နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ၃၃ ဦးကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပြန်ပို့


ဒီဇင်ဘာ (၂) ၊ ကော့ဇ်ဘဇား ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားမြို့ရှိ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ မှ မြန်မာ နိုင်ငံမှတရားမ၀င်ရောက်ရှိလာသောရိုဟင်ဂျာမွတ်စလင်၃၃ဦးကိုယမန်နေ့က မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်လိုက်ကြာင်းသတင်းရရှိပါသည်။

BGB တပ်ရင်း (၄၂) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Zahid Hasan မှ တပ်နာ့ဖ်မြို့Hozaikang နှင့် Dham Dhamia တို့တွင်ထိန်းသိမ်းထားသော ရိုဟင်ဂျာ ၂၂ ဦးကို မြန်မာနိုင်ငံသို့ပြန်လည်၍ ပို့ဆောင် လိုက်ကြောင်းပြောသည်။

BGB တပ်ရင်း (၁၇) မှ တပ်စုမှူး Khalequazzaman မှ ၎င်းတို့ထိန်းသိမ်းထားသည့် ရိုဟင်ဂျာ (၁၁) ဦးကို လည်း အစားအသောက်များပေး၍ မြန်မာနိုင်ငံဘက်သို့ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်းပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ရေတပ်မှအဖွဲ့အစည်းတစ်ခုဖြစ်သောလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ မြန်မာနိုင်ငံသား ၂၀ ဦးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးတို့ကို ကော့ဇ်ဘဇားမြို့အနီးတွင် ငါးဖမ်းစက်လှေ တစ် စီး ပေါ် မှ  ဖမ်း ဆီး ထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ရေတပ် မှသတင်း ထုတ်ပြန်ရာတွင် ထို ၃၂ဦးတို့ သည် မလေး ရှားနိုင် ငံသို့တရားမ၀င်သွားရောက်ရန်စီစဉ်နေသူများဟုရေးသားထုတ်ပြန်ခဲ့သည်။ လူ ကုန် ကူးမှု ကို ပြုလုပ်နေသူများကို ယခုအချိန်ထိဖမ်းဆီးနိုင်ခြင်းမရှိသေးဟု အဆိုပါထုတ်ပြန်ချက်တွင်ရေးသား ဖော်ပြ ထားသည်။

နိုဝင်ဘာလ (၇) ရက်နေ့တွင် လူပေါင်း ၁၁၀ တင်ဆောင်၍ မလေးရှားနိုင်ငံသို့ထွက်ခွာသွားသော စက်လှေ တစ်စီးသည်တပ်နာ့ဖ်မြို့အလွန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်းမှောက်သွားရာ၆၀ဦး ပျောက်ဆုံးသွားပြီး၅၀ ဦး သာအသက်ရှင်ခဲ့ကြောင်းသတင်းရရှိပါသည်။

RB News

Comment ရေးရန်

Rohingya Exodus