နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလအကြီးအကဲ ဦးသိန်းစိန်နှင့်ရိုဟင်ဂျာအရေးဆွေးနွေးမည်


ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

ရန်ကုန်။ ။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂလူသားချင်းစာ နာထောက်ပံ့ရေးနဲ့ အရေးပေါ် ကူညီရေး ဌာနရဲ့အကြီးအကဲဖြစ်တဲ့ Ms. Valerie Amos ဟာဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခ သည်စခန်း တွေကိုသွားရောက်ကြည့်ရှူခဲ့ပါတယ်။ မနေ့က ကချင်ပြည်နယ်ကိုသွားပြီး စစ်ဘေး သင့် ဒဏ်ခံရတဲ့ဒုက္ခသည် စခန်းတွကိုကြည့်ရှူခဲ့ပါတယ်။ ဒီနေ့ကတော့မြန်မာနိုင်ငံခရီးစဉ် ရဲ့နောက် ဆုံးနေ့ဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမယ်လို့သိရတယ်။

ဦးသိန်းစိန်နဲ့တွေ့ဆုံတဲ့အခါမှာ ရိုဟင်ဂျာမွတ်စလင်များနိုင်ငံသားရရှိရေးနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စ လင် ဒုက္ခသည်စခန်းတွေရဲ့အခြေအနေတွေတိုးတက်ဖို့အဓိကထားဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂ လူ သား ချင်း စာနာထောက်ပံ့ရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့ပြောကြားလိုက်ပါတယ်။

Ms. Amos ရဲ့ရုံးဖြစ်တဲ့ UNOCHA ကတော့ ဒုက္ခသည်စခန်းတွေမလုံခြုံတဲ့အကြောင်း၊ လူတွေ ကို ပြွတ်သိပ် ပြီးထားတာတွေနဲ့မိလ္လာစနစ်တွေမရှိတဲ့အကြောင်းတွေကို မီးမောင်း ထိုးပြထား ပါတယ်။ သူတို့ အနေနဲ့ ဒီကိစ္စ တွေကို သမ္မတဦးသိန်းစိန် နဲ့ညှိနှိုင်း ပြီးဖြေရှင်း ရမယ် လို့ပြောနေကြ ပါတယ်။ ယာယီ တဲတွေ၊ အိမ်အသုံးဆောင် ပစ္စည်းတွေနဲ့ကျန်းမာရေး နဲ့ဆိုင်တာတွေ အပူ တပြင်း လို အပ်နေ တယ် လို့ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသဒါရိုက်တာဖြစ်တဲ့ Mr. Phil Robertson က ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ပံ့ရေးဌာနအကြီးအကဲရဲ့ခရီးစဉ်နဲ့မှတ်ချက်တွေက လက်ရှိရခိုင်ပြည်နယ်ထဲမှာရှိ တဲ့ပြဿနာတွေကိုထင်ရှားအောင်မီးမောင်းထိုးပြလိုက်တယ်လို့ပြောပါတယ်။ အခုလိုသေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေကိုအသိအမှတ်ပြုပြီး အရှိအတိုင်းပြောဆိုတဲ့အတွက် ကြိုဆို တဲ့အကြောင်း Mr. Robertson ကမှတ်ချက်ပေးပြီး၊ခွဲခြားပြီးထားနေတဲ့ပေါ်လစီပိုင်းနဲ့ပတ်သက်ပြီး မြန်မာ အစိုးရကိုတွန်းအားပေးပြီးအသိုင်းအ၀ိုင်းနှစ်ခုအတူပြန်လည်နေထိုင်ရေးကိုရေရှည်ဖြေရှင်းမှုတစ်ရပ်အနေနဲ့လုပ်သွားရမယ်လို့ ၎င်းကပြောပါတယ်။

Comment ရေးရန်

Rohingya Exodus