဆိုင် ကယ်ဖြင့် တိုက်မိခြင်း သည်။ ဒေါ်ခါတွန်မှာထိုနေရာတွင် ပင်လဲကျ သွားပြီး၊ ပြန်ထ၍မရ သည့်အခြေ အနေဖြစ် သွား သော်လည်း၊ဆိုင်ကယ်ဖြင့် တိုက်သော ရခိုင်လူမျိုးနှ စ်ဦးသည်လှည့်၍ ပင်မကြည့် ဘဲ မောင်း၍ ထွက်ပြေး သွားကြောင်းသိရသည်။ အနီးပတ်ဝန်း ကျင်ရှိလူများ လာရောက် ၍ ဒေါ်ခါ တွန် ကိုဆေးရုံသို့ပို့ခဲ့သည်။  ဒေါ်ခါတွန် မှာ မုဆိုးမတစ်ဦးဖြစ်ပြီးဆင်းရဲနွမ်း ပါးသောကြောင့် ဆေး ကုသခများ ကိုနီးစပ်ရာဆွေမျိုးများ ကတာ ၀န်ယူဖြေရှင်း ပေးနေရ သည်။ဆိုင်ကယ် တိုက်မိ မှုကြောင့်ခြေထောက် တစ် ဖက်ကျိုး သွားကြောင်း ဆေး ရုံ သို့ လိုက်လံ ပို့ဆောင်ခဲ့သူတစ်ဦးမှ RB News သို့ ပြောသည်။

အဆိုပါဆေးရုံသို့ပို့ဆောင်ခဲ့သူမှ ယာဉ်ထိန်းများကိုအကြောင်းကြား၍ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ယခု အချိန်ထိအရေးယူဆောင်ရွက်ပေးခြင်းမရှိဟုသိရသည်။

“ပြစ်မှုကျူးလွန်တဲ့သူကရခိုင်လူမျိုးဖြစ်နေတယ်။တရားလိုကရိုဟင်ဂျာဖြစ်နေတယ်လေ။အဲဒီတော့ဒီလိုမှုခင်း မျိုး ကို ရဲတွေကဂရုစိုက်စရာမလိုဘူး။ ကျွန်တော်တို့မောင်းတောမှာ ဥပဒေနှစ်မျိုးနဲ့အုပ်ချုပ်တာ။ တစ် မျိုးက ရခိုင်တွေအတွက်၊ နောက်တစ်မျိုးကကျွန်တော်တို့ရိုဟင်ဂျာတွေအတွက်။ရိုဟင်ဂျာတွေပြစ်မှုကျူးလွန်ရင်   ထောင်ဒဏ်တစ်လအပြစ်ပေးရမယ့်နေရာမှာ ထောင်ဒဏ်တစ်နှစ်ပေးတယ်။ ရခိုင်တွေ ကျူး လွန် ရင် မသိ ချင်ယောင်ဆောင်နေမယ်။ အခုလည်းဒီအမှုမကိုင်တွယ်ဘဲ ပစ်ထားတယ်။” ဟုဆိုင်ကယ် တိုက် သွား သည် ကိုမြင်သည့်မျက်မြင်သက်သေမှ RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus