နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာမှုပြု သမိုင်းဖျောက်ခြင်းများ (၂)


ဌေးလွင်ဦး
RB News
23.12.2012

ဝတီ လေးရပ် 

ဗမာ စကားဖြင့် ရခိုင်ဟု ခေါ်သော နယ်သည်- စစ်စစ်အားဖြင့် Arakan အာရ်ကန်ဟု မည်တွင်သော ဒေသသာ ဖြစ်၏။ ထိုဒေသ၌ ၀တီ လေးရပ် ပါဝင်သည်ဟု ဆိုသည်။ 

ဓည၀တီ၊ မေဃ၀တီ၊ ရာမာဝတီ၊ ဒွါရာဝတီ- ဟူ၍ ဖြစ်သည်။ ထိုအမည်လေးခုအား လက်ရှိ ရခိုင်စကားဖြင့် အဓိပ္ပါယ် ဖွင့်ဆို၍ မရခြေ-၊ အမည်နာမများ အဖြစ်ဖြင့်သာ ရှိနေပေသည်။ 

သို့သော် ရိုဟင်ဂျာ ဘာသာစကားနှင့်မူ-- 

(၁) ဓည၀တီ မူရင်းအမည် ဒါန်န၀တီ (Wikipedia အရ) = ဒါန်နဟော (အလှုဒါနကြီးပြုနိုင်သည်) + ဒီးယာဟ် (ကျွန်း သို့မဟုတ် ကျွန်းဆွယ်)= ဟု ဖြစ်သည်။ ထို နှစ်ခုအား ပေါင်း၍ ပြောသောခါ ရှေ့ ဝေါဟာရမှ “ဟ” နှင့် နောက်ဝေါဟာရမှ “ဟ” တို့သည် “၀” အသံသို့ ပြောင်းသွားသည်။ ထို့ကြောင့် ဒါန်နဟော + ဒီးယာဟ် မှာ ဒါန်န၀ဒီးဝ် ဟု အသံထွက်သည်။) ထိုစကားလုံး၏ အဓိပ္ပါယ်မှာ “အလှုကြီး အဒါန်းကြီး ပြုနိုင် လောက်အောင် ပေါများ ကြွယ်ဝ သည့် ကျွန်း သို့မဟုတ် ကျွန်းဆွယ်” ဟု ဖြစ်သည်။ Wikipedia ၌လည်း ဓည၀တီ၏ မူရင်း အမည်မှာ Dhannavati, which means "Blessed with grain" ဟု ဖေါ်ပြထားသည်ကို ယနေ့ မျက်မြင် လေ့လာကြည့်ရှုနိုင် သည်။ (စင်စစ် ဓည၀တီ ဟု ရေးသားခေါ်ဆိုခြင်းမှာ ဗမာတို့၏ အသံထွက်ဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်ပေသည်။ 

(၂) မေဃ၀တီ = မာဃီဟ်ဒီယားဟ် -- မာဃီဟ် = မိမိ၏ အလှအား ဖွင့်ပြသော မိန်းမ + ဒီယားဟ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် မာန်အောင်ကျွန်းနယ်ဒေသကို ခေါ်ဆိုခြင်း ဖြစ်ပြီး-၊ ရခိုင်အများ လက် ခံထားသည်မှာလည်း မာန်အောင်ကျွန်းစုအား “မိန်းမလှ”ကျွန်းစုဟူ၍ ဖြစ်ပေသည်။ (ဟ မှ ၀ အသံပြောင်းခြင်း အား နံပါတ် (၁) ဓည၀တီ ရှင်းချက်တွင် ပြန်ကြည့်စေလိုသည်။ 

(၃) ရာမာဝတီ = ရာမ်ဟ်ဒီယားဟ်- ရာဟမ်ဟ်= မင်္ဂလာကျက်သရေ ရှိသော၊ ကောင်းကြီးမင်္ဂလာရှိသော + ဒီးယ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် ကျောက်ဖြူမှ ရမ်းဗြဲ (ကျောက်နီမော်) အထိ ကြီးမားကျယ်ပြန့်သော စားရေရိက္ခာပေါများသည့် ဒေသကြီး ဖြစ်ခဲ့သည်။ 

(၄) ဒွါရာဝတီ = ဒူဝါးရ်ဟ် ဒီယားဟ်- ဒူဝါးရာဟ် = ၀င်ပေါက် ထွက်ပေါက်ရှိသော အရာ၊ တံခါး + ဒီယားဟ် = ကျွန်းသို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ဒေသခံလူမျိုးနှင့် ရခိုင်ရိုးမကြီးတစ်ဘက်ရှိ (နောက်ပိုင်း မြန်မာနိုင် ငံ ဖြစ်လာသည့်) ဒေသနှင့်လည်းကောင်း၊ ရွက်လှေများဖြင့် ခရီးဆက်၍ အခြားသော တိုင်းနိုင်ငံများသို့ လည်း ကောင်း သွားလာနိုင်သည့် “တံခါးပေါက်ကျွန်းဆွယ်” ဟု လည်းကောင်း ဖြစ်ပေသည်။ 

အကယ်၍ ဤအမည်နာမများသည် လက်ရှိ ရခိုင်ဟု ခံယူနေသော လူမျိုးတို့၏ ဘာသာစကားဖြင့် ဖြစ်ခဲ့သော်- ထိုရခိုင်စစ်စစ်ဖြင့် ထိုအမည်နာမတို့၏ အမည်များအား အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော အထောက်အထားများအား ပြ နိုင်ရမည်ပင်-။ ယခုပြောဆိုနေသော ရခိုင်စကား စစ်စစ်ဖြင့် မည်သို့မှ သက်သေပြနိုင်မည် မဟုတ်ချေ။ ထို အမည်နာမတို့အား ပါဠိ ဘာသာမှ ယူ၍ ကင်ပွန်းတပ်ခဲ့သည်ဟု ဆိုလျှင်--၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ဒါန်န၀တီ- (ဓည၀တီ) ထူထောင်သည့် ခေတ်ကာလ၌ ဤကမ္ဘာ၌ ဗုဒ္ဓဘာသာဟူ၍ မရှိခဲ့သေးပါချေ။ 

ရခိုင်အပါအ၀င် မြန်မာနိုင်ငံထဲသို့ ပါဠိဘာသာ ရောက်လာစေရန် အကြောင်းခံ ဖြစ်သည့် ဗုဒ္ဓဘာသာ သည်ပင် လျှင်- အများဆုံး နှစ်ပေါင်း ၂၅၀၀ (ရခိုင်ပညာရှင်တို့ အဆိုအရ ဗုဒ္ဓပွင့်စဉ် ရခိုင်ဒေသအား ရောက်ခဲ့သည် ဆို၍) ထက် မစောနိုင်ခဲ့ပေ။ သို့သော် ဒါန်န၀တီ၊ မေဃ၀တီ၊ ရာမ၀တီ၊ ဒွါရာဝတီ တည်းဟူသည့် ၀တီ လေးရပ်၏ သမိုင်း သည်ကား အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ ကျော်ခဲ့လေပြီ။ ပညာရှင်များ စဉ်းစားကြပါကုန်--။ 

Arakan ၊ နှင့် မြန်မာများ ခေါ်သော ရခိုင်- ဆိုသည်တို့အား 

ဆက်လက် ဖေါ်ပြပါမည်။- 

Comment ရေးရန်

Rohingya Exodus