နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့တွင်အပြစ်မဲ့ရိုဟင်ဂျာ (၁၀) ဦးကို (၁၀) နှစ်စီထောင်ချမှတ်


အောင်အောင်
RB News
ဒီဇင်ဘာ (၆) ၂၀၁၂

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၌ ဇွန်လတွင်အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် မောင်းတောမြို့နှင့်ဘူး သီးတောင်မြို့များမှ အပြစ်မဲ့ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီးနောက် ဘူးသီးတောင်မြို့အကျဉ်းထောင်တွင် ၀တ်လစ်စလစ်ထား၍နှိပ်စက်ခြင်း၊ အခြားသောနည်း လမ်း ပေါင်း စုံဖြင့်နှိပ် စက်ခြင်းများပြုလုပ်ခဲ့သည်။ ထောင်ထွင်းရိုက်နှက်၍ လက်လွန်သွားသူများကို အစုလိုက် အပြုံ လိုက်ထောင် အနီးတွင်ကျင်းကြီးတူး၍မြှပ်နှံခြင်းများလည်းပြုလုပ်ခဲ့သည်။ လွန်ခဲ့သောလများ တွင် လည်းရှေ့နေ ငှားခွင့်ပင်မပေးဘဲ တရားရုံး၌အမိန့်ချ၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်အပြစ်ပေးခဲ့ပါသည်။

ယခုလည်းဖမ်းဆီးထားသူများထဲမှအပြစ်မဲ့ရိုဟင်ဂျာမွတ်စလင် (၁၀) ဦးကို ဇွန်လအကြမ်းဖက်မှုတွင်ပါဝင် ပတ်သက်ခဲ့သည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီကိုရှေ့နေငှားရမ်းခွင့်မပြုဘဲတရားရုံးမှ စီရင်ချမှတ် လိုက်ကြောင်းသတင်းရရှိပါသည်။

အလုပ်နှင့်ထာင်ဒဏ် (၁၀) နှစ်ချမှတ်ခံရသူများမှာ

(၁) ဆယတ်အဟမတ် (ဘ) အမီးန်ရှရီးဖ် (အသက် ၆၀ နှစ်)
(၂) စလင်းမ် (ဘ) အဗ်ဒူစလာမ် (အသက် ၃၀ နှစ်) 
(၃) စလင်းမ် (ဘ) ဖကီးရ်အဟမတ် (အသက် ၃၃ နှစ်)
(၄) မူဂ်ဇူလ်အဟမတ် (ဘ) ရှိက်အဟမတ် (အသက် ၄၅ နှစ်)
(၅) ယာကွပ်အလီ (ဘ) အယုပ်အလီ (အသက် ၅၀ နှစ်)
(၆) မိုဟာမတ်သယုပ် (ဘ) ယာကွပ်အလီ (အသက် ၂၂ နှစ်)
(၇) အဇီဇ်အဟမတ် (ဘ) ယာကွပ်အလီ (အသက် ၂၀ နှစ်)
(၈) အဗ်ဒူရဟင် (ဘ) အဗ်ဒူမာလိပ် (အသက် ၂၀ နှစ်)
(၉) မိုဟာမတ်ရဖိခ် (ဘ) စီရားဂျုလ်ဟောခ် (အသက် ၃၅ နှစ်)
(၁၀) ဟူစိန်းဂျိုဟာရ် (ဘ) အာသာအုလ္လာ (အသက် ၃၈ နှစ်) - တို့ဖြစ်သည်။

အထက်ပါထောင်ဒဏ်အပြစ်ခံသူများမှာအကြမ်းဖက်မှုကြီးတွင်ပါဝင်ပတ်သက်ခဲ့မှုမရှိသူများဖြစ်သည်။သို့သော် လည်း တရားဥပဒေသည် တရားသူကြီး၏နှုတ်ခမ်းဖျားတွင်သာရှိပြီး၊ရှေ့နေငှားရမ်းခွင့်၊ အယူခံ ၀င်ခွင့်များမရှိဘဲ၊ နှုတ်ခမ်းဖျားမှတရားဥပဒေစိုးမိုးမှုအောက်တွင် ရခိုင်ပြည်နယ်၌ရိုဟင်ဂျာမွတ်စလင် များပြားပြားဝပ်၍နေနေရပါသည်။

Comment ရေးရန်

Rohingya Exodus