နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာရွာများတွင်ရခိုင်များကိုနေရာချထားပေးရန်စီစဉ်လျက်ရှိ


Qutub Shah 
RB News 
18.1.2013 

မောင်တော ။ ။ နယ်စပ်ဒေသ ကွပ်ကဲရေးမှ နယ်မြေမှူး သည် လွန်ခဲ့သည့် အပတ်တွင် ဖမ်းဆီးခဲ့သော ရိုဟင်ဂျာလူငယ် ၄ ဦးထံမှ ငွေကျပ် ၃၈ သိန်းခြိမ်းခြောက်၍ ယူခဲ့ကြောင်း သိရသည်။ ထိုငွေ ၃၈ သိန်းယူခဲ့ သူမှာ ငါးခူရကျေးရွာ အခြေစိုက် နစကနယ်မြေ ၅ မှ နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဖြစ်သည်။ ငွေကျပ် ၃၈ သိန်းပေး၍ လွတ်မြောက် လာခဲ့သော လူငယ် ၄ ဦးမှာ - 

(၁) မိုဟာမတ်ဟာရှင် (ဘ) ဦးဖာဒန် (အသက် ၁၆ နှစ်) 
(၂) မိုဟာမတ်အလီ (ဘ) ဦးအဒူဟာမိတ် (အသက် ၂၃ နှစ်) 
(၃) မိုဟာမတ်ဟာရှင် (ဘ) ဦးလာလူး (အသက် ၁၇ နှစ်) 
(၄) မိုဟာမတ်အာယာစ် (ဘ) ဦးကာလာမျာ (အသက် ၁၈ နှစ်) 

အထက်ပါလူငယ် ၄ ဦးကို လွန်ခဲ့သည့်ဇန်န၀ါရီလ (၁၂) ရက်နေ့ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးသွား ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် နစကများမှ ကြက်ရိုးပြင်ရွာ ရှိဈေးကိုဝင်ရောက်စီး နင်းပြီး ဈေးဆိုင်များမှ သန်း ပေါင်းများစွာတန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားသည့်အချိန်တွင် ထိုလူငယ်များမှာ မိမိတို့၏ ဆိုင်အ ခြေအနေကိုစောင့်ကြည့်နေစဉ် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။ ထိုလူငယ်များနှင့် အတူအခြားသော သူများ ကိုလည်းဖမ်းဆီးသွားခဲ့သည်။ ထိုသူများမှာ ဗိုလ်မှူးဝင်း လှိုင်တောင်းသောငွေကြေး ပမာဏကို မတတ်နိုင် သောကြောင့် ယခုအချိန်ထိလွတ်မြောက် လာနိုင်ခြင်း မရှိဘဲ မတရားသဖြင့် ချုပ်နှောင်ခြင်း ခံထားရသည်။ 

ဓါးပြများကဲ့သို့ ၀င်ရောက်စီးနင်း၍ ယူဆောင်သွားသော ပစ္စည်းများကိုလည်း ပိုင်ရှင်များသို့ ယခုအချိန် ထိ ပြန်လည် အပ်နှံခြင်းမရှိသေးကြောင်း သိရသည်။ 

ဇန်န၀ါရီလ(၁၆)ရက်နေ့နံနက် ၁၀နာရီတွင် နစကနယ်မြေ(၇) လက်အောက်ခံ ဇော်မတက်(လမ်ဘာဂူနာ)   ကျေး ရွာ အုပ်စု၊ ဟင်္သာရ (ဟွန်ဆာရာ) ရွာရှိ ဗလီနှင့်မဒရာစာ (ဘာသာရေးကျောင်း) အားနစကများနှင့် ရခိုင်အစွန်းရောက်များ ပူးတွဲ၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၀၁၂ ဇွန်လ အကြမ်းဖက်မှု ကြီးစတင်ချိန်မှ စ၍ နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘာသာရေးအဆောက်အဦများကိုယခု ကဲ့သို့ ဖျက်ဆီး လျက်ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်းမှ စ၍ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်း များပြု လုပ် လျက် ပြီး ထိုနေရာများတွင် ရခိုင်များကိုနေရာချရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ 

“ရခိုင်တွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ၊ နိုင်ငံနှစ်နိုင်ငံ လုံးမှာနေတယ်။ သူတို့မှာ နယ်စပ်ဖြတ်ရတာ ဘာပြဿနာမှ မရှိဘူး။ အုပ်ချုပ်ရေးပိုင်းမှာလည်း ရခိုင် ဗုဒ္ဓဘာသာတွေဘဲ။ အခု သူတို့ရဲ့ဆွေမျိုး သားချင်း တွေကို ဘင်္ဂလားဒေ့ရှ် ကခေါ်လာပြီး ကျွန်တော်တို့ ရဲ့မြေနေရာတွေပေါ် မှာနေရာချထားပေး ဖို့စီစဉ်နေ တယ်။ အခု ရက်ပိုင်းမှာတောင် အများကြီးခေါ်လာပြီးပြီ။ အရင်တုန်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လည်း အထက်မြန်မာပြည်မှာ အလုပ်အကိုင်မရှိတဲ့ သူတွေကို ဒီလိုခေါ် လာတယ်။ ပြီးတော့ နစကက ကျွန် တော်တို့ ရဲ့မြေနေ ရာတွေသိမ်းပြီး သူတို့ကိုပေးတယ်။ အစိုးရက ကျွန်တော်တို့ကို ရခိုင်ပြည်ကနေထွက် သွားစေချင်တော့ သူတို့ကစီမံကိန်းတွေနဲ့လုပ်နေတယ်။ ဒီမှာကတော့ ကျွန်တော်တို့ အတွက်ဥပဒေဆို တာမရှိဘူး” ဟုမောင်တောမြို့ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

မြောက်ဦး။ ။ဇန်န၀ါရီလ ၁၆ရက်နေ့တွင် ဆင်းရဲသည့် ရိုဟင်ဂျာနှစ် ဦးဖြစ် သည့် မြောက်ဦးမြို့ နယ်၊  ဟောင်တောက်ကျေးရွာ မှ ဦးမူက်သာရ် (ဘ) ဦး အဒူရှကူရ်နှင့် ဦးကာလာမျာ (ဘ) ဦးမိုဟာ မတ်အလီ တို့သည် ဖီဖရန်ကျေးရွာအုပ်စုသို့သွား၍ ဘာသာရေးစာအုပ်များ၊ ရေမွှေးများရောင်း၍ ၀င်ငွေရ ရန် သွား ရောက်ခဲ့ သည်။ ထိုသူနှစ်ဦးရောင်း ချနေသည်ကို တပ်ရင်း ၃၇၈ မှ ထွန်းနိုင်ဆို သည့်လူမ ဆန်သော စစ် သားမှတွေ့သော အခါ ဘာသာရေး စာအုပ်များကို ဆုတ်ဖြဲ၍ လွှင့် ပစ်ခြင်း၊ ခြေထောက်ဖြင့် နင်းခြေခြင်း များပြုလုပ်ပြီး၊ ရောင်းချသည့် ဆင်းရဲနွမ်းပါး သူနှစ်ဦးကို လူမဆန်စွာ ရိုက်နှက်ရာ၊  ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။ ရရှိသည့်ဒဏ် ရာကြောင့်နှစ် ဦးစလုံးမှာ မိမိတို့၏ ရွာသို့မပြန်နို င်တော့ ဘဲ၊ လူယုတ် မာထွန်းနိုင်ထွက်ခွာသွားသည့်အခါ အဆိုပါ ရွာမှရွာသားများက ရွာသား တစ်ဦး၏ အိမ်ကိုေ ခ်ါဆောင် သွားပြီးဆေး ကုသပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus