နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ၊ အောင်မင်္ဂလာရပ်ကွက်တွင်နယ်ထိန်းရဲများဒုက္ခပေးလျက်ရှိ

အောင်မင်းဦး 
RB News
ဒီဇင်ဘာ (၉) ၂၀၁၂

စစ်တွေ။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောဇွန်လဆန်းအကြမ်းဖက်မှုကြီးတွင် စစ်တွေမြို့တွင်နေထိုင်သော အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလူမျိုးများ၏နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရာ အောင်မင်္ဂလာ၊ ကျောင်းကြီး လမ်း၊ ကုန်းတန်းနှင့်မောလိပ်ရပ်ကွက်များတွင်သာအိမ်အချို့ကျန်ခဲ့သည်။ ထိုရပ်ကွက်များရှိမွတ်စလင်များ မှာ စီးပွားရေးလုပ်ပိုင်ခွင့်၊ ဈေးဝယ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်များဆုံးရှူံးနေရသည်။

လွန်ခဲ့သည့်ကြာသပတေးနေ့ (ဒီဇင်ဘာလ ၆ ရက်) ည ၇ နာရီ မိနစ် ၅၀ တွင်ကျောင်းကြီးလမ်းရပ်ကွက် တွင်နေထိုင်သော လူငယ်နှစ်ဦးသည် ဘုမေရပ်ကွက် မှ အောင်မင်္ဂလာ ရပ်ကွက် သို့လာရာ၊ အောင်မင်္ဂလာ ရပ်ကွက် သို့အရောက်တွင် ရဲများက ဖမ်းဆီး သွားခဲ့သည်။ ထိုလူ ငယ်နှစ်ဦး ကိုထောင် ဒဏ်နှစ် လချမှတ်လိုက် သည်ဟု သတင်းများပျံ့နှံ့နေသော်လည်း ယခုအချိန် ထိသတင်းအတိ အကျမရသေးကြောင်း “ရဲတွေ ထဲက တပ်သား အဆင့်လောက်ရှိ တဲ့သူ တစ်ယောက်ပြော တာကတော့ ထောင်နှစ်လ ချလိုက် ပြီပေါ့။ ဒါပေ မယ့် ဖမ်း သွား တာက ၆ ရက်နေ့ည မှာ နောက်နေ့ တရားရုံးမှာ အမိန့် ချဖို့မဖြစ်နိုင်ဘူး။ အခု အချိန် ထိကလေးတွေ ရဲ့ မိ သားစုကိုယ် တိုင်က လည်းအဲဒီ ကလေးတွေ ဘယ်မှာရှိနေ လဲဆိုတာ မ သိကြဘူး”ဟုထိုလူငယ်နှစ်ဦးနှင့် ရင်းနှီးသောသူ တစ်ဦးမှ      RB   News သို့ပြောသည်။
အောင်မင်္ဂလာရပ်ကွက်တွင်မွတ်စလင်များကိုဒုက္ခပေးနေသောနယ်ထိန်းရဲနှစ်ဦးမှတစ်ဦး - တပ်သား ခွန်မျိုးနိုင်
(ဓါတ်ပုံ - RB News) 


စစ်တွေမြို့တွင်ညမထွက်ရအမိန့်မှာ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိသာဖြစ်ပြီး၊ လူငယ်နှစ်ဦးကို ည၇နာရီ မိနစ် ၅၀ တွင်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထိုလူငယ်နှစ်ဦးမှာ -

(၁) ဟာမိတ်ဟူဆောင် (ဘ) ဦးအေလီယာစ် (အသက် ၁၅ နှစ်)
(၂) မိုဟာမတ်ရှဖိခ် (ဘ) ဦးကမာလ်ဟူဆောင် (အသက် ၁၅ နှစ်) တို့ဖြစ်သည်။

သွားရေးလာရေးခက်ခဲသောကြောင့်အောင်မင်္ဂလာရပ်ကွက်ရှိဈေးဆိုင်များသည်နယ်ထိန်းရဲများကိုသာအား ကိုးနေရပြီး၊အဆမတန် ပေးနေရသည့်အပြင် -“တခါတလေပစ္စည်းဝယ်ပေး မယ်ဆိုပြီးရဲကပိုက်ဆံ ယူသွား တယ်။ ပေါ်မလာတော့ဘူး။ပြီးတော့ပိုက်ဆံလည်းပြန်မရ၊ပစ္စည်းလည်းမရနဲ့ဆုံးပေါင်းမနည်းတော့ဘူး။ ပြဿ နာလုပ် ရင်ကိုယ်ဘဲခံရမှာ ဆိုတော့သည်းခံပြီးနေ ရတယ်”ဟုအောင်မင်္ဂလာရပ်ကွက် မှဒေသခံ တစ်ဦး က RB News သို့ပြောသည်။

“ဟင်းသီးဟင်းရွက်ဝယ်ဖို့တောင်ကျွန်တော်တို့သွားလာလို့မရဘူး။ရဲတွေကအမြဲခြိမ်းခြောက်တယ်။ကျွန်တော် တို့မှာ အလုပ် အကိုင်လည်းမရှိဘူး။ အဲဒီတော့စားနပ်ရိက္ခာအဖွဲ့ကထောက်ပံ့တာတွေနဲ့ ရပ်တည်နေရတယ်။ အဲဒီရိက္ခာတွေကို ရဲတွေကဖြတ်ယူတယ်။ အပြည့်အ၀၊ လုံလုံလောက်လောက် မရဘူး” ဟုအဆိုပါဒေသခံမှ ဆက်လက်ပြောသည်။

အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သောမွတ်စလင်များကို ဇွန်လမှစ၍ဒုက္ခပေးနေသည့်နယ်ထိန်းရဲများမှာ ရဲအုပ်စိုးမြင့်နှင့် ရဲတပ်သားခွန်မျိုးနိုင်တို့ဖြစ်သည်။ “ဒမြတိုက်တာထက်ဆိုးတယ်။ ဒုက္ခပေးတာကတော့ တဖက်ကမ်းလွန်တယ်။ရဲအုပ်စိုးမြင့်ကတော့ဒီနေ့ဘဲရေချမ်းပြင်ကိုTransferထိသွားတယ်။ နောက် တစ်ယောက်သူ့နေရာကိုရောက်လာပြီ။ ဘယ်သူဘယ်ဝါဘယ် လိုဆိုတာတော့မ သိသေး ဘူး။ ခွန်မျိုးနိုင်က ရှမ်းလူမျိုး။သူလည်းကျွန်တော်တို့ကိုအရမ်းဒုက္ခပေးတယ်။သူတို့နှစ်ယောက်ကိုကျွန်တော်တို့အမြဲကြောက်နေ ရတယ်” ဟုဒေသခံမှပြောသည်။

Comment ရေးရန်

Rohingya Exodus