နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့ လက်မချေကျေးရွာကိုတိုက်ခိုက်ရန်ကြိုးစားသော်လည်းမအောင်မြင်ခဲ့


RB News 
7.1.2013

စစ်တွေ ။ ။ ယမန်နေ့ည ၉ နာရီကျော်တွင် စစ်တွေမြို့၊ သံတော်လီအနီးရှိ လက်မချေကျေးရွာကို ရခိုင် အစွန်းရောက်များ ၀င်ရောက်၍တိုက်ခိုက် ရန်ကြိုးစား ခဲ့သော်လည်း မအောင်မြင်ဘဲ နောက်ဆုတ်ထွက် ခွာ သွားခဲ့ ရကြောင်း သတင်းရရှိပါသည်။

“ည ၉ နာရီကျော်လောက်မှာ ရခိုင်အစွန်းရောက် ၂၀၀ ကျော်ကျွန်တော်တို့ လက်မချေရွာကိုဝိုင်းတယ်။ ကျွန်တော်တို့ ရွာသားတွေလည်း တိုက်ခိုက်ခံ ရတော့မယ်ဆိုတော့ ခုခံဖို့ထွက်လာကြတယ်။ ကျွန်တော်တို့ အားလုံးထွက်လာတော့ အင်အားချင်းမမျှတာနဲ့ ၀ိုင်းလာတဲ့ သူတွေနောက်ဆုတ်သွားတယ်” ဟုဒေသခံရွာ သားတစ်ဦးမှ RB News သို့ပြောသည်။

ထိုသို့ ရခိုင်အစွန်းရောက် ၂၀၀ ကျော်ဝိုင်းရံထားစဉ်ရွာ၏ အခြားဘက်မှ ရခိုင်အစွန်းရောက် ၁၀ ဦးထပ်မံ ၀င်ရောက်လာခဲ့သည်။ ထို ၁၀ ဦးထဲမှ ၃ ဦးကို ၀ိုင်းဝန်း၍ဖမ်းဆီးနိုင်ခဲ့သည်။ ထို ၃ ဦးမှ၎င်းတို့သည် တပ်မတော် သားများဖြစ်ကြောင်း ပြော၍ရှောင် ထွက်ရန်ကြိုးစားသော်လည်း လက်မချေရွာသားများမှ ရွာအနီးရှိ တပ်ရင်းသို့ အကြောင်းကြားခဲ့ရာ အခင်းဖြစ် ပွားရာနေရာသို့ထိုတပ်ရင်းမှဗိုလ်ကြီးအောင်ကျော်မိုး လာရောက်ခဲ့ကြောင်းသိရသည်။

ဗိုလ်ကြီးအောင်ကျော်မိုးမှ ဖမ်းဆီးထားသော ၃ ယောက်မှ ၁ ယောက်မှာ ၎င်း၏တပ်ရင်းမှ တပ်မတော် သားဖြစ်ကြောင်း ၀န်ခံခဲ့ပြီး၊ ကျန်နှစ်ဦးမှာ ၎င်း၏တပ်ရင်းမှ မဟုတ်ကြောင်းနှင့် မည်သည့်တပ်မှ တပ်မတော် သားများ မဟုတ်ကြောင်း ပြောဆိုပြီး ၎င်းတို့ ၃ ဦးကိုခေါ်ဆောင်သွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူ ၃ ဦး ကိုဗိုလ်ကြီးအောင်ကျော်မိုးမှခေါ်ဆောင်သွားသော်လည်း အရေးယူမှုနှင့်ပတ်သက်၍ သတင်း တစ်စုံတစ်ရာယခုအချိန်ထိမရရှိသေးပါ။

Comment ရေးရန်

Rohingya Exodus