နောက်ဆုံးသတင်း/ဆောင်းပါးများ

နစကမှရိုဟင်ဂျာအမျိုးသမီးများကိုခြိမ်းခြောက်

M.S. Anwar 
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

မောင်းတော ။ ။ ဒီဇင်ဘာလ (၅) ရက်နေ့တွင် မောင်းတောမြို့ဘဂူးနားရွာရှိဈေးမှဆိုင်ခန်း ၄၀ ခန့်ကို နယ် စပ်ဒေ သကွပ်ကဲ ရေး (နစက) တပ်ဖွဲ့ဝင်များကမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ဆိုင် ခန်း အ များ စုမှာ မီးလောင်ဖျက်ဆီး၍ ပြာအဖြစ်သို့ရောက်ရှိခဲ့ပြီး၊ အချို့မှာတစ်ဝက်ခန့်မီးလောင်ခဲ့သည်။ ဒီဇင် ဘာလ (၆) ရက်နေ့တွင် နစကတပ်ဖွဲ့ဝင်များ တစ်ဖန်ရောက်ရှိလာပြီး ရွာအတွင်းရှိ ရိုဟင်ဂျာ အမျိုးသမီး ၃၀ ခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့အမျိုးသမီးများ ကိုဖမ်းဆီးခေါ်ဆောင် သွား ရခြင်း မှာ အ မျိုး သား များတိမ်းရှောင်နေခဲ့သောကြောင့်ဖြစ်သည်။ အဆိုပါအမျိုး သမီးများကို ညနေပိုင်း တွင်ပြန် လည် လွှတ်ပေးခဲ့သည်။သို့သော်လည်းမီးလောင်မှုနှင့်ပတ်သက်၍အစိုးရအထက်ပိုင်းမှစုံစမ်းစစ်ဆေး ရေးရောက် ရှိ လာလျှင်ထိုဈေးဆိုင်များကို ရိုဟင်ဂျာအမျိုးသားများက မီးရှို့ဖျက် ဆီးခဲ့ကြောင်း လိမ် လည်ပြော ဆို ရန်ခြိမ်း ခြောက်၍ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“မနေ့ကမနက်က နစကနယ်မြေ (၇) စခန်းအမှတ် (၁၅) ကတပ်ဖွဲ့ဝင်ရောက်လာပြီးတော့ ရွာထဲမှာရှိ တဲ့ ရိုဟင် ဂျာအမျိုးသမီး ၃၀ကိုဖမ်း သွားပြီးတော့ ကျောင်း ထဲမှာတနေကုန်ချုပ်ထား တယ်။ညနေပိုင်း မှာပြန် လွှတ်ပေး လိုက်တယ်။ ဒါပေမယ့် သူတို့ကိုခြိမ်းခြောက်ပြီးပြန်လွှတ်လိုက်တာပါ။ ဘယ်လိုခြိမ်းခြောက် လိုက် လဲဆိုတော့ တကယ်လို့ အထက်ကနေရွာ မှာနစက ဈေးဆိုင်ခန်းတွေမီးရှို့ တဲ့ကိစ္စနဲ့ပတ်သက်ပြီးလာ စုံစမ်းရင်ရွာထဲကရိုဟင် ဂျာအမျိုးသားတွေ ကမီးရှို့တယ်လို့ပြောရမယ် ဆိုပြီးပြောလိုက်တာပါ။ တကယ် လို့အဲဒီလိုမပြောရင် နောက်ပိုင်း ဖမ်းပြီးညှင်းပန်းနှိပ်စက်မယ်လို့ပြောလိုက်ပါတယ်။ 

ဒါတွေအပြင်ရွာထဲက ဟာဇရာ (အသက် ၄၉ နှစ် - ဂျမာလ်ရဲ့ဇနီး) အိမ်ကနေ ၂၂ သိန်းဖိုးတန်ဖိုး ရှိတဲ့ ပစ္စည်းတွေ ကိုလည်းလုယက်ယူ သွားသေးတယ်။ဒီနေ့တော့ နစကဌာနချုပ်ကအကြီးဆုံးရောက် လာပြီးတော့ ရွာ သားတွေနဲ့ အစည်းအဝေးလုပ်ဖို့ ခေါ်တယ်။ရွာသားတွေကကြောက်လို့မသွားရဲကြဘူး။ အဲဒီတော့ နစက မှူး က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဆရာဦးဂျဟာန်ဂီးရ်က တဆင့် ဘာ မှကြောက် စရာမ လို တဲ့ အကြောင်းနဲ့ အစည်းအဝေးကိုတနင်္ဂနွေနေ့မှာပြန်ပြီး လုပ်မယ်လို့ ပြောသွား တယ်။ အခုအချိန် ထိရွာ သားတွေကအဲဒီအစည်းအဝေးကို သွားမယ်မသွားဘူးဆိုတာမဆုံးဖြတ်ရသေးဘူး” ဟုရွာမှ လူကြီးတစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus