နောက်ဆုံးသတင်း/ဆောင်းပါးများ

“ရိုဟင်ဂျာလူမျိုး”မရှိဟုဆိုလျှင် “ရခိုင်လူမျိုး”၊“ဗမာလူမျိုး”လည်းမရှိ


သိကြားမင်း
RB News
1.1.2013

တဇောက်ကန်း တိရစ္ဆာန်သင်းကွပ် ဆရာကြီးဦးအေးမောင်၊ ဖြီးဖြန်း ဆရာကြီးဦးအေးချမ်းတို့ ရခိုင်အုပ်စုက “ရိုဟင်ဂျာ”ဆိုသည်မှာ သမိုင်းမှာမရှိ၊၊ လုပ်ကြံဖန်တီးမှု တစ်ခုသာဖြစ်သည်ဟု ဇွတ်တရွတ်ပြော လျက်ရှိ သည်။ ထိုအစွန်းရောက်များ၏  လေသံကို လိုက်၍ “သူများယောင် လို့ယောင် အမောင်တောင် မှန်းမြောက် မှန်း မသိ” သည့် ဦးသိန်းဋ္ဌေး၊ ဦးခင်ရီ စသောမြန်မာအာဏာပိုင် တို့ကလည်း “ရိုဟင်ဂျာ ဆိုတာမြန်မာပြည် မှာ မရှိဘူး၊ တိုင်းရင်းသား လူမျိုး(၁၃၅)မျိုးထဲမှာဘယ်တုန်းကမှမပါခဲ့ဘူး။ သန်းခေါင် စာရင်းကောက် တာမှာ လဲ မပါဘူး” ဟုမြည်တွန်တောက်တီး လျက် ရှိကြသည်။ မြန်မာ ကိုယ်စားလှယ်ဆိုသူ တစ်ဦးက ဆို လျှင် ကုလသမဂ္ဂအထိ တက်ပြီး ရိုဟင်ဂျာမရှိဟု မှင်သေသေဗြောင်လိမ်သည်။ အဆိုးဆုံးကား သမ္မတ ဦး သိန်းစိန် ကပင် တိရစ္ဆာန် သင်းကွပ် ဆရာကြီး ဦးအေးမောင်၏ မှိုင်းမိနေခြင်းဖြစ်သည်။

“ရိုဟင်ဂျာ”သည်မြန်မာ အင်ပါယာတွင် ရှိခဲ့သည်ဟု ၁၇၉၉ ခုနှစ် တွင်ပြုလုပ်သော Francis Buchanan ၏ သုတေသန မှတ်တမ်းတွင် ပါရှိကြောင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီ အစိုးရဖြစ်သည့် ဦးနု အစိုးရက ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား လူမျိုးဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကြောင်း၊ ယခင်မြန်မာ နိုင်ငံအစိုးရ များ၏ အတည်ပြုခွင့်ပြုချက် မရဘဲ “သေးသေးတင်“ တစ်လုံးပင်အပို၊ အလိုမရှိရသည့် စာအုပ် စာတမ်း၊ စာနယ်ဇင်းများက ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား လူမျိုးဖြစ်သည်ဟု အပ်ကြောင်း ထပ်အောင်ဖော်ပြခဲ့ ကြောင်း၊ သေနတ် တကားကားနှင့် စစ်သားများ (၂၄)နာရီပတ် လုံး အထူးစောင့်ကြပ် သောမြန်မာ အစိုးရပိုင် “မြန်မာ့အသံ” လွှင့်ရုံမှ “ရိုဟင်ဂျာ တိုင်းရင်းသားဘာသာ” ကိုနှ စ်ပေါင်း များ စွာလွှင့် ထုတ်ခဲ့ကြောင်း စသည်တို့ကို သမိုင်းပညာရှင်များ၊  ဆောင်းပါးရှင်များ ၊နိုင်ငံရေး သမား များက အထောက် အထားများ ခိုင်ခိုင်လုံလုံဖြင့် ရေးသား တင်ပြပြောဆိုကြသော် လည်း အေးမောင်၊ အေးချမ်း၊ သိန်းဋ္ဌေး၊ ခင်ရီတို့အုပ်စုက မျက်စိများကန်း၊နားများပင်း၊ ဦးခေါင်းခွံထဲ ဦးနှောက် များ မရှိ ဘဲနွားချေးများ ထည့်ထား သလားဟု ထင်ရလောက်အောင် လယ်ပြင်မှာ ဆင်သွား သည့် ပမာထင်ရှားနေသည့် အထောက်များ ကိုမြင်နိုင်ခြင်း မရှိဘဲ“ရိုဟင်ဂျာ ဆိုတာမြန်မာပြည်မှာ မရှိဘူး ချည်း” အော်မြည် လျက်ရှိသည်။ ဧကန္တမြန်မာ နိုင်ငံဆိုင်ရာ စာအုပ်စာတမ်းများကို စုံအောင် မဖတ်ဖူးသော ဗဟုသုတခေါင်းပါး လွန်းသူများဖြစ်ရပေမည်။ သို့မဟုတ်သူတော် ချင်းချင်းသီး တင်းလွေ့လွေ့ ပေါင်း ဖက်တွေ့ပြီြး မန်မာ သင်ပုန်းကြီးမကျေသူများချင်းညီ၍ “ဤ” ကို “ကျွဲ” ဟုဖတ်နေ သူ များဖြစ် ရပေမည်။

ဤအသိခေါက်ခက် အ၀င်နက်သော  ခွေးမြီးကောက်များတွင် စွဲကပ်နေသော “ရိုဟင်ဂျာမရှိ” စိတ်စွဲရောဂါ (Obsession) ပျောက်ကင်း၍ မြန်မာပြည်မှာ ရိုဟင်ဂျာရှိ  ကြောင်းမြင်နိုင်စေခြင်းငှာ အခြား ကုထုံးတစ်ခုဖြင့် ကျွန်တော် ကုစားကြည့်ချင်သည်။ ကျွန်တော့်နည်းကား သမိုင်းအထောက်အထားများကို ရှည် ရှည်ဝေး ဝေး ရေး သားရှင်းပြသည့် နည်းမဟုတ်ဘဲ “ရိုဟင်ဂျာ လူမျိုးမရှိဘူး”၊ချည်းဟု “ဘူး” တစ် လုံးဆောင် နေသူ များကို လူ့ သမိုင်းတွင် လူမျိုးပေါ်ပေါက်လာပုံ သဘောတရားကို ကျိုးကြောင်း ဆက် စပ်ပြနည်း (ယုတ္တိဗေဒ နည်း) ဖြင့် ရှင်းပြ မည့်နည်းဖြစ်သည်။ ထို “ဘူးကွယ်” နေသူများ၏ ဦးနှောက်များ သည် “တင်ကြိုစီမံ ထား ချက် များ” နှင့်ပြည့်နှက်မနေဘဲ ၎င်းတို့၌ လွတ်လပ်စွာ  တွေးခေါ် တတ်သည့်နှ မ်း တစ်စေ့ မျှဥာဏ်ကလေး ရှိခဲ့လျှင်မ “ဘူး” တော့ဘဲမြန်မာပြည်မှာ ရိုဟင်ဂျာ ရှိကြောင်းမြင်နိုင် လာလိမ့် မည်ဟုမျှော်လင့်မိသည်။

ဦးစွာထို “ဘူး” သမားများကို မေးခွန်းအချို့ကို  မေးလိုက်ဦးမည်။ ကျွန်ုပ်တို့နေစကြ၀ဠာကြီးမှ လူသားတို့နေ ထိုင်သော ကမ္ဘာကြီးဖြစ်ပေါ်လာသည်မှာ နှစ်ပေါင်းမည်မျှ ရှိပြီနည်း။ ထိုကမ္ဘာဂြိုလ်ကြီးပေါ်တွင် လူသား ဟူ၍ ပေါ်လာသည် မှာနှစ်ပေါင်း မည် မျှရှိပြီနည်း။ ကမ္ဘာဂြိုလ်ကြီးပေါ်လာသည်နှင့် တစ်ပြိုင်နက်ဟိုလူမျိုး၊ သည် လူမျိုး ဟူ၍ ပေါ်ခဲ့သလော။ လူ့သမိုင်းသည် မည်သည့် အချိန်ကစတင်ခဲ့သနည်း။ ဗမာလူမျိုး၊ ရခိုင် လူမျိုး များ သည် ကမ္ဘာဦးကာလက ပင်ပေါ်ပေါက်ခဲ့သော လူမျိုးများဖြစ်ပေသလော။ ၎င်းလူမျိုးများ ၏ကျော များပေါ်တွင် မိခင် ၀မ်းဗိုက်ကထွက်  ကျလာကတည်းက ဗမာလူမျိုး၊ ၍ရေးသား ပါလာခဲ့လေ သလော။ ဗမာ လူမျိုး၊ ရခိုင်လူမျိုးများပေါ် လာပြိးနောက်ပိုင်းတွင် ကမ္ဘာကြီးပျက် သည့်တိုင် နောက်ထပ် မည်သည့် လူမျိုး သစ်များ မပေါ်ပေါက်ရပေဘူးလော။ လူ့သမိုင်းတွင် လူမျိုးများဖြစ်ပေါ် လာပုံသဘော တရားမည် သို့ရှိသနည်း။

အေးမောင်  ၊အေးချမ်း၊သိန်းဋ္ဌေး၊ ခင်ရီတို့အုပ်စု အနေဖြင့် ဤမေးခွန်းများကိုဖြေကြည့်စေချင်သည်။

လွန်ခဲ့သောနှစ် (၁၃.၇) ဘီလီယံခန့်ကဆိုလျှင် မည်သည့် အရာမျှမရှိပါ။ မဟာစကြ၀ဠာလည်း မရှိ၊ နေစကြာ ၀ဠာလည်းမရှိ၊ ကမ္ဘာဂြိုလ်ကြီးလည်းမရှိ၊ လူသားလည်းမရှိ၊ အင်္ဂလိပ်လည်းမရှိ၊ ဗမာလည်း မရှိ၊ ရခိုင် လည်း မရှိ၊ ရိုဟင်ဂျာလည်းမရှိ။ ဘယ်လူမျိုး၊ ဘယ်အရာမျှမ ရှိပါ။ နောက်မဟာပေါက်ကွဲမှု (Big Bang) ကြီးဖြစ်ပြီးနောက် လွန်ခဲ့သော(၄.၄၅) ဘီလီယံခန့်ကမှ ကမ္ဘာဂြိုလ်ကြီးပေါ်ပေါက် လာခဲ့သည်။ လွန်ခဲ့သော (၂၅၀၀၀၀) ခန့်ကမှ ယနေ့ လူသားများပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သောနှစ် (၅၀၀၀၀) ခန့်ကမှသာ ဗဟိုအာရှသို့ ယနေ့ လူသားများရောက်ခါစသာ ရှိသေးသည်။ ယနေ့မြန်မာနိုင်ငံဟု အမည်ပေါက် နေသောဒေသတွင် ထိုလွန်ခဲ့သောနှစ်(၅၀၀၀၀)ခန့်က ဆိုလျှင် လူသူဟူ၍ပင် မရှိသေး။ ထို့ကြောင့် ကမ္ဘာဂြိုလ်ကြီးပေါ်လာ သည်နှင့်တစ်ပြိုင်နက် လူသားဟူ၍ပင် မရှိသေးပါ။ ဟိုလူမျိုး၊ သည် လူမျိုး ဟူ၍လည်း မကွဲပြားသေးပါ။ ကမ္ဘာဦး ကာလလူ ဟူ၍ စတင်ပေါ်ပေါက် လာချိန်တွင် လူသား သာ ရှိပြီး လူမျိုးဟူ၍ လုံးဝမရှိ။ ပြင်သစ်၊ အင်္ဂလိပ်၊ တရုတ်၊ မွန်၊ ကရင်၊ ကိုးကန့်၊ ၀၊ ဘင်္ဂလီ၊ ကမန် စသည့် နာ မည် များဖြင့် လူမျိုးများလည်း မရှိ။ ဗမာ၊ ရခိုင်၊လူမျိုးများသည်လည်း်ကျောကုန်းပေါ်၌ “ဗမာ”၊ “ရခိုင်” ဟူ ၍ရေးသား ပါရှိလျက် သူတို့၏ မိခင်ဝမ်းဗိုက်များ ထဲကထွက် ကျလာခြင်း မရှိသေးပါ။ နောင်သောအခါ လူ များရေကြည်ရာမြက်နုရာသို့ အုပ်စုကွဲနေထိုင်ရာမှ နေထိုင်ရာဒေသ ၏ရေမြေဒေသ ပထဝီ အခြေ အနေကြောင့် အသားအရောင်၊ ဝတ်စား ဆင် ယင်ပုံ၊ ဘာသာ စကား၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ ထုံးစံ စသည်တို့ကွဲပြားခြားနားသော လူအုပ်စု များပေါ် ပေါက် လာခဲ့ခြင်း သာဖြစ်သည်။

ဤသို့ အုပ်စု အသီးသီးတွင် ထူးခြားသော အသွင်လက္ခဏာများ (သီးခြားယဉ်ကျေးမှုများ) ရှိလာသောအခါ လူမျိုး အသီးသီးပေါ်ပေါက်လာသည်။ ဗမာ၊ ရခိုင်၊ ရိုဟင်ဂျာ၊ ကိုးကန့်၊ ၀၊ ဒိုင်းနက် စသောလူမျိုးများသည် ဤသို့တမူ ထူးခြားသော အသွင်လက္ခဏာများ (သီးခြားယဉ်ကျေးမှုများ) ရှိလာရာ မှမြန်မာ့သမိုင်း၏ အမှတ် တစ်နေရာစီတွင်ပေါ်ထွန်းလာခြင်းဖြစ်သည်။ သို့ရာတွင် လူမျိုးသစ်များပေါ်ပေါက်ခြင်းဖြစ်စဉ် သည် ရပ်တန့် နေသည်မဟုတ်ချေ။ မြန်မာတွင်လည်းကောင်း၊ ကမ္ဘာတွင်လည်းကောင်း လူမျိုးသစ် များဆက် လက်ပေါ် ထွန်းနေဦးမည်ဖြစ်သည်။ သိပံ္ပပညာရှင် များ၏ အလိုအရနေစကြ ၀ဠာကြီး သည် နောင်နှစ်ပေါင်း သန်းပေါင်း ၄၅၀၀ခန့်တည်ရှိဦးမည်ဟုဆိုသည်။ အဓိပ္ပါယ်မှာ ကျွန်တော်တို့ ကမ္ဘာကြီး သည်နောင်နှစ်ပေါင်း သန်းပေါင်း များစွာဆက်လက်တည်ရှိမည့်သဘောဖြစ်သည်။ ဤသို့ဆိုလျှင် အထက် တွင်ပြဆို သည့် အတိုင်း ကမ္ဘာ တွင်နောင်လာလတံ္တ့သောကာလ၌ လူမျိုးသစ်များပေါ်ထွန်းလာပေဦးမည်။ ဤသဘော အရလူမျိုး သစ် တစ်မျိုးသည် ယနေ့လည်းပေါ်နိုင်သလိုနက်ဖြန်သဘက်လည်းပေါ်နိုင်သည်။ ယနေ့ က မ္ဘာ ပေါ် တွင် လူ မျိုးပေါင်း (၆၀၀၀) ခန့်ပေါ် ထွန်းပြီးဖြစ်သည်ဟု ခန့်မှန်းကြသည်။ ဤအရေ အတွက် သည် ရုတ် တရက် ဝါး ကနဲပေါ်ပေါက်လာခြင်းမဟုတ်ပေ။ ရှေ့နောက်ပြု၍ပေါ်လာခြင်းဖြစ်သည်။ အစပထမတွင် ဘာလူမျိုးမျှ မရှိ။ နောက်လူမျိုး တစ်မျိုးနှစ်မျိုးရှိ လာသည်။ နောင်အချိန် တန်သောအခါ အခြားလူမျိုးသစ် များပေါ် လာပြီးလူမျိုး အရေအတွက် တိုးလာခြင်းဖြစ် သည်။

ကြားကာလတွင် အခြေအနေ တစ်ခုခုကြောင့် ပေါ်ပြီးသား လူမျိုးအချို့မျိုးတုံး သွားသည်လည်း ရှိသေး သည်။ ဤနည်းအားဖြင့် ကမ္ဘာလူမျိုး အရေအတွက် ဤမျှသို့ရောက်ရှိလာခြင်းဖြစ်သည်။ သို့ရာတွင် ကမ္ဘာလူ့ သမိုင်း၌ လူမျိုးအရေအတွက်သည် ကိန်းသေဖြစ် နေရမည်၊ ပိုခြင်းလျော့ခြင်း လုံးဝမရှိစေရ (သို့မဟုတ်) ရှိမည်မဟုတ်ဟု မည်သူမျှကျိန်းသေ မပြောနိုင်ပေ။ အချို့သောရှိပြီးသား လူမျိုး များပျောက် ကွယ် သွားမည်ဖြစ်သ လို၊ အသစ်အသစ်သော လူမျိုးများ လည်း  ပေါ်လာဦးမည်ဖြစ် သည်။ သေချာ သည်ကား ဤကိန်း ဂဏန်း သည်ပြောင်း လဲနေဦးမည် ဆိုခြင်းပင်တည်း။ ဤသည်မှာ ဓမ္မတာဖြစ်သည်။ “သမိုင်း” တွင်အမှန် တကယ်ဖြစ် ပျက်နေသော အခြင်းအရာဖြစ်သည်။ ဤဖြစ်စဉ်သည် ကမ္ဘာပျက် သည့် တိုင်ဖြစ်နေမည့် “ပရမတ္ထတ ရား”  ဖြစ်သည်။ လူမျိုးအသစ်သစ် များပေါ်လာပေဦးမည်။ ထိုသို့လူမျိုး သစ်ပေါ် လာခြင်း သည်သည် “လုပ်ကြံဖန်တီးခြင်း” မဟုတ်ပေ။ သမိုင်းတွင် သူ့အချိန်တန်၍ သူဖူးပွင့် လာခြင်း သာဖြစ် သည်။ ဤလောကသဘာဝတရားကိုလက်မခံဘဲ ကမ္ဘာ့ လူ့သမိုင်းတွင်နောက် ထပ်လူမျိုးသစ်လုံးဝမပေါ်ရ၊ ကမ္ဘာပျက်သည့်တိုင် ဤလူမျိုး (၆၀၀၀) သာရှိရမည် ဟုပြောနေလျှင် အမှန်တရား ကိုငြင်း ပယ်နေခြင်း သာဖြစ်ပေသည်။ ပထမပေါ်သော လူမျိုးက နည်းနည်း နောက် ကျပေါ်သောလူမျိုးကို “မင်းတို့က သမိုင်းမှာမရှိခဲ့ဘူး၊ မင်းတို့ဟာက အခုမှလုပ်ကြံဖန်တီး ချက်ပါ” ဟူ၍ပြောလျှင် သဘာဝ ကျမည် မဟုတ် ပါ။ စောစောပေါ်သောပြင်သစ် လူမျိုးကနောက် ကျပေါ်သော အင်္ဂလိပ်လူမျိုးကိုလည်းကောင်း၊ စောစောပေါ်သော ဗမာလူမျိုးကနောက် ကျပေါ်သောကိုးကန့်လူမျိုးကို လည်းကောင်း “အသစ်ဖန် တီးသောလူမျိုး” ဟူ၍ စွပ်စွဲခြင်း မလုပ်နိုင်ပေ။ လူမျိုးအားလုံးသည်တပြိုင်တည်း မပေါ်နိုင်သဖြင့်ရှေ့နောက်ဖြစ် ၍ ပေါ်နေခြင်း သာဖြစ်သည်။

ဗမာ၊ ရခိုင်လူမျိုးများသည် တမူထူးခြားသော အသွင်လက္ခဏာများ (သီးခြားယဉ်ကျေးမှုများ) ရှိလာ ၍  မြန်မာ့သမိုင်း ၏ အမှတ်တစ်နေရာစီတွင်ပေါ် ထွန်းလာခဲ့သလို ရိုဟင်ဂျာလူမျိုး သည်လည်း တမူ ထူးခြားသော အသွင်လက္ခဏာများ (သီးခြားယဉ်ကျေးမှုများ) ရှိလာ၍မြန်မာ့သမိုင်း ၏အမှတ် တစ်နေ ရာ တွင်ပေါ်ထွန်းလာ ခဲ့ခြင်းဖြစ်လေသည်။ ရခိုင်များကသူတို့ကိုယ်သူလွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀) ခန့်က သမိုင်းတွင်ဖြစ်တည် လာသည်ဟုဆိုသည်။ သည်အတိုင်း ခဏထားပါ။ သူတို့အလိုအရဆိုလျှင်ပင် လွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀) မတိုင်မှီက ရခိုင်ဟူသည်သမိုင်းမှာမရှိခဲ့။ ထိုအချိန်ကျမှလူမျိုးတစ်မျိုးအဖြစ် ရပ်တည်ဖို့ အရည်အချင်း ပြည့်စုံ လာ၍သမိုင်းတွင်ဖြစ်တည်လာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် ထိုအချိန် ကျမှသမိုင်းတွင် မရှိခဲ့ သော “ရခိုင်” လူမျိုးဆိုသည်ကိုဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ရခိုင် မျက်ကန်း များက ရိုဟင်ဂျာများကိုမူ ၁၉၅၁ခုနှစ်လောက်မှသာပေါ်ပေါက်လာသည်ဟုဆိုသည်။ လုပ်ကြံဖန် တီးသော လူမျိုးတစ်မျိုးဖြစ်သည်ဟု လည်းအဆင်အခြင်မဲ့စွာမျက်စိမှိတ်ဇွတ်တရွတ်ပြောဆိုလျက်ရှိသည်။ (အမှန်မှာ Francis Buchanan ၏သုတေသနပြုချက် ကိုထောက်လျှင် ရိုဟင်ဂျာ ရှိနေသည်မှာ အချိန် ကာလကြာညောင်း လှပြီဖြစ်သည်။ ယနေ့ ရခိုင်ပြည်နယ်ဟု အမည်ပေါက်နေသောဒေသ၏ မူလဘူတ လူမျိုးများမှာ ယနေ့ရိုဟင်ဂျာများ၏ဘိုးဘေး ဘီဘင်များသာဖြစ်ကြသည်၊ ရခိုင်များမဟုတ်ပါ) ရခိုင်များက ရိုဟင်ဂျာများကို သူတို့ထက်များစွာ နောက်ကျပေါ်ပေါက်ခဲ့၍လက်မခံဟုဆိုနေသည်။ သမိုင်းတွင်လူမျိုး သစ်တစ်မျိုး အချိန်မရွေးပေါ်နိုင်ကြောင်း အထက်တွင် ရှင်းပြပြီးဖြစ်သည်။ ရိုဟင်ဂျာ (သို့မဟုတ်) အခြား လူမျိုးသစ်တစ်မျိုးသည် ယနေ့ပင်ပေါ်လာ သည်ဆိုလျှင် ပင်ဆင်ခြင်တုံ တရားပြည့်စုံ သူများကငြင်း မည်မထင်ပါ။ ပေါ်သင့်ပေါ်ထိုက်၍ပေါ်သည်ဟု ဆိုပေမည်။ သို့သော်ရခိုင် အစွန်းရောက်များက ရိုဟင်ဂျာ များကို သူတို့ထက်နောက် ကျပေါ်သည်ဟုအယူရှိ သဖြင့်ငြင်းလျက်ရှိသည်။ ကမန်ဆိုသော လူမျိုး သည် ရခိုင်များ ထက်များစွာနောက်ကျ၍အေဒီ ၁၆၆၆ ကျော်ကျော်လောက်မှပေါ်ပေါက်လာသောခဲ့သည်။ သို့ဖြစ် လျှင်ထိုကမန်များကိုရခိုင်များကလုပ်ကြံ ဖန်တီးသောလူမျိုးဟုအဘယ်ကြောင့်မခေါ်သနည်း။ “သက်” လူမျိုးသည် ရခိုင်လူမျိုးသည် ထက်စော၍ ပေါ်သည်ဟုဆိုသည်။ “သက်” ကလည်း ရခိုင်ဟူ သည် ယခင်က မရှိ၊နောက်မှ လုပ်ကြံဖန်တီးသောလူမျိုး ဟုပြောနေလေ သလော။ နောင်လာလတံ္တ့သော ခရစ် သက္ကရာဇ် (၂၀၀၀၀) ခုနှစ်တွင် ရခိုင်ဒေသ၌လူမျိုးသစ် တစ်မျိုးပေါ်မည် ဆိုပါစို့။ (မပေါ်နိုင်ဟု မည်သူ မျှငြင်း မည်မထင်ပါ)။ သို့ဆိုလျှင် ရခိုင်များက ထိုလူမျိုးကို သမိုင်းတွင် မရှိသောလူမျိုး၊ လုပ်ကြံဖန်တီးသော လူမျိုး ဟုခေါ်မည်လော။ သို့ဆိုလျှင်လူမျိုးဖြစ်ပေါ်ပုံ သဘောတရားကို ထို အနှီရခိုင်များက နားမ လည်ခြင်း သာဖြစ် သာဖြစ်သည်။

ရိုဟင်ဂျာ မရှိကြောင်း ဦးခင်ရီတို့ ကိုင်ဆွဲထားသော တိုင်းရင်းသား (၁၃၅) မျိုးစာရင်းဆိုသည်မှာ အာဏာရှင် ဗိုလ်နေ၀င်းက လိုသူကိုထည့်၊ မလိုသူကိုဖြုတ်၍ ရေသားထားသော စာရင်းတစ်ခု သာဖြစ်ပြီး၊ အင်္ဂလိပ်ခေတ် ကသန်းခေါင်စာရင်းဆိုသည်မှာလည်း “ရခိုင်” ကို “မောဂ်” ၊ “ရိုဟင်ဂျာ” ကို “မဟာမေဒင်” ဟူ၍ သူတို့ နားလည် သလိုရေးမှတ်ခဲ့သော စာများသာဖြစ်သည်။ ဘုရားဟောဗျာဒိတ်များ မဟုတ်ချေ။

အချုပ်အားဖြင့် ဆိုရလျှင် ရိုဟင်ဂျာ၊ ရခိုင်၊ ဗမာ စသော လူမျိုးများသည်မြန်မာ့သမိုင်း၏ အမှတ်တစ်နေရာ စီတွင်ပေါ်သင့်၍ပေါ်ပေါက် ခဲ့သောလူမျိုးများဖြစ်သည်။ ဤသို့ရှိပါ လျက်မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာလူမျိုး မရှိဟုဆိုလျှင် ထိုမြန်မာ့သမိုင်း၌ ရခိုင်လူမျိုး၊ ဗမာလူမျိုး ဟူ၍လည်း ရှိမည်မဟုတ်ပေ။

Comment ရေးရန်

Rohingya Exodus