နောက်ဆုံးသတင်း/ဆောင်းပါးများ

OIC မှမြန်မာနိုင်ငံအတွက်အထူးကိုယ်စားလှယ်ခန့်အပ်

အင်ဒိုနီးရှားဒုသမ္မတဟောင်း၊ ကြက်ခြေနီအသင်းဥက္ကဌ Mr. Jusuf Kalla
ကျော်စွာဝင်း
RB News 
၂၀၁၂ ဒီဇင်ဘာ ၂၀ 

ကွာလာလမ်ပူ ။ ။ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှအင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယ သမ္မတ ဟောင်းနှင့် ကြက်ခြေနီအသင်းဥက္ကဌ Mr. Jusuf Kalla အားမြန်မာနိုင်ငံ၏ ရိုဟင်ဂျာ မွတ်စလင် အရေး ဆောင်ရွက်ရန် အထူးကိုယ် စားလှယ်ခန့်အပ်လိုက်ကြောင်း မလေးရှားနိုင်ငံမှ Nam News Network တွင်ဖော်ပြထားသည်။ 

အထူးကိုယ်စားလှယ်ခန့်အပ်ရန် ဆုံးဖြတ်ချက်ကို သြဂုတ်လတွင်ဆော်ဒီအာရေဗျာနိုင်ငံ၊ မက္ကာဟ်မြို့၌ ကျင်းပခဲ့သည့် OIC၏လေးကြိမ်မြောက် အထူးညီလာခံတွင် ချမှတ်ခဲ့ကြောင်း OIC မှ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိကြောင်းဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် လိုအပ်သော လူသားချင်း စာနာသော အထောက် အပံ့များပေးအပ်ရန်အတွက် OIC မှဆက်ဆံရေး ကိုယ်စားလှယ်ကို လည်းမကြာမှီစေလွှတ်ရန်ရှိ သည်ဟု သိရသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးမဟာမင်းကြီး Ms. Navanethem Pillay မှ OIC အထွေထွေအ တွင်းရေးမှူး ချုပ် Prof. Ekemeleddin Ihsanoglu ရေးသားခဲ့သော စာကိုပြန်ကြားရေး သားရာတွင် OIC အနေဖြင့် ရိုဟင်ဂျာများ၏ အရေးကိစ္စကိုစိတ်ဝင်စားပြီး ကူညီနေခြင်းကို ကြိုဆိုကြောင်းရေးသားထားသည် ဟုသိရသည်။ Prof. Ihsanoglu ၏စာတွင် OIC နှင့် အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ရိုဟင်ဂျာမွတ်စလင်များ အပေါ် လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်နေခြင်း၊ ဖိနှိပ် ထားခြင်းနှင့် လူမျိုးတုန်းအောင်ပြုလုပ်နေခြင်း များအပေါ်လွန်စွာ စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း ပါရှိသည်။ Ms. Pillay ၏ပြန်စာတွင် ရိုဟင်ဂျာမွတ်စလင် များအပေါ်နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် ခွဲခြားဆက်ဆံနေခြင်းများ၊ လတ် တ လော ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများအကြောင်း ထည့်သွင်းရေးသားထားသည်ဟုသိရသည်။ 

Ms. Pillay ၏စာနှင့်အတူ ၆၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၏မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana ၏မြန်မာနိုင်ငံ လက်ရှိလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာလည်းပါဝင်ကြောင်းသိရသည်။ ထိုအစီရင်ခံစာတွင် Mr. Quintana မှမြန်မာအစိုးရမှရိုဟင်ဂျာမွတ်စလင်များအပေါ်ခွဲခြားဆက်ဆံနေခြင်းများကိုပြုပြင်ရန်နှင့် လူ့ အခွင့် အရေးကို လေးစားလိုက်ရန်၊ ၁၉၈၂ ခုနှစ်နိုင်ငံသား အက်ဥပဒေ အားပြန်လည် သုံးသပ်ရန် တို့ပါဝင် ကြောင်း အဆိုပါသတင်းတွင်ရေးသားဖော်ပြထားသည်။

Comment ရေးရန်

Rohingya Exodus