နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရကျေးရွာ၌ရိုဟင်ဂျာများကိုအတင်းအဓမ္မဘင်္ဂလီဟုစာရင်းရေးသွင်းနေ


QS Madani 
RB News 
23.12.2012 

မောင်းတော ။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ငါးခူရကျေးရွာတွင် နယ်စပ်ဒေသ ကွပ်ကွဲရေး (နစက) နယ်မြေ (၅) မှ ဦးဝင်းလှိုင်ဦးဆောင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများအား ရွာသူ ရွာသား များကို နယ်မြေစခန်းသို့ လွှတ်၍ စာရင်းသွင်းရန်ယနေ့နံနက်ပိုင်းက အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုသို့ စာရင်းသွင်းရာ တွင် ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်းဖြစ်ပြီး၊ မှတ်တမ်းများကို ကြည့်ရှူခွင့်မပြုဘဲလက်ဗွေ ယူနေခြင်းဖြစ် သောကြောင့်ရွာသူရွာသားများမှသွားရောက်၍စာရင်းသွင်းရန်ငြင်းဆိုခဲ့သည်။ထိုသို့သွားရောက် ရန်ငြင်း ဆိုသောကြောင့်နစကမှ ငါးခူရဈေးအတွင်းမှ ရိုဟင်ဂျာလူငယ်နှ စ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖမ်းဆီးခံရသူနှစ်ဦးမှာ - (၁) ဦးရှားအာလမ် (ဘ) ဦးမိုဟာမတ်အာလမ် (အသက် ၃၅ နှစ်) နှင့် (၂) ဦးရှော်ကပ်အလီ (ဘ) ဦးအရှူအလီ (အသက် ၃၆ နှစ်) တို့ဖြစ်သည်။ ထိုနှစ်ဦးကို ငါးခူရဈေးအနီးရှိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ နေ့လည် ၂ နာရီခွဲခန့်တွင်ခေါ်ဆောင်လာပြီး၊ လိုအပ်သည့်အချက်အလက် များဖြစ်သည့် မိဘအမည်များ၊ မှတ်ပုံတင်အမှတ်၊ အိမ်ထောင်စုစာရင်းအမှတ်များကိုမှတ်တမ်းယူခဲ့ပြီး၊ ဓါတ်ပုံနှစ်ပုံကို ရှေ့နောက်ရိုက်ခဲ့သည်။ ထို့နောက်လက်ဗွေယူ၍၊ တစ်ဦးထံမှ ငွေကျပ် ၅ သိန်းစီယူကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ 

နေ့လည် ၂ နာရီခန့်တွင် နယ်မြေ (၅) မှဦးဝင်းလှိုင်သည် ရွာသူရွာသား ၇၀ ဦးကို အစည်းအဝေးခေါ် ယူခဲ့ရာ ၂၀ ဦးခန့် တက်ရောက်ခဲ့သည်။ ဦးဝင်းလှိုင်မှ ယခုလုပ်နေသော စစ်ဆေးရေးကို မပျက်မကွက် သွားရောက်၍ မှတ်တမ်းတင်ရမည် ဖြစ်ကြောင်း၊ မသွားရောက်ပါက အစိုးရမှပြင်းပြင်းထန်ထန် အရေး ယူမည် ဟုပြောကြား ခဲ့ကြောင်းသိရသည်။ ထိုအစည်းအဝေးတွင် ရိုဟင်ဂျာတစ်ဦးမှ “ဘာကြောင့် ကျွန်တော် တို့ကို အတင်းအဓမ္မ ဘင်္ဂလီလုပ်ပစ်နေတာလဲ။ ပြီးတော့ ၁၉၉၀ မှာလည်းအခုလို စာရင်းကောက်ပြီးပြီ။ အခုတခါလည်းဘာလုပ် တာလဲ။” ဟုမေးမြန်းရာ ဦးဝင်းလှိုင်မှ ၎င်းမှာဖြေဆို ရန်တာဝန်ရှိ သူမဟုတ်ကြောင်း၊ အထက်အစိုးရအရာရှိ များသာဖြေကြားနိုင် မည်ဖြစ်သည် ဟုပြန် လည်ဖြေကြား ခဲ့သည် ဟုသိရသည်။ တစ်ဖန်ဦးဝင်းလှိုင်မှ ကျေးရွာ အုပ်ချုပ်ရေးဝန်ထမ်းများအားနေ့စဉ် မိသားစု (၁၀) စုအားနယ်မြေစခန်းသို့ စာရင်းသွင်းရန်အတွက် လွှတ်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus