နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားနှင့်မြေပုံရှိရိုဟင်ဂျာများကိုအတင်းအဓမ္မဘင်္ဂလီဇတ်သွင်းနေ


Qutub Shah
RB News
7.1.2013
မင်းပြား ။ ။ ရခိုင်ပြည်နယ် အ၀န်းတွင်နေ ထိုင်သော ရိုဟင်ဂျာ မွတ်စလင်များကို အတင်းအဓမ္မ ဘင်္ဂလီဇတ် သွင်းသည်များကို ကွန်ပျူတာဖြင့် လက်ဗွေယူ၍ လက်မှတ် ထိုးခိုင်းပြီး မှတ်တမ်းတင်ခြင်း ကိုမြို့နယ်များ အားလုံးတွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ နယ်စပ်ဒေသ ကွပ်ကဲရေးဌာနတို့ မှကြီးကြပ်၍ စီမံကိန်းတစ်ရပ်အနေ ဖြင့်လုပ်ဆောင်လျက်ရှိရာ မင်းပြားနှင့်မြေပုံမြို့နယ်တွင်လည်းအကောင်အထည်ဖော် လျက်ရှိသည်။

ယနေ့ ဇန်န၀ါရီလ (၇) ရက်နေ့တွင် မင်းပြားမြို့နယ် စိန်ကြီးပြင်ကျေးရွာသို့ လ၀က ၀န်ထမ်း များရောက်လာ ပြီး၊ အသင့်ပါလာသော ပုံစံများကို လက်မှတ်ရေး ထိုးခိုင်းရာ၊ ပုံစံတွင် ဘင်္ဂလီဟုရေးသား ထားသောကြောင့် လက်မှတ် မထိုးနိုင်ကြောင်း တညီတညွတ်တည်းငြင်း ဆိုခဲ့ကြသည်။ သို့သော်လည်း အာဏာပိုင်များမှ အတင်းအဓမ္မ တွန်းအားပေး၍ လက်မှတ်ရေးထိုးခိုင်း ရန်ကြိုးစားနေသည်ဟု သိရသည်။

မြေပုံ ။ ။ ဇန်န၀ါရီလ (၅) ရက်နေ့တွင်မြေပုံမြို့နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအား ဘိုးဘွား ဘီဘင် အမည်များကိုမေးမြန်း၍အသင့်ပြင်လာသောပုံစံတွင်လက်မှတ်ရေးထိုးခိုင်းသည်။ထိုပုံစံတွင်လူမျိုးအ မည် ကို ဘင်္ဂလီ ဟုရေးသားထားပြီး၊ နိုင်ငံသား နေရာကို မဖြည့်ဘဲချန် ထားသည် ကိုတွေ့သောကြောင့် ရိုဟင်ဂျာ များမှ မိမိတို့သည် ဘင်္ဂလီများ မဟုတ်ကြောင်း၊ မိမိတို့၏ ဘိုးဘွားဘီဘင်တို့သည် ရိုဟင်ဂျာ များဖြစ်သည့် အတွက်မည်သည့် အကြောင်းကြောင်းကြောင့် ဘင်္ဂလီဟု သတ်မှတ် မခံနိုင်ကြောင်းပြော၍ လက် မှတ်ထိုး ရန်ငြင်း ဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် ပုံစံတွင် ရိုဟင်ဂျာဟုရေး သားထားမှ သာ လက် မှတ်ရေး ထိုးမည် ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြော ကြားခဲ့ကြသည်။

“လ၀က၀န်ထမ်းတွေက သူတို့ကိုပုံစံမှာ ရိုဟင်ဂျာလို့ မရေးဖို့ အထက်က အမိန့်ရှိတယ်။ အဲဒါကြောင့်ရေးလို့ မရဘူးလို့ ကျွန်တော်တို့ ကိုပြန်ပြောတယ်။ အခုကျွန်တော် တို့လက်မှတ်မထိုး ဘူးဆိုတော့ နည်း လမ်းပေါင်း စုံ နဲ့ လက်နက် အားကိုးနဲ့ ခြိမ်းခြောက်တယ်။ ဖမ်းဆီးအရေး ယူမယ်ဆို တာတွေနဲ့ ခြိမ်းခြောက်ပြီး ကျွန်တော်တို့ရဲ့ မူရင်း လူမျိုးအမည်ကိုဖျောက်ပစ် လုပ်နေတယ်” ဟုမြေပုံမြို့ နယ်ဒေသ ခံတစ် ဦးမှ RB News သို့ပြောသည်။

ကျောက်ဖြူ ။ ။ ကျောက်ဖြူတွင် အခြားဘာသာမှ အစ္စလာမ်ကို ကူးပြောင်းကိုးကွယ် သူများရှိသည်။ ထိုသူ များ သည်ရုပ်သွင် ပြင်လက္ခဏာအားဖြင့် ရခိုင်လူမျိုးများနှင့် ခွဲခြားမ ရသောကြောင့် သွားရေးလာရေး တွင်အစ္စလာမ် ဘာသာကိုးကွယ်သူ မျိုးရိုးမှ ဆင်းသက်လာသော ရိုဟင်ဂျာများကဲ့သို့ ကန့်သတ်ခံ ရခြင်းမရှိဘဲ သွားလာခွင့်ရခဲ့ကြသည်။

သို့သော်လည်း ဇန်န၀ါရီလ (၅) ရက်နေ့တွင် လ၀က၀န်ထမ်းများက ယခင်ကဲ့သို့ သွားလာခွင့်ပြုတော့မည် မဟုတ်ကြောင်း ကိုကာယကံ ရှင်များသို့ ပြောကြားခဲ့သည်။ ကာယကံရှင်များအား လ၀က၀န်ထမ်းများက ဗုဒ္ဓဘာသာ ကိုးကွယ်လျှင် သွားလာခွင့် ရမှာဖြစ်ကြောင်းနှင့် အစ္စလာမ်ဘာသာဆက်လက်ကိုးကွယ်ပါက ဘင်္ဂလီဟုသာ အသိအမှတ်ပြု မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံတစ်ဦးမှ RB News သို့ပြောပါ သည်။

Comment ရေးရန်

Rohingya Exodus