နောက်ဆုံးသတင်း/ဆောင်းပါးများ

အမေရိကန်မှ ဒေါ်လာ ၄.၂ သန်းရခိုင်ပြည်နယ်အတွက်ထပ်မံကူညီ

ကျော်စွာဝင်း 
RB News 
30.1.2013 

ရန်ကုန် ။ ။ အမေရိကန်ြ ပည်ထောင်စုမှ ရခိုင်ပြည် နယ်ရှိ ဒုက္ခသည်များအတွက် ဒေါ်လာ ၄.၂သန်းတန် ဖိုး ရှိ လူသားချင်း စာနာသော အရေးပေါ် အထောက် အပံ့များ ထပ်မံပေး အပ်လိုက်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ ယနေ့ထုတ်ပြန်  ကြေညာလိုက်သည်။ 

ယခု အထောက် အပံ့များကို အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID) မှထောက် ပံ့ ပေးခြင်း ဖြစ်  ပြီး၊ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရခိုင်ပြည် နယ်ရှိ ဒုက္ခသည်များ အတွက် ဒေါ်လာ ၇.၂၈ သန်းထောက် ပံ့ ပြီးဖြစ်  ကြောင်း အဆိုပါကြေ ညာတွင် ထည့်သွင်း  ဖော်ပြထားသည်။ 

ယခု အထောက်အပံ့ များသည် ၂၀၁၂ ခုနှစ် ဇွန်လနှင့်အောက်တိုဘာလ များတွင်ဖြစ်ပွား ခဲ့သောအကြမ်း ဖက်မှု များကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည် ၁၁၅၀၀၀ ကျော်တို့အတွက် နှစ်လခွဲ အချိန်ကာလ ထိအစား အသောက်များ၊ ထောက်ပံ့ပို့ဆောင်ရေးအတွက် လိုအပ်သည်များကို ထိထိရောက်ရောက်ပြု လုပ်နိုင်ရေး၊ မိသားစု ၂၀၀၀ ခန့်အတွက် အခြေခံအိမ်ထောင် သုံးပစ္စည်းများ၊ အမျိုးသမီးနှင့် ကလေးငယ် များအတွက် တစ်ကိုယ်ရေး  သန့်ရှင်းရေး၊ ဘေးအန္တရာယ် ကင်းစွာသုံးစွဲနိုင်ရန် ပညာပေးရေး တို့တွင် အသုံး ပြုရန်ဖြစ်သည်။ 

အထောက်အပံ့များကို အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ဌာနခွဲ များဖြစ်သော  နိုင် ငံခြားဘေး ဒုက္ခထောက်ပံ့ရေး (OFDA) နှင့်ငြိမ်းချမ်းရေးအတွက်စားနပ်ရိက္ခာ (FFP) တို့မှ ကုလသမ ဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) နှင့် Save the Children စသည့် အဖွဲ့အစည်းများမှ တစ်ဆင့်ထောက် ပံ့ပေးမည်ဖြစ်သည်။ အထောက်အပံ့ များအားလုံးကို လူမျိုးမခွဲခြားဘဲ နိုင်ငံတကာ စံချိန်စံညွှန်း၊ ခွဲခြားမ ဆက်ဆံရေး အပါအ၀င်၊ အကြမ်းဖက် မှုကြောင့် ဒုက္ခသည် ဘ၀ရောက်နေရ သူများ၏ ဂုဏ်သိက္ခာကိုလေး စားမှုထားပြီး၊ နိုင်ငံတကာ စံနှုန်းဖြင့်ကူညီ သွားမည်ဖြစ်ကြောင်း ယနေ့အမေရိကန် သံရုံးမှ ထုတ်ပြန် သော ကြေ ညာ ချက် တွင်ရေး သားဖော်ပြထားသည်။ 

Comment ရေးရန်

Rohingya Exodus