နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖုံးကွယ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု


ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၃)၊ ၂၀၁၂

ရခိုင်ပြည်နယ်မှာရှေးနှစ်ပေါင်းများစွာကနေထိုင်လာတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ် တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုအချိန်ထိလည်းဆေးဝါးကုသမှုမရ၊ အာဟာရ ချို့တဲ့ မှုတွေ ကြောင့်နေ့စဉ်နဲ့အမျှသေဆုံးတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ကာတာနိုင်ငံအခြေစိုက်နာမည်ကြီးအယ်လ်ဂျဇီးရားသတင်းဌာနက ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး (၁၃) ရက်နေ့ထိ The Hidden Genocide လို့ခေါင်းစဉ်တပ်ထားတဲ့မှတ်တမ်းဗီဒီယိုတစ်ခုကိုပြသတော့မယ်လို့ သိရပါတယ်။



ဒီမှတ်တမ်းနဲ့ပတ်သက်လို့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) လို့ခေါင်းစဉ်တပ်လို့ရတဲ့နေရာကို ကျွန်တော်တို့ရောက်နေပြီ လို့ နိုင်ငံတကာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ပညာရှင်များအသင်း ဥက္ကဌ ပါမောက္ခ William Schabas ကပြောပါတယ်။

အယ်လ်ဂျဇီးရားရဲ့စာနယ်ဇင်းရုံးကတော့ ဇွန်လအတွင်းမှာ ၇၈ ယောက်သေဆုံးတယ်လို့မြန်မာအစိုးရက သတင်းထုတ်ပြန်တာက ရခိုင်ပြည်နယ်မှာသတ်ဖြတ်ခံ ရတဲ့နေရာတွေထဲက အစိတ်အပိုင်းတစ်နေရာက သတင်းဘဲဖြစ်တယ်လို့ဆိုပါတယ်။

အခုပြသမယ့် မှတ်တမ်းဗီဒီယိုမှာ ဇွန်လအတွင်းမှာ လူပေါင်း ၂၀၀ ကျော်ကို ငါးရက်အတွင်း သတ်ဖြတ် ခဲ့ တာ၊ ကျင်းအကြီးကြီးနှစ်ခုထဲမှာမြှပ်ခဲ့တာတွေကိုသက်သေခံမှာဖြစ်ပါတယ်။

ဒါတွေအပြင် -
  • စစ်တပ်၊ နစက၊ လုံထိန်းတွေကပစ်သတ်လို့သေခဲ့ရတဲ့ ၃၅ ယောက် (ကလေး ၂၅ ယောက်) ကိုမြှပ် ထားတဲ့နေရာ 
  • သတ်ဖြတ်ခံရတဲ့လူ ၁၀၀ ကျော်ရဲ့အလောင်းတွေကို ကုန်တင်ကားနဲ့သယ်သွားတာကိုမျက်စိနဲ့ကိုယ် တိုင်မြင်ခဲ့ရတဲ့မျက်မြင်သက်သေ 
  • လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေရဲ့နေအိမ်တွေထဲကို ဓါတ်ဆီပုလင်းနဲ့ပစ်ပေါက်ပြီး မီးရှို့တဲ့ အကြောင်း 
  • ဘာသာရေးပညာရှင် ၄၀ ကိုဗလီထဲကိုခေါ်ပြီး အားလုံးကိုသတ်ပစ်လိုက်တဲ့အကြောင်း 
  • အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို မောင်နှမ၀မ်းကွဲ ၅ ယောက်ရှေ့မှာ ရဲတွေက မီးပုံကြီးထဲကို မီးရှို့သတ်တဲ့အကြောင်း 
  • အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး သေတဲ့အထိညှင်းပန်းနှိပ်စက်တဲ့အကြောင်း၊ ရဲစန်းမှာအလောင်း ၆ လောင်းမြင်ခဲ့ရတဲ့အကြောင်း 
  • အမျိုးသမီးတစ်ယောက်ကို စစ်သား၊ လုံထိန်း၊ နစက အယောက် (၂၀) ယောက်က၀ိုင်းပြီး မုဒိန်း ကျင့်တဲ့ အကြောင်း 
၁၉၈၈ ခုနှစ်ကစပြီး ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုန်းသုတ်သင်ဖို့ ရခိုင်အစွန်းရောက်တွေစီစဉ်ခဲ့တာ ကို ဒီမှတ်တမ်းမှာပြသမှာဖြစ်ပါတယ်။

အယ်လ်ဂျဇီးရားရဲ့အင်္ဂလိပ်နဲ့အရဗီအစီအစဉ်မှာဒီဇင်ဘာလ(၈)ရက်နေ့ကစပြီး(၁၃)ရက်နေ့ထိ နေ့စဉ် ပြသ မှာဖြစ်ပါတယ်။

  1. မြန်မာနိုင်ငံမှာ မွတ်စလင်မ်တွေရဲ.သမိုင်းကို ဦးနုခေတ်ကသာတ
    ရားဝင်ဖော်ပြခဲ.ပြီး မြန်မာနိုင်ငံကိုစစ်အာဏာသိမ်းပြီးအဆင်းရဲဆုံး
    နိုင်ငံဖြစ်အောင်လုပ်ခဲ.တဲ. အာဏာရှင် စစ်ဘီလူး ဦးနေ၀င်းလက်
    ထက်ကျမှ သမိုင်းကိုဖျောက်၊ရခိုင်ကမွတ်စလင်မ်တွေကိုနှိပ်ကွပ်
    မှု.တွေလုပ်ခဲ.တာ သမိုင်းအထောက်အထားများရှိနေပါပြီ။အမှန်
    ကိုလက်မခံနိုင်တဲ.သူဟာလူကောင်းမဟုတ်သလိုကျွန်တော်တို.
    သွားမဲ.ဒီမိုကရေစီလမ်းကိုလည်းဖျက်ဆီးမဲ.သူပါ။ထိုကဲ.သို.သော
    သူများ၊အစုအဖွဲ.များကို ကျွန်တော်တို.အားလုံးအခုအချိန်ဝိုင်းဝန်း
    တိုက်ဖျက်ကြစို.လား။

  2. လက်နက်အားကိုး အာဏာအားကိုး လူအင်အားအားကိုး ဗုဒ္ဓဘာသာယောင်ဆောင် မိစ္ဆာဝါဒီ တွေက မုသားဝါဒကံ ပါဏာတိပါတာကံ ပဉ္စသီလံမှ ဒုတိယသီလံ ကို မနော ကာယ ဝစီ မြောက်အောင် ကျုးလွန်ပြီး မရဏမင်းနှင့် စုံစည်း၍ အဝီစီငရဲခံတွင်းသို့ ဝင်ရောက်ဖို့ ယမမင်းက စောင့်ကြိုလျှက်ပါ။ဘင်္ဂလီရခိုင်အဝကျွန်း အနိက္ခမောဂ်တွေ ပျက်စီးပါစေ။ဒေသခံ ရခိုင်ညီနောင်များအမြင်မှန်ရကြပါစေ။

Comment ရေးရန်

Rohingya Exodus