နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးမှမွတ်စလင်များနိုင်ငံသားမဟုတ်ဟုပြော


မာတလိ 
RB News 
26.12.2012 

ဘူးသီတောင် ။ ။ ယမန်နေ့က ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေမှ ကျေးရွာအသီးသီးမှ ရိုဟင်ဂျာမွတ်စလင် ရပ်မိရပ်ဖများကို အစည်းအဝေးခန်းမသို့ လာစေပြီး အစည်းအဝေး၌ ဘူးသီးတောင် မြို့နယ်ရှိ မွတ်စလင်များသည် နိုင်ငံသား မဟုတ်ကြောင်းပြောလိုက်ကြောင်းသတင်းရရှိပါသည်။

“မင်းတို့ကနိုင်ငံသားမဟုတ်ဘူး၊ ဒီတော့မင်းတို့က အခုလုပ်နေတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးရွေး တဲ့ နေရာတွေမှာ ၀င်မရှုပ်နဲ့၊ မင်းတို့အရွေးခံခွင့်လဲမရှိဘူး၊ မဲထည့်ခွင့်လဲမရှိဘူး” ဟုဘူးသီးတောင်မြို့ နယ် အုပ်ချုပ်ရေးမှူးဦးသန်းရွှေမှ အစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြော သည်။ ဦးသန်းရွှေမှ ဗုဒ္ဓဘာသာဝင်များကို ရွေး၍ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ်ရွေးချယ်လျက် ရှိကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် မြောက်ဦးမြို့သားတစ်ဦးဖြစ်ပြီး၊ အစွန်းရောက်ရခိုင် အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်သည်။ ဘူးသီးတောင်မြို့နယ်တွင်မည်သည့် ဆူပူအကြမ်းဖက်မှုမှမရှိခဲ့ဘဲ၊ ဆူပူ အကြမ်းဖက်ခဲ့သည်ဟုအထက် ဌာနများသို့ မဟုတ်မမှန်သတင်းများလိမ်လည်တင်ပြခဲ့ပြီး ရိုဟင်ဂျာ မွတ် စလင်အများအပြားကိုဖမ်းဆီးစေ၍ ထောင်ဒဏ် (၁၀) နှစ်စီကျအောင်လုပ်ခဲ့သူဖြစ်သည်။

ဘူးသီးတောင်မြို့မှဒေသခံတစ်ဦးမှ “နိုင်ငံတော်အကြီးအကဲတွေက ရခိုင်နဲ့ရိုဟင်ဂျာပြန်လည်သင့်မြတ် ရေး ကိုဆောင်ရွက် နေတဲ့အချိန်မှာ ကျွန်တော်တို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ကတော့ လူမျိုးဘာသာ ခွဲခြားပြီး ဒေသတည်ငြိမ်အေးချမ်း ရေးကိုပျက်ပြားအောင်လုပ်နေတယ်” ဟုပြောသည်။

၎င်းမှဆက်လက်၍ “အုပ်ချုပ်ရေးမှူး ဦးသန်းရွှေလို အစွန်းရောက် ရခိုင်အမျိုးသားရေးဝါဒီ အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို မြန်မာ့လူ့အဖွဲ့အစည်း ကနေပယ်ထုတ်နေသမျှ ကာလပတ်လုံး ရခိုင်ပြည်နယ်ကြီးမှ တည်ငြိမ်အေး ချမ်းမှုရှိနိုင်မှာမဟုတ်ဘူး၊ အဲဒီလိုလုပ်နေတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့လိုတယ်” ဟု ပြောပါသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်များက အိန္ဒိယနှင့် တွဲဖက်၍ အုပ်ချုပ်ခဲ့သည့်အချိန်တွင်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များ မဲပေးပိုင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့် များရှိခဲ့သည်။ ၁၉၈၂ ခုနှစ်မှစ၍ ဦးနေ၀င်းမှ ထိုအခွင့် အရေးများကို ရပ်တန့်ခဲ့သော်လည်း၊ စစ်အစိုးရ လက်ထက် ၁၉၉၀ ရွေးကောက်ပွဲ တွင်ပြန် လည်ရခဲ့ပြီး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက်လည်း မဲပေးပိုင်ခွင့်ရခဲ့သည်။ ထို့အပြင် ၂၀၁၀ ရွေးကောက် ပွဲတွင် လည်း မဲပေးပိုင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့် ရခဲ့ကြသည်။ သို့သော် ယခုအခါ ဒီမိုကရေစီ အစိုးရ တက်လာပြီး နောက် ရပိုင်ခွင့်ပိုမိုရမည့်အစား ရခဲ့သည့်အခွင့်အရေးများ ပင်ပြန် လည်ဆုံးရှူံးနေရသည်။

Comment ရေးရန်

Rohingya Exodus