နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရကလက်မခံနိုင်သည့်ရိုဟင်ဂျာများ၏ငွေကြေးများကိုအစိုးရ၀န်ထမ်းများအရသာတွေ့နေ


Qutub Shah 
RB News 
30.1.2013 

ရသေ့တောင် ။ ။ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ရသေ့တောင်မြို့နယ် နစကနယ်မြေ (၈) - စခန်းအ မှတ် (၁၉) လက်အောက် ခံ ကူးတန်းကောက် (ဒုံးဆေဖာရာ) ရွာမှ ရွာသူရွာသား (၆) ဦးအား ကလေး မွေး သည်ကို (၇) ရက်အတွင်း အကြောင်းမကြားသည့်အတွက် လူဝင်မှုကြီးကြပ်ရေးဌာန - ဦးစီးမှူး မှ အောက် ဖော်ပြပါ အတိုင်းငွေယူ ခဲ့ကြောင်းသတင်း ရရှိပါသည်။ 

(၁) မော်လ၀ီဦးအဗ်ဒုလ္လာ (ဘ) ဦးရာမတ်အုလ္လာ (ပေးရသည့်ငွေပမာဏ - ၃ သောင်း) 
(၂) ဦးစောနာအုလ္လာ (ဘ) ဦးမိုဟာမတ်တာဟဲရ် (ပေးရသည့်ငွေပမာဏ - ၂ သောင်း) 
(၃) ဦးအဗ်ဒူရှကူရ် (ဘ) ဦးနဇီရ်အဟမတ် (ပေးရသည့်ငွေပမာဏ - ၄ သောင်း ၅ ထောင်) 
(၄) ဒေါ်ဇာဟီဒါခါတူ (ဘ) ဦးဖော်ကီရ် (ပေးရသည့်ငွေပမာဏ - ၄ သောင်း) 
(၅) ဦးအဘူဆယာဒ် (ဘ) ဦးအဒူရာမန် (ပေးရသည့်ငွေပမာဏ - ၁ သောင်း ၅ ထောင်) 
(၆) ဦးဟာဘီအုလ္လာ (ဘ) ဦးဘန်ဒို (ပေးရသည့်ငွေပမာဏ - ၁ သောင်း) 

ဘူးသီးတောင် ။ ။ ဘူးသီးတောင်မြို့နယ်၊ ကြက်မောက်တောင် အခြေစိုက် တပ်ရင်းအမှတ် (၅၆၅) မှ တပ် ဖွဲ့ဝင် များသည် ဦးဆယာဒ်အဟမတ်(ဘ)ဦးအဘူတာဟဲရ်အား ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ဖမ်း ဆီးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုး၍ သွားရောက်ပြီးပြန် လာသည်ဟု စွပ်စွဲခဲ့သည်။ ရခိုင်ပြည်နယ်ရှိ စစ် တပ်၊ နစကနှင့် ၀န်ထမ်းများ အာလုံး၏ ထုံးစံအရ ဦးဆယာဒ်အဟမတ်ထံမှ ငွေကျပ် ၃ သိန်းယူ ၍ ပြန် လည်လွှတ်ပေးခဲ့ကြောင်းသိရပါသည်။ 

မောင်တော ။ ။ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ရွာနှစ်ရွာ ကိုမြန်မာဘင်္ဂလားဒေ့ရှ်နယ် စပ်မှ ယုံကြည်ရသော ဓါးပြ၀င်ရောက် စီးနင်း ဓါးပြတိုက် ခဲ့သည်။ (ရည်ညွန်း သတင်း - http://burmese.rohingyablogger.com/2013/01/blog-post_106.html

လွန်ခဲ့သည့်  သောကြာနေ့ (ဇန်န၀ါရီလ ၂၅) ရက်နေ့တွင် ခမောင်းဆိတ်ရွာမှ ဦးရှိုဟာအလီ (ဘ) ဦးအဗ် ဒူမာဘုသ် (အသက် ၄၀ နှစ်) နှင့်၎င်း၏ ဦးလေးတော်စပ်သူ ဦးနူရ်မိုဟာမတ် (အသက် ၄၃ နှစ်) တို့ အား ဇန်န၀ါရီလ (၁၇) ရက်နေ့ ညသန်းခေါင်ယံတွင် ဓါးပြတိုက်ခဲ့ သူများဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်း ဆီး ခေါ်ဆောင်သွားကြောင်း သိရပါသည်။ 

“ဓါးပြတွေဝင် တိုက်တုန်းက နယ်မြေ (၂) နဲ့ (၅) ကို အကူအညီတောင်းတာ လုံးဝမလာခဲ့ဘူး။ အိမ် (၃) အိမ်ကို ၀င်ပြီးတိုက် သွားခဲ့တယ်။ အပြစ်မဲ့ ရိုဟင်ဂျာ ၃ ယောက်ကို ဖမ်းပြီးငွေညှစ် ခဲ့သေးတယ်။ အခု လည်းဘာမှ အပြစ်မရှိတဲ့ သူနှစ်ယောက်ကို ဖမ်းဆီး သွားပြန်ပြီ။ ငွေညှစ်ဖို့အကြောင်းပြ တာ ပါ။ ငွေရတာနဲ့ ပြန်လွှတ်ပေး လိမ့်မယ်။ အစိုးရက ကျွန်တော်တို့ရိုဟင်ဂျာတွေကို လက်မခံပေမယ့် ကျွန်တော်တို့ရဲ့ချွေးနဲ စာတွေကိုမတရားသဖြင့် အရှက်မရှိ စားရတာ ကျတော့တော်တော်လေး အရ သာရှိတယ်။ သူများတွေရဲ့ မျက်ရည်စာတွေစားရတာဘယ်လိုနေလဲတော့မသိဘူး” ဟုဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus