နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင်လည်းအတင်းအဓမ္မဘင်္ဂလီဟုမှတ်တမ်းတင်သည်များစတင်လျက်ရှိ



Qutub Shah
RB News
6.1.2013

ဘူးသီးတောင် ။ ။ ၂၀၁၂၊ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်ကျေးရွာမှ ဦးအဘူဝါဖါ (ဘ) ဦးဆယာဒ်အက်ဘာရ်နှင့် ဦးဒါဘိရ်အဟမတ်တို့အား မလေးရှားသို့ လူကုန် ကူးရန်ကြိုး စား နေသည်ဟု စွပ်စွဲ၍ ဘူးသီးတောင် မြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားခဲ့သည်။ ထို့နောက်ငွေကျပ် ၂၃ သိန်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်းသိရသည်။ ထို အကြောင်းအရာကို စရဖ (ထောက်လှမ်းရေး) များမှ သတင်း ရသည့်အခါ ထောက် လှမ်းရေး များနှင့် လ၀က၀န်ထမ်း ဦးအောင်ကျော်ခင်တို့မှ အဆိုပါ ဖမ်းဆီး ခံခဲ့ ရသူနှစ်ဦး ကို ၂၀၁၃ ဇန်န၀ါရီလ(၃)ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခဲ့သည်။ဖမ်းဆီးပြီးနောက် ငွေကျပ် ၁၂ သိန်း ယူ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၃) ရက်နေ့တွင်ပင် သိမ်တောင်ပြင်ကျေးရွာမှ ဦးရှူနာအဟမတ် (ဘ) ဦးကာလာမျာအား ည (၁၁) နာရီခန့် တွင်မလေးရှားသွားရန်ကြိုးစားနေသည်ဟုစွပ်စွဲ၍နစကစခန်းအမှတ် (၂၁) မှလာရောက် ဖမ်းဆီးသွားပြီး၊ ငွေကျပ်တစ်သိန်း ခွဲယူ၍ပြန်လည်လွှတ်ပေးလိုက် ကြောင်းသိရသည်။ 

ဘူးသီးတောင်မြို့နယ်၊ ဖိုးညိုလိပ်ကျေးရွာသို့ ဇန်န၀ါရီ (၃) ရက်နေ့တွင် နစက တပ်ဖွဲ့ဝင် များရောက်လာပြီး၊ ရိုဟင်ဂျာများအား အတင်းအဓမ္မခြိမ်းခြောက်၍ ကွန်ပျူတာဖြင့် မှတ်တမ်းတင်သည် များကိုပြု လုပ်ခဲ့သည်။ ရွာသူရွာသားများ အားလုံးမှ ငြင်းဆိုခဲ့သော်လည်း နောက်ဆုံး တွင်ခြိမ်းခြောက်ခြင်း နည်းမျိုးစုံကြောင့် မခံ သာ သည့် အဆုံးလက်မှတ်ရေး ထိုးပေးခဲ့သည်ဟုသိရသည်။ ထိုသို့ အတင်းအဓမ္မ မှတ်တမ်း တင်ရာ တွင် ဓါတ်ပုံတစ်ပုံရိုက်ခ ၂၅၀၀ ကျပ်၊ ကလေးတစ်ဦး အိမ်ထောင်စု စာရင်းတွင်ထည့်လျှင် ၈၀၀၀ ကျပ်၊ မိသား စုထဲမှာ တစ်ဦးဦးကို အိမ်ထောင်စု စာရင်းတွင် တစ်စုံတစ်ရာဖြည့်/ပြင်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ပေး ခဲ့ ရကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။ ယခုအခါ ဘူးသီးတောင်မြို့နယ် အ၀န်းတွင် ထိုကဲ့ သို့ အတင်းအဓမ္မ မှတ်တမ်း တင်သည့်များကို ကျေးရွာများအားလုံးတွင် စတင်တော့ မည်ဖြစ်၍ ဘင်္ဂလီ မဟုတ် သော ရိုဟင်ဂျာများကို အတင်းအဓမ္မဘင်္ဂလီပြု လုပ်တော့ မည်ဖြစ်၍ အလွန် စိတ်ပျက် လျက် ရှိ သည်။

Comment ရေးရန်

Rohingya Exodus