နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့တွင်မွတ်စလင်များလူသတ်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးသွား


မောင်မောင်
RB News
ဒီဇင်ဘာ (၆) ၂၀၁၂

မင်းပြား ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတဘားရက်ဟူစိန်းအိုဘားမား ခြောက်နာရီကြာအလည်အပတ် လာရောက်ပြီး ရိုဟင်ဂျာ လူမျိုးများသည်အခြားသော သူများကဲ့သို့တူညီသော ဂုဏ်သိက္ခာရှိကြောင်းကိုရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြောကြားခဲ့ သည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားပြီးနောက်၊ရခိုင်အမျိုးသား များတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်မှတတိယ လှိုင်းဖြစ်လာမည်ဟုမီဒီယာများမှတဆင့် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

 ထိုအချိန်မှစ၍ရခိုင်ပြည်နယ်တွင်နေထိုင်ကြသောရိုဟင်ဂျာမွတ်စလင်များကိုနည်း လမ်းမျိုးစုံဖြင့်နှောက် ယှက် ၍ပြဿ နာဖန်တီးရန်ကြိုးစားလျက်ရှိသည်။ ယမန်နေ့ကကုလသမဂ္ဂ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ချုပ် Ms. Valerie Amos သည် ရိုဟင်ဂျာများ၏ လက်ရှိဒုက္ခ သည် ဘ၀ကို သက်သေ ခံသွား ပါ သည်။
ဒီဇင်ဘာလ (၃) ရက်နေ့တွင် မင်းပြားမြို့သေကန်ကျေးရွာတွင် ရခိုင်လူမျိုးအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ဓါးဖြင့် ခုတ်ကြရာ ဦးမောင်သိန်းနု (ဘ) ဦးကျော်စိန် ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။ အခင်းဖြစ် ပွားပြီး နောက် အဓိကရုန်း ဖန်တီးလိုသူများမှ ရိုဟင်ဂျာမွတ်စလင် များမှသတ်ရန်ကြိုးစား သည်ဟုသတင်း လွှင့်ခဲ့ သည်။ ထို့နောက်အနီးရှိစမ်းဘလေကျေးရွာမှ ရိုဟင်ဂျာမွတ်စလင် (၆) ဦးအပြစ်မဲ့ဖမ်းဆီး သွားကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလတွင်မင်းပြားမြို့အပါအ၀င်အခြားသောမြို့များ၌ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မွတ် စလင် များမှာ မိမိတို့၏ ရွာအပြင်သို့သွားရန်ပင်လွန်စွာခက်ခဲနေ၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ ကိုပင်လုပ်ကိုင်၍မရဖြစ်နေပါသည်။ ယမန်နေ့က ကုလအကြီးအကဲ Ms. Amos ၏ပြန် လည်ပြောပြ ချက် များ တွင်လည်း မွတ်စလင်များကိုမိမိတို့၏နေရပ်မှ သွား၍မရအောင်စစ်တပ် မှတားဆီးထားကြောင်း ပါဝင်ပါ သည်။

ဦးမောင်သိန်းနုနှင့်ရခိုင်လူမျိုးများအချင်းချင်းအခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍"ကျွန်တော်တို့မှာစားစရာ၊ သောက် စရာဝယ်ဖို့တောင် အခက်အခဲဖြစ်နေတယ်။ ဘယ်မှသွားလို့လာလို့မရဘူး။ ကျွန်တော် တို့မှာဘယ်သူ့ ကိုမှတိုက်ခိုက်လိုတဲ့ဆန္ဒလည်းမရှိဘူး။ တခုခုဆိုတာနဲ့ ကျွန်တော်တို့ကို လှည့်ပတ်ပြီးပြဿ နာလုပ်တယ်။ ကျွန်တော်တို့လူတွေကိုဖမ်းမယ် နှိပ်စက်မယ်။ ဒါတွေက ကျွန်တော်တို့အတွက်အထူးအဆန်းတော့မဟုတ် ပါဘူး။ ဖမ်းသွားမယ် ငွေညှစ်မယ်။ ဒါတွေကဒီမှာအမြဲတမ်းလိုလိုဖြစ်နေတဲ့ကိစ္စတွေပါ။ ကျွန်တော်တို့မလုပ် လည်းလုပ်တယ်လို့စွပ်စွဲတယ်။ အခု ၆ ယောက်ကိုလည်းမတရားသဖြင့်ဖမ်းသွားတာပါ။ ရွာကနေဘယ်မှ သွားလို့မရတာဗျာ။ သူများရွာသွားပြီးသတ်ဖို့ဆိုတာအဝေးကြီးပါ။" ဟုမင်းပြားဒေသခံတစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus