နောက်ဆုံးသတင်း/ဆောင်းပါးများ

အကြမ်းဖက်မှုတွင် ပါဝင်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးထားသော ကလေးငယ်များ ကျန်းမာရေးမကောင်း


ဌေးဇော်
RB News
31.1.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လတွင်းဖြစ်ပွားခဲ့သောအ ကြမ်း ဖက်မှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ကလေးငယ် ၇၂ ဦးကို ဖမ်းဆီး ခဲ့သည်။ ထိုကလေး ငယ်များ အား ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် ယခုအချိန်ထိ ချုပ်နှောင် ထားသည်။ 

ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်သို့ ထောင်သို့ဝင်ခွင့် ရသူများ၏   ပြောကြားချက်အရအဆိုပါကလေး ငယ် များကို အလွန်တရာ ညှင်းပန်းနှိပ် စက်ခဲ့ကြောင်း၊ ၃ လတိတိ အ၀တ်အစား မပါဘဲထား ခဲ့ ကြောင်း ၊ ထောင်ဝန် ထမ်းများမှ မဖွယ်မရာ ဆက်ဆံမှု များပြုခဲ့  ကြောင်း၊ ဖမ်းဆီး ခဲ့သည့် အချိန်မှ စ၍ မိဘ များနှင့် လုံးဝဆက်သွယ်ခွင့် မပြုခဲ့ကြောင်း၊ အစားအသောက်ကို လည်းယခု အချိန်ထိ အနည်း ငယ်သာ ကျွေးနေကြောင်း သိရပါသည်။ 

နိုင်ငံတကာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက်မည်ဟု သတင်းရပါက ထိုကလေးငယ်များကို ဘူးသီး တောင်မြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်း များသို့ ခေါ်ဆောင် သွား၍ ထားကြောင်း၊ ဖျားနာ လျှင် လည်းဆေးဝါး  ပေးခြင်းမရှိကြောင်း၊ တရားရုံးသို့  ခေါ်ဆောင် သွားရာတွင်လည်း လူမဆန်စွာ ညှင်း ပန်းနှိပ်စက်ကြောင်း စုံစမ်းသိရှိရပါသည်။ 

“ကျွန်တော့်သား ၁၅ နှစ်အရွယ်ပါ။ ဆူပူမှုတွေဖြစ် တုန်းက အပြင်လည်း မထွက်ခဲ့ဘူး။ အိမ်မှာဘဲ ရှိခဲ့တယ်။ လာဖမ်းတော့ ကျွန်တော့်သားလည်း ပါသွားတယ်။ ဖမ်းသွားက တည်းက ဘယ်မှာ ထားလဲ ဆို တာ တောင်မသိခဲ့ဘူး။ အခုမှအဆက် အသွယ်ရ တာမကြာသေး ဘူး။ ထောင်ဝင် စာတောင်တွေ့ ခွင့်မရသေးဘူး။ ကြားရတာ ကတော့ တကယ်ကို စိတ်မချမ်းသာ စရာပါ။ ကလေးတွေကိုတော်တော်လေး လူမဆန်စွာ နှိပ်စက်တယ်လို့ တွေ့ခွင့်ရတဲ့ မိဘတွေက တဆင့်ပြန် သိရတယ်” ဟုဖမ်းဆီးခံ ထားရ သည့် ကလေးငယ် တစ်ဦး၏မိဘမှ RB News သို့ပြောပါသည်။ 

ဖမ်းဆီးခံထား ရသည့်ကလေးငယ် (၇၂) ဦးမှ အောက်ဖော်ပြပါ ကလေး (၄) ဦးမှာ ကျန်းမာရေး အခြေ အနေအလွန် ဆိုးရွားနေသော်လည်း ဆေးဝါး ကုသပေးခြင်း တစ်စုံတစ်ရာ မရှိကြောင်း သိရပါသည်။ 

(၁) ဖာဟဒ် (ဘ) ဦးအဗ်ဒုလ္လာ (အသက် ၁၅ နှစ်) ဇော်မတတ်ရွာ 
(၂) မိုဟာမတ်တယုပ် (ဘ) ဦးအေလီယာစ် (အသက် ၁၄ နှစ်) ဇော်မတတ်ရွာ 
(၃) အေနာတုလ္လာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၁၅ နှစ်) ကံဖူးရွာ 
(၄) အဇီဇ်ရာမန် (ဘ) ဦးအဗ်ဒုဟာကိမ်း (အသက် ၁၆ နှစ်) ကံဖူးရွာ

Comment ရေးရန်

Rohingya Exodus