နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံသား၊ နိုင်ငံမဲ့ နှင့် ရိုဟင်ဂျာ (အပိုင်း-၁)

ဦးဦးမှော်ဆရာ
7.1.2013

`..... ဒီထက်ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက်တဲ့ စကားဟာ လူမျိုးစုတစ်စုကို နေရပ်စွန့်ခွာ ထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကို လမ်းကြောင်းစ ဖေါ်ပေးလိုက်သလို .......´

ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်မှာ ကျနော်တာဝန် ယူထားတဲ့ မေးလ်ဂရု တစ်ခုမှာ မေးလ်တစ်စောင်ကို ၀င်ရောက်ဆွေးနွေးဖူး ပါတယ်။ ရိုဟင်ဂျာများနဲ့ ပက်သက်ပြီး ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးကိုပြောခဲ့တဲ့စကားကို `နိုင်ငံတကာမှာ လူရာမ၀င်တဲ့အမြင်´ ဖြစ်တယ်လို့ ကျနော်ဝေ ဖန် လိုက်တော့ တချို့ မိတ်ဆွေများ ကျနော့် အပေါ် ဒေါသ ထွက်ခဲ့ကြပါတယ်။ ကျနော် ဘာကြောင့် ဒီလိုပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ တယ်ဆိုတာနဲ့ ပက်သက်ပြီး သေချာပြန် မရှင်းဖြစ်ခဲ့ပါ။ ဦးသိန်းစိန်ရဲ့ စကားကိုမေ့နေသူ များလည်း ပြန်အမှတ် ရအောင် အဲဒီ သတင်းကို အကျဉ်းချုံးပြန်ရေးပြပါ့မယ်။

၂၀၁၂ ဇူလိုင်လ (၁၁)ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး Mr.Antinio Guterres တို့ ရိုဟင်ဂျာ အရေးနဲ့ ပက်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတ ဦးသိန်းစိန်က ကမ္ဘာကျော်မဲ့ သမိုင်းဝင် စကားတစ်ခွန်း ခုလိုပြောသွားခဲ့ပါတယ်။

“ရိုဟင်ဂျာများနှင့် ပက်သက်၍ သူတို့ဟာ တိုင်းရင်းသား မဟုတ်ဘဲ တဘက်နိုင်ငံမှ ခိုးဝင်လာ သူများ ဖြစ်တာကြောင့် လက်ခံရန် မည်သို့ မျှမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါရိုဟင်ဂျာ များကို ဒုက္ခ သည် စခန်းများတွင် ထားရှိမည်ဖြစ်ပြီး UNHCR မှ ကျွေးမွေးထား ရမှာဖြစ်ကြောင်း၊ တတိယနိုင်ငံ လက်ခံ မည်ဆိုပါက လည်း ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ဤသည်မှာ ရိုဟင်ဂျာပြဿနာအတွက် ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း” ပြောခဲ့ပါတယ်။


သမ္မတပြောခဲ့တဲ့ စကားနဲ့ ပက်သက်ပြီး UNHCR မဟာမင်းကြီး Mr. Antinio Guterres က နေ့ မကူးခင်ဘဲ ချက်ချင်း ပယ်ချ လိုက်ပါတယ်။ (ကျနော်တို့ သမ္မတကြီးရဲ့ ဂုဏ်သိက္ခာကတော့ ပီတိဖြစ်စရာပဲဗျာ)

UNHCR မဟာမင်းကြီးက ခုလိုအကြောင်းပြပြီး ပယ်ချခဲ့တာပါ။ “UNHCR က တတိယနိုင်ငံတွင်အခြေ ချတဲ့ အစီစဉ်ဟာ နိုင်ငံတစ်နိုင်ငံကနေ အခြေအနေအကြောင်းတစ်ခုခုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ အတွက် ဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ဒုက္ခ သည်စာရင်းမှာ မပါဝင်ပါဘူး။ UNHCR က ချမှတ်ထားတဲ့ ဒုက္ခသည် သတ်မှတ်ချက်များနဲ့ ကိုက်ညီမှသာ တတိယနိုင်ငံ ပို့ပေးမှာဖြစ်ပါတယ်။” လို့ ပြန်ရှင်းလင်းပြောကြား ခဲ့ပါတယ်။

ရှင်းရှင်းပြောရရင် `မစ္စတာပြောင် ခင်ဗျား လူလည်မကျနဲ့´ လို့ ပြောလိုက်တာပါ။ 'လူလည်ကျတယ်' ဆိုတဲ့စကား ကျနော် ဘာကြောင့်သုံးရသလဲဆိုတာ ရှင်းပါမယ်။ ဒါကိုရှင်းဖို့ အရင်ဆုံး နိုင်ငံမဲ့ဆိုတာကို စာဖတ်သူများ နားလည်လွယ်အောင်လို့ ဥပဒေစကားလုံးများ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်အောင် အတို ချုံးပြီးပြောပါမယ်။

မည်သူသည် နိုင်ငံသားနည်း။

နိုင်ငံသားဖြစ်မှုနှင့် ပက်သက်၍ ပြည်တွင်း ဥပဒေပါ အချက် အလက်များနှင့် ကိုက်ညီသဖြင့် အလို အလျောက် နိုင်ငံသားအဖြစ် လက်ခံ စဉ်းစားခြင်းခံ ရသူ(သို့) သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားအဖြစ် အပ်နှင်းခြင်းခံရပြီး သူကို `နိုင်ငံသား´လို့ သတ်မှတ်ပါ တယ်။ နိုင်ငံ အများ စုမှာတော့ နိုင်ငံသား ဖြစ်၊မဖြစ် သတ်မှတ်ရာမှာ ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်မွေး ဖွားရာနိုင်ငံ (jus soli) ၏ ဥပဒေများအရ (သို့) မွေးဖွားချိန်တွင် မိဘများ ၏နိုင်ငံသားဖြစ်မှု ဥပဒေများအရ ( jus sanguinis ) အရ လက်ခံစဉ်းစားတယ်။

မည်သူသည် နိုင်ငံမဲ့နည်း။

နိုင်ငံသား အဖြစ်လျောက် ထားရန် ဥပဒေဘောင် အတွင်းကျရောက်သော သူသည် နိုင်ငံသား အဖြစ်လျောက် ထားရာဥပဒေအရ အရည်အချင်းပြည့် မီသော်လည်း ယင်းလျောက်လွှာ ကို ငြင်းပယ် ခံရလျှင် ထိုသူသည် ထိုနိုင်ငံ ၏ ဥပဒေများအရ နိုင်ငံသားမဖြစ်နိုင်ပါ။ မိမိတို့ ၏လျောက်ထားချက်ကို အပြည့် အ၀ စိစစ် လက်ခံ အတည်ပြုပြီး ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အပ်နှင်းခြင်းမပြုသရွေ့ ယင်းနိုင်ငံ ၏နိုင်ငံသား အဖြစ် ယူဆနိုင် မည်မဟုတ်ပါ။ ထိုအခါ ထိုသူသည် ယင်းနိုင်ငံ တွင် နေ ထိုင်နေသော် လည်း အလိုအလျောက် `နိုင်ငံမဲ့´ ဖြစ်နေပါလိမ့်မယ်။။

UNHCR က သတ်မှတ်ထားတဲ့ နိုင်ငံမဲ့ နှစ်မျိုးနှစ်စား ရှိပါတယ်။

(၁) တရားဝင်နိုင်ငံမဲ့
(၂) အမှန်တကယ် နိုင်ငံမဲ့

(၁) တရားဝင်နိုင်ငံမဲ့ဖြစ်သူ (de jure stateless) ဆိုတာ အလိုအလျောက် တရားဝင်နိုင်ငံ သားဖြစ်မှု မရရှိသူများ (သို့) နိုင်ငံတစ်နိုင်ငံ၏ဥပဒေများအရ နိုင်ငံသားအဖြစ်ခွင့်ပြုပေးနိုင်သူ အာဏာပိုင်အဖွဲ့၏ ဆုံးဖြတ် ချက်ကြောင့် နိုင်ငံသား အဖြစ် မရရှိသော သူများကို ဆိုလိုပါတယ်။

တရားဝင်နိုင်ငံမဲ့ဖြစ်မှုအကြောင်း စာဖတ်သူတို့ အလွယ်တကူမြင်သာအောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ များနဲ့ ဥပမာပေးပြီး ရှင်းပြပါမယ်။

မဆလခေတ်မှ စပြီး မြန်မာအစိုးရ အဆက်ဆက်က ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံက မဟုတ် ဘူး။ ဘင်္ဂလား ဒေ့ရှ် မှ ၀င်လာ သူများဖြစ်တယ်´ လို့ သတ်မှတ်ပြီး တရားဝင်နိုင်ငံ သားအဖြစ် မသတ်မှတ်ဘဲ ဤဒေသ တွင် နေထိုင်ကြောင်း ထောက်ခံစာအဖြစ် စာရွက်အဖြူတစ်ရွက် (သို့) အစိမ်းရောင်ကဒ် တစ်ခု ခုပေး ထားခဲ့ တယ်။ ဒီတော့ ဒီ ရိုဟင်ဂျာတွေဟာ ဒီနိုင်ငံနဲ့ ပက်သက် ဆက်နွယ်မှု ရှိတာ သေချာသော် လည်း၊ ဒီနိုင်ငံ ရဲ့ တရားဝင်နိုင်ငံသားအဖြစ် သတ်မှတ်ခံရသူတွေ မဟုတ်တဲ့အတွက် သူတို့ဟာ `တရား ၀င်နိုင်ငံမဲ့´ တွေ ဖြစ်နေပါတယ်။


ဒီလူတွေဟာ နိုင်ငံတွင်းမှာနေထိုင်ပေမဲ့ နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ မရခြင်း၊ သူတို့နေထိုင် ရာဒေသမှ တခြားဘယ်နေရာကိုမှ လွတ်လပ်စွာသွားလာခွင့် မရှိခြင်း၊ အသက်မွေး ၀မ်း ကျောင်းမှု ပညာသင်ကြားခွင့် မရခြင်း၊ အစိုးရဆေးရုံများတွင် တရားဝင်ဆေးဝါးကုသခွင့် မရှိခြင်း၊ လွတ်လပ်စွာ လက်ထပ်ခွင့် မရှိခြင်း၊ ကလေးမွေးစာရင်း မရရှိခြင်း၊ လွတ်လပ်စွာ စီးပွားရှာဖွေစားသောက် ခွင့်မရခြင်း.. စသဖြင့် သူတို့အတွက် သီးသန့်ဥပဒေများထုတ်ပြီး ကန့်သတ်ချုပ်နှောင်ထားမှုများကြောင့် ရခိုင်ဒေသမှ ရိုဟင်ဂျာများဟာ မြန်မာပြည်တွင်းက အမိုးဖွင့်ထောင်ထဲမှာ နေ နေကြရတဲ့ `တရားဝင်နိုင်ငံ မဲ့များ´ ဖြစ်ပါတယ်။


ဒီလို တရားဝင်နိုင်ငံ မဲ့များရဲ့ အခက်အခဲများနဲ့ပက်သက်ပြီး UNHCR က လတ်တလော အကူအ ညီမျိုး ကိုသာ ပေးမှာဖြစ်ပြီး ရေရှည်တွင် မိမိနိုင်ငံ၏ နိုင်ငံသားအဖြစ်ရရှိစေပြီး ၊ ထိုနိုင်ငံ၏ ဥပဒေအရ အကာ ကွယ် ပေးမှုအောက် ပြန်ရောက်စေရန်သာ ဦးတည်ဆောင်ရွက် မှာဖြစ်ပါ တယ်။ နိုင်ငံတစ်နိုင်ငံ၏ အာ ဏာပိုင်များ က နိုင်ငံ နယ်နိမိတ်အတွင်း အစဉ်အဆက်နေထိုင်ခဲ့ သူများကို လက်လွတ်စ ပယ်မောင်း ထုတ်သဖြင့် နိုင်ငံမဲ့ ဘ၀ ရောက်သွားသူများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးခြင်းမှာ UNHCR ၏ လုပ်ရိုး လုပ်စဉ်လည်း မဟုတ်ပါ။ နောက်တချက်က UNHCR ၏ ကူညီထောက်ပံ့မှု လိုအပ်သော တရား ၀င်နိုင်ငံမဲ့ဖြစ်နေသူ တွေဟာ `ဒုက္ခသည်များ´ မဟုတ်သည့်အပြင် ခိုလှုံခွင့်ရ ရှိရန် တောင်းဆို ထားသူ များလည်း မဟုတ်ကြပါ။ “ညှင်းပမ်းနှိပ်ကွပ်ခံရမည်ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ရမှု” သည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များအဆင့် အခြေအနေဆိုင်ရာ ကွန်ဗင်းရှင်း ပါ `ဒုက္ခသည်´ အဓိပ္ပါယ်ဖွင့်ဆိုချက်၏ အခရာကျသော အချက် ဖြစ်သည်။ တရားဝင်နိုင်ငံ မဲ့ဖြစ်ရခြင်းသည် ပြည်တွင်းဥပဒေများ၏ အားနည်းချက် များနှင့် ခွဲခြားဆက်ဆံမှုများကြောင့် သာ ဖြစ်လာတာဖြစ်ပြီး၊ `ညှင်းပမ်းနှိပ်ကွပ် ခံရခြင်း´ဆိုတဲ့ အဓိပ္ပါယ် မဆောင်ပါ။

ဒီလောက်ဆိုရင် လက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ရဲ့ ကူညီထောက်ပံ့မှုလိုအပ်တဲ့ တရားဝင်နိုင်ငံမဲ့တွေဖြစ်တာ မှန်ပေမဲ့ UNHCR ကသတ်မှတ်ထားတဲ့ `ဒုက္ခသည်များ´ မဟုတ်ဘူးဆိုတာကို စာဖတ်သူများ သဘောပေါက်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီလိုတရားဝင်နိုင်ငံမဲ့များကို ဒုက္ခသည်စခန်းမှာ ထားဖို့ (သို့မဟုတ်) တတိယနိုင်ငံကလက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ဦးသိန်းစိန်ပြောတာဟာ လူလည် ကျတာလို့ ကျနော်အပေါ်မှာသုံးနှုန်းခဲ့တာဖြစ်ပါတယ်။

ဒီတော့ ဒုက္ခသည် မဟုတ်တဲ့ဒေသခံ များကို နေရပ်ဒေသမှ အဓမ္မမောင်း ထုတ်ကာ ဒုက္ခသည် မဖြစ် ၊ဖြစ်အောင် လုပ်ပြီး ဒုက္ခသည် စခန်းတွေမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ စကားဟာ ကိုယ့်အရည် အချင်းကို ကမ္ဘာ သိအောင် ဖေါ်ပြလိုက်သလိုသာ ဖြစ်ပါတယ်။ ဒီထက်ပို ရှင်းအောင်ပြော ရရင် နိုင်ငံ တကာမှာ `လူရာမ၀င်တဲ့ အတွေးအခေါ်´ တစ်ခုကို ချပြလိုက်တာပါ။ ဒါကြောင့် လည်း နောက် ပိုင်း သူ့အခြေ အနေ သူသိပြီး အတိတ်မေ့သလိုလို၊ ဒိတ်ပျောက်သလိုလို လုပ်ခဲ့တာပါ။ ဒီလို အဓမ္မမောင်း ထုတ်ခံရ သူများကို တတိယနိုင်ငံတစ်ခုက လက်ခံတဲ့အလုပ်ကလည်း လူမိုက်အားပေး သလို ဖြစ်စေ တဲ့အပြင် လူ့အဖွဲ့ အစည်း တစ်ခုရဲ့ မွေးရပ်မြေပျောက်ဆုံးကာ အစဉ် အဆက် နိုင်ငံ မဲ့လူမျိုးစု တစ်ခုဖြစ်သွားအောင် လုပ်ဆောင် ရာရောက်သဖြင့် ဘယ်နိုင်ငံကမှလည်း ထိုသူများ ကိုနိုင်ငံသား အဖြစ်လက်ခံ မည်မဟုတ်ပါ။ ရှင်းရှင်းပြော ရရင် ကိုယ့်ကိစ္စကို ကိုယ် တရားဥပဒေနှင့် အညီ လမ်းမှန် ကမ်း မှန် ဖြေရှင်းရမှာပါ။

နောက်ထပ် သိသာစေတဲ့ အချက်တချက်ကို ထောက်ပြပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာတွေကို တတိယနိုင်ငံ ပို့ပေးပါလို့ ဘင်္ဂလားဒေ့ရှ်က တခါမှမပြောခဲ့ ဘဲ၊ မြန် မာပြည်က လူတွေဖြစ်လို့ မြန်မာပြည်က ပြန်ခေါ်ဖို့ပဲ ပြောခဲ့ပါတယ်။ တကယ်တမ်း ဘင်္ဂလားဒေ့ရှ် ဘက် က ဒုက္ခသည်စခန်းတွမှာ ရှိနေသေးတဲ့ ရိုဟင်ဂျာများကိုတောင် အကုန်ပြန် လက်မခံရသေးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးတိုင်း ကတိတွေပေးနေရဆဲပါ။ ဒါလက်တွေ့ဖြစ်နေတဲ့ အခြေအနေကို ကျနော်ပြောနေ တာ ဖြစ်ပါတယ်။ ဦးသိန်းစိန်က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီ များ ဖြစ် တယ် လို့ပြောခဲ့ပေမဲ့ ဘာလို့ ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်ပါလို့မပြောဘဲ တတိယနိုင်ငံပို့ ပေးပါလို့ တောင်း ဆိုရတာလဲ စဉ်းစားစရာပါ။ ဒီထက် ပိုတွေးကြည့်ရင် ဦးသိန်းစိန်ပြောလိုက် တဲ့စကားဟာ လူမျိုးစု တစ်စု ကို နေရပ် စွန့်ခွာ ထွက်ပြေးအောင် အဓမ္မပြုလုပ်တဲ့ ethnic cleansing ကိုလမ်းကြောင်း အစ ဖေါ်ပေး လိုက်သလို ဖြစ်နေ ပါတယ်။ လူမျိုးစုနှစ် စုကြား တဘက်ကိုသွေး ဆူအောင်၊ လုပ်ရဲ ကိုင်ရဲရှိ လာအောင် ရဲဆေးတင်ပေး လိုက်သလိုဖြစ်ပြီး၊ကျန်တဘက်ကို မျှော်လင့် ချက်လက်မဲ့နဲ့  ဖြစ်ချင်ရာဖြစ် ပြန်ချ မယ် ဆိုတဲ့ အခြေအနေရောက်အောင် ပြောလိုက်သလိုဖြစ်နေ ပါတယ်။

ကျနော်ရေး သွားတာတွေ ဖတ်ပြီးတချို့က တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ရခိုင်ပြည် နယ်က ရိုဟင်ဂျာ တွေ လည်း တက္ကသိုလ်တက်ခွင့် ရတဲ့သူတွေ၊ သွားလာ လုပ်ကိုင်ခွင့် ရတဲ့သူတွေ၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ မဲပေးခွင့် ရတဲ့သူတွေ အများကြီးရှိတာပဲ၊ ဘာကြောင့် နိုင်ငံမဲ့အဖြစ် သတ်မှတ်ရ တာလဲလို့ တွေးကြလိမ့်မယ် ထင်တယ်။ ဒီအတွက် ကျနော်သေချာထပ်ပြောပါမယ်။ တရားဝင်နိုင် ငံမဲ့ ဖြစ်နေသူတစ်ဦးကို ဥပဒေ အရ နိုင်ငံ သား အဖြစ် တရားဝင် အပ်နှင်းခြင်းမှ လွဲပြီး မည်မျှပင် အခွင့်အရေးများ ပေးအပ် ထားပါစေ အဲဒီ အခွင့် အရေး များသည် နိုင်ငံသားအဖြစ်ရရှိခြင်းနှင့် ထပ်တူပြု၍မရပါ။ ဒီအချက်ကို ကျနော် တို့ သေသေ ချာချာ သိထားဖို့လိုပါတယ်။

အမှန်တကယ်နိုင်ငံမဲ့ နဲ့ပက်သက်ပြီး (အပိုင်း-၂) ဆက်လက်ဖတ်ရှုပါရန် ..

Ref:
  • UNHCR – Handbook for Parliamentarians- 2005
  • Human Rights Abuses and Discrimination on Rohingyas 
  • International Crisis Group - Myanmar: A New Peace Initiative – Nov-2011

Comment ရေးရန်

Rohingya Exodus