နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖြည့်စွက် - ကြားဖြတ်သတင်း - မောင်းတောမြို့ရှိဈေးကို နစကမှမီးရှို့


M.S. Anwar
RB News
ဒီဇင်ဘာ (၅) ၂၀၁၂ - ၁၈း၀၅ GMT

မောင်းတော။ ။ ယနေ့ည ၈ နာရီခွဲတွင် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ ၇ - စခန်းအမှတ် (၁၅) မှတပ်ဖွဲ့ဝင်များသည် ဘဂူနားကျေးရွာမှ အပြစ်မဲ့ရိုဟင်ဂျာနှစ်ဦးကိုဖမ်းဆီးပြီး၊ ရိုဟင်ဂျာလူမျိုးများ၏ ဆိုင်ပေါင်း ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ရာ သိန်း ၆၀၀ ကျော်ဆုံးရှုံးသွားကြောင်းသတင်းရရှိပါသည်။

နစကအကြီးတန်းအရာရှိမှ နစကတပ်ဖွဲ့ဝင်များကို ရွာအထဲရှိ ရိုဟင်ဂျာများကို မဖမ်းဆီးရန် မှာကြား ထား သော် လည်း အထက်အရာရှိအမိန့်ကိုဖီဆန်၍ ဗလီမှထွက်လာသော ရိုဟင်ဂျာနှစ်ဦးဖမ်း ဆီးခဲ့ခြင်းဖြစ် သည်။ ဖမ်းဆီးခံရသူများမှာ -

(၁) ဖီရ်မိုဟာမတ် (ဘ) မိုဟာမတ်ယူနုစ် (အသက် ၃၃ နှစ်)
(၂) မော်လ၀ီမိုဟာမတ်နရီးမ် (ဘ) အမည်မသိ (အသက် ၅၀ နှစ်) - တို့ဖြစ်သည်။

ိထိုဖမ်းဆီးခံရသူများကို နစကတပ်ဖွဲ့ဝင်များမှ ရိုက်နှက်၍ညှင်းပန်းနှိပ်စက်ရာ အဖမ်းခံရသူများမှ မခံနိုင်၍ ရွာသားများကို အကူအညီတောင်းခံခဲ့သည်။ ထိုအခါရွာသားများမှ ထိုအဖမ်းခံရသူများကိုကယ်ဆယ်ရန် ကြိုးစားခဲ့ကြသည်။ ထို့နောက် နစကတပ်ဖွဲ့ဝင်များမှပစ်ခတ်ခဲ့ကြောင်းသိရသည်။

အထက်အမိန့်ကိုဖီဆန်သော နစကတပ်ဖွဲ့ဝင်များမှ အမိန့်ဖီဆန်သည့်အကြောင်းရင်းကို ဖျောက်ပစ်ရန် နှင့် အထက်အရာရှိပေး မည့်အပြစ်ဒဏ်ကိုရှောင်ရှားရန် ရိုဟင်ဂျာများပိုင်ဆိုင်သော ဆိုင်များကိုမီးရှို့ခြင်းဖြစ် သည်။ ယခု အခါ စစ်တပ်နှင့်နစကမှအကြီးအကဲများရောက်ရှိလာ၍ အခင်းဖြစ်ပွားရာနေရာကိုကြည့်ရှူ လျက်ရှိကြောင်း သိရသည်။ 

အနီးရှိရွာမှ ရိုဟင်ဂျာလူကြီးတစ်ဦးက - ကျွန်တော်တို့အခုကြောက်နေရတယ်။ ကျွန်တော်တို့အတွက် မကောင်းတာတွေဘဲဖြစ်လာမယ်။ ကျွန်တော်တို့ကိုဖမ်းမယ်။ နှိပ်စက်မယ်။ သတ်တောင်သတ်ပစ်နိုင်တယ်။ ကျွန်တော်တို့ဘာမှမလုပ်ပေမယ့် ကျွန်တော်တို့လုပ်တယ်ဆိုတဲ့ပုံစံမျိုးစွပ်စွဲမယ် - ဟုပြောသည်။ 

******************************************************
မင်းခန့်
RB News
ဒီဇင်ဘာ (၅) ၂၀၁၂ - ၁၇း၁၀ GMT

မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့၊ မကြီးချောင်းရှိ နယ်စပ်ဒေသကွပ်ကဲရေး (နစက) တပ်ဖွဲ့ များမှ မောင်းတောမြို့ ဘဂူနားကျေးရွာရှိ ဈေးကြီးကို ယနေ့ည ၉ နာရီခန့်တွင် မီးရှို့ဖျက် ဆီး လိုက် ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါဈေးတွင်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး၊ ယခုအချိန်ထိမီးလောင်လျက်ရှိသည်။ မီးလောင် ဆုံးရှုံး သွား သော တန်ဖိုးနှင့်အခြားသောအသေးစိတ်အချက်အလက်များကို စုံစမ်းလျက်ရှိသည်။

Comment ရေးရန်

Rohingya Exodus