နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့နယ်တွင်ရိုဟင်ဂျာများ၏ငွေများကိုနည်းမျိုးစုံဖြင့်ရယူနေ


ဌေးဇော် 
RB News 
29.1.2013 

ဘူးသီးတောင်။ ။ ရခိုင်ပြည်နယ် ရှိဒေသခံ ရိုဟင်ဂျာ မွတ်စလင်များကို ၁၉၉၀ နှောင်းပိုင်း နစက တပ်ဖွဲ့များ ဖွဲ့စည်းသည့် အချိန်မှစ၍ မဟုတ်မမှန် အကြောင်းမျိုးစုံဖြင့် စွပ်စွဲ၍ ဖမ်းဆီး၍ငွေညှစ် လျက်ရှိသည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင်ြ ဖစ်ပွားခဲ့သော အကြမ်းဖက်မှု စ၍ ငွေညှစ်ခြင်းများ ပိုမိုများပြား လာသည် ကိုတွေ့ရပါ သည်။ 

ဇန်န၀ါရီလ (၁၉) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာ အခြေစိုက် နစက စခန်းအမှတ် (၂၁) မှ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ဖမ်းဆီးသွားပြီး တစ်ညတာ ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နစက စခန်းမှူး ဗိုလ်ကြီးဇင်မောင်မောင်မြင့်နှင့် ဖုံညိုလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်မောင် တို့ မှ အောက်ဖော်ပြပါအတိုင်း အပြစ်မဲ့ဖမ်းဆီးခဲ့သူထံမှငွေယူ၍ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဘူးသီးတောင် မြို့နယ်မှဒေသခံရိုဟင်ဂျာတစ်ဦးမှ RB News သို့ပြောပါသည်။ 

(၁) ဦးမာမတ်ဖိုက်ဆဲရ် (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၂ သိန်း) 
(၂) ဦးဆယာဒ်ကော်ရိမ် (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၂ သိန်း ၈ သောင်း) 
(၃) ဦးနူရ်မာမတ် (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၁ သိန်း ၅ သောင်း) 
(၄) မော်လ၀ီဦးကေဖါတုလ္လာ (ပေးခဲ့ရသည့်ငွေပမာဏ - ကျပ် ၂ သိန်း) 

တပ်ရင်းနှစ်ခုမှမိခင်နှင့်ကလေးရန်ပုံငွေအတင်းအဓမ္မကောက်ခံ 

၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ဖြစ်ပွားခဲ့ သည့်အကြမ်းဖက်မှု များနောက်ပိုင်းတွင် ရိုဟင်ဂျာ မွတ်စလင်များမှာ သွားလာရေးနှင့် ကူးသန်းရောင်းဝယ်ရေးများကို ယခင်ကထက် ပိုမို၍တင်းကျပ် ခံရပြီး၊ ၀င်ငွေလွန်စွာနည်း ပါးမှုကြောင့် ဆင်းရဲဒဏ်ကို လူးလိမ့် ခံစားနေရသည်။ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း များဖြစ် သော တပ်ရင်း ၅၅၁ နှင့် ၃၅၂ တို့မှ တပ်အတွင်း မိခင်နှင့် ကလေးရန်ပုံငွေဟုခေါင်းစဉ် တပ်၍ ဘူးသီး တောင်မြို့နယ်၊ တပ်မင်းချောင်းရွာ၊ ဦးလှဖေရွာ၊ အတွင်းငှက်သေရွာ ၊ လေးမြို့ရွာရှိ ရိုဟင်ဂျာ အိမ်များ ကို တစ်အိမ်လျှင် ၅၀၀ ကျပ်မပေးမနေရ ဆိုပြီး ကောက်ခံလျက် ရှိကြောင်း သိရပါသည်။ 

ထို့အပြင် အဆိုပါ တပ်ရင်းနှစ်ခုမှ နေ့စဉ် ရိုဟင်ဂျာ မွတ်စလင် ၁၀ဦးမှ၂၀ဦးအထိခေါ်ဆောင်သွားပြီးအတင်း အဓမ္မစေခိုင်းမှု များနေ့စဉ် ရက်ဆက်ပြုလုပ်ရှိသည်။ 

“ကျွန်တော်တို့ ရွာတွေထဲက နေ့တိုင်း ၁၀ ယောက်ကနေ ၂၀ ယောက်ထိခေါ် သွားနေတယ်။ တနေကုန် အလုပ် ခိုင်းပြီးပိုက်ဆံလည်း မပေးဘူး။ အစိုးရ ကပြောတေြာ့ မန်မာနိုင်ငံမှာ အတင်းအဓမ္မစေခိုင်း မှုမရှိစေ ရဘူးဆိုပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ကို ကတိပေး ထားတယ်ပြောတယ်။ ဥပဒေက တစ်နိုင်ငံလုံး တစ်မျိုး၊ ရိုဟင်ဂျာတွေ အတွက် တစ်မျိုးဖြစ်နေတယ်။ ကျွန်တော်တို့မှာ တိုင်စရာ ဘယ်သူမှမရှိဘူး။ တိုင် ရင်တိုင်တဲ့ သူကိုပြန် ဖမ်းတယ်။ ငွေညှစ်တယ်။ ကျွန်တော် တို့ရဲ့ ဘ၀က အမိုးပွင့်ထောင် ထဲကဘ၀ပါ။” ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus