နောက်ဆုံးသတင်း/ဆောင်းပါးများ

သဲချောင်းမှရိုဟင်ဂျာများအခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်နေရ

စစ်တွေမြို့ရှိ ဘောဒူဖဒုက္ခသည်စခန်း (ဓါတ်ပုံ - နေမင်းခ/RB News)
နေမင်းခ 
RB News 
10.1.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်းကျေးရွာတွင် မှီတင်းနေထိုင်ကြသူအများစုမှာ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ကြပြီး၊ လူနည်းစုမှာ ရခိုင်မာရမာကြီးနှင့် ဟိန္ဒူများဖြစ်ကြသည်။ သဲချောင်းကျေးရွာ အနီး တွင် ဒါးပိုင်၊ ဘောဒူဖနှင့် သက္ကယ်ပြင်ကျေးရွာများ တည်ရှိသည်။ ထိုကျေးရွာများတွင်လည်း ရိုဟင်ဂျာ မွတ်စလင် များနေထိုင် ကြပြီး၊ အများစုမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြသည်။

ထိုကျေးရွာများတွင် လူမျိုး၊ ဘာသာပေါင်းစုံနေ ထိုင်ကြသော်လည်း ပြဿနာ တစ်စုံတစ်ရာမရှိဘဲ တည်ငြိမ် အေးချမ်းစွာနေထိုင် လျက်ရှိကြသည်။ ရိုဟင်ဂျာ မွတ်စလင်အများ စုနေထိုင်ကြသောကျေး ရွာ များ ၀ိုင်းရံလျက် ရှိသော်လည်း သဲချောင်းရွာ ရှိအခြားသော ဘာသာဝင်များ မှာအေး ချမ်း သာယာစွာနေ ထိုင်နိုင်ခြင်း၊ စီးပွား ရေးလုပ်ငန်းများလွတ်လပ်စွာလုပ်ကိုင်နိုင်ခြင်း၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ မပျက်မစီးဘဲကောင်း မွန်စွာတည်ရှိနေခြင်း တို့ဖြင့်အစစအရာရာ တည်ငြိမ်အေးချမ်း လျက်ရှိပါသည်။ စစ်တွေ မြို့ပေါ်မှရခိုင်မာရမာကြီးလူမျိုးများမှာလည်း သဲချောင်းကျေးရွာသို့လာရောက်၍ ကူးသန်းရောင်းဝယ်လျက် ရှိသည်။ ပြဿနာတစ်စုံ တစ်ရာပေါ်ပေါက်ခြင်း မရှိသည် မှာ ဒေသခံ ရိုဟင်ဂျာ များ၏တည်ငြိမ်အေးချမ်းမှုကို လိုလားသောကြောင့်ဖြစ်သည်။

သို့သော်လည်း သဲချောင်းကျေးရွာရှိ ရိုဟင်ဂျာမွတ်စလင်များအား စစ်တွေမြို့ပေါ်သို့ သွားရောက် ခွင့်မပြုခြင်း၊ ကူးသန်းရောင်းဝယ်ခွင့်မပြုခြင်း၊ လွတ်လပ်စွာ မည်သည့်နေရာ သို့မှသွားခွင့် မပြုခြင်းနှင့်ဆေး ၀ါးကုသခွင့် မပြုခြင်းတို့ဖြင့် ကန့်သတ်ထားသောကြောင့် အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရသည်ဟု သဲချောင်းရွာမှဒေ သ ခံ ရိုဟင်ဂျာတစ်ဦး မှ RB News သို့ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် အင်ဒိုနီးရှားနိုင်ငံ မှနိုင်ငံခြားရေးဝန်ကြီး လာရောက်၍ ဒုက္ခသည် စခန်းများကိုကြည့်ရှူ ခဲ့သော်လည်း ရိုဟင်ဂျာ ဒုက္ခ သည်စခန်းများ ကိုပြရုံ သာပြ သသွားသည်ဟုသိ ရသည်။

“အင်ဒိုနီးရှား ၀န်ကြီး စစ်တွေလာတော့ ပြည်နယ်အစိုးရနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရခိုင်ဒုက္ခသည် စခန်းတွေ ကိုသာ အဓိကထားခေါ်သွားတယ်။ ရခိုင်ဒုက္ခသည် စခန်းတွေကိုသေချာပြတယ်။ ရိုဟင်ဂျာတွေ ရဲ့ ဒုက္ခသည် စခန်းကိုရောက် တယ်ဆိုရုံဘဲ ရောက် ခဲ့တယ်။ သေသေချာချာ လိုက်မပြ ဘူး။ နောက်ပြီးတွေ့ဆုံပွဲမှာလည်း ရခိုင်လူမျိုးသီး သန့်ဘဲတွေ့ဆုံခွင့် ရခဲ့တယ်။ ရိုဟင်ဂျာလူမျိုးတွေ ထဲကခေါင်းဆောင်ပိုင်းတွေကိုခေါ်ပြီး တွေ့ဆုံတာမျိုးမရှိဘူး။ ကားပေါ်က ငါးမိနစ်လောက်ဆင်းပြီး ခဏနေတော့ပြန်သွားတယ်။ အခုရှိနေတဲ့တဲ တွေကမိုးရာသီဆိုတော်တော် ဒုက္ခရောက်ဖို့ရှိတယ်” ဟုရို ဟင်ဂျာ ဒုက္ခသည် တစ်ဦးမှ RB News သို့ပြောပါ သည်။

Comment ရေးရန်

Rohingya Exodus