နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလသမဂ္ဂအကြီးအကဲ Ms. Valerie Amos မှရိုဟင်ဂျာများကို နိုင်ငံသားပေးသင့်ဟုပြော


ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၃) ၂၀၁၂

ဒက္ကာ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေကို ခရီးထွက်ခွာလာတဲ့ကုလသမဂ္ဂ လူသားချင်း စာနာထောက်ပံ့ရေးနဲ့အရေးပေါ်လူမူဖူလုံရေးဌာနအကြီးအကဲဖြစ်တဲ့ Ms. Valerie Amos က မြန်မာနိုင်ငံ အနေနဲ့ လူနည်းစုများဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးစုကိုနိုင်ငံသားအဖြစ်အသိအမှတ်ပြုသင့်တယ်လို့ The Daily Star သတင်းစာနဲ့အင်တာဗျူးပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

"ရိုဟင်ဂျာလူမျိုးစုကိုကွင်းတစ်ကွင်းထဲဘောလုံးကန်သလိုမျိုးလုပ်နေတာဟာအင်မတန်သနားဖို့ကောင်းပါ တယ်။ ကျွန်မအနေနဲ့ရိုဟင်ဂျာလူမျိုးများရဲ့အခြေခံအခွင့်အရေးနဲ့ပတ်သက်လို့သက်ဆိုင်တယ်။ အရေးကြီး ဆုံးကတော့မြန်မာအစိုးရအနေနဲ့သူတို့ရဲ့လူမျိုးစုဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးစုကိုနိုင်ငံသား အဖြစ်အသိ အ မှတ် ပြုသင့်တယ်။" လို့ စီတီးဟိုတယ်မှာ The Daily Star သတင်းစာနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။

Ms. Amos ကဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်ကရိုဟင်ဂျာဒုက္ခသည်တွေကိုနေရာပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်း၊ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံတွင်းမှာညှင်းပန်းနှိပ်စက်ခံရတဲ့အခါမှာ ကူညီပေးစေလိုကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အခြားအစိုးရအဖွဲ့ဝင်တွေကိုပြောကြားခဲ့တယ်လို့သိရပါတယ်။

Ms. Amos ရဲ့ရုံးက ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ဒီနှစ်မှာ ဒေါ်လာ ၁၁ သန်းလျာ ထားပြီးတော့ ဆော်ဒီအာရေဗျားနိုင်ငံကပေးမယ့် ဒေါ်သန်း ၅၀ ကမြန်မာနိုင်ငံတွင်းမှာ လူသား ချင်းစာနာ တဲ့အထောက်အပံ့တွေပေးအပ်ဖို့ လိုအပ်တဲ့အေဂျင်စီတွေနဲ့လုပ်ကိုင်သွားဖို့စီစဉ် ထားတယ် လို့ပြော သွားပါ တယ်။ 

ဒီဇင်ဘာလ (၄) ရက်နေ့မှာ ရန်ကုန်မြို့ကိုရောက်လာမယ့် Ms. Amos ဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခ သည်တွေကို အထောက်အပံ့ပစ္စည်းများပေးအပ်ရေး၊ ငြိမ်းချမ်းရေးအတွက်ပြန် လည်စေ့စပ်ညှိနှိုင်းရေး တွေ ကို အစိုးရအဖွဲ့အစည်းတွေနဲ့ဆွေးနွေးသွားမယ်လို့သိရပါတယ်။

Comment ရေးရန်

Rohingya Exodus