နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှရိုဟင်ဂျာလူငယ်နှစ်ဦးကို နစကများဖမ်းဆီးသွား


M.S. Anwar
RB News
18.1.2013

မောင်တော ။ ။ ယမန်နေ့ည ၉ နာရီခွဲခန့်တွင် မောင်တောမြို့၊ ဂေါ်ဒူဆာရာကျေးရွာတံတားတွင်အခြေ စိုက်သော နယ်စပ်ဒေသ ကွပ်ကွဲရေး (နစက) စခန်းမှ အသက် ၂၀ ၀န်းကျင်ရှိ ရိုဟင်ဂျာလူငယ်နှစ်ဦး အား အကြောင်းပြ ချက်တစုံတရာ မရှိဘဲ ဖမ်းဆီး သွားကြောင်း သတင်းရရှိပါသည်။ 

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာလူငယ်နှစ်ဦးမှာ ဂေါ်ဒူဆာရာကျေးရွာအုပ်စု၊ ဆွလ္လာရွာမှဖြစ်ပြီး၊ အမည်များမှာ - 

(၁) ရဟမတ်အုလ္လာ (ဘ) ဦးဟူစိန်းအဟမတ် 
(၂) တာဟဲရ် (ဘ) ဦးကမာလ် - တို့ဖြစ်သည်။ 

ရွာသားများ ၏ပြောဆိုချက်အရ ထိုလူငယ်နှစ်ဦး ကိုငွေညှစ်ရန် ရည်ရွယ်ချက်ဖြင့်သာ ဖမ်းဆီးသွားခြင်းဖြစ် သည်။ လူငယ်နှစ်ဦးအား ၀တ်ပြုပြီးအနားယူနေစဉ်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ရွာသားများမှ ကယ်တင် ရန်ကြိုး စားသောအခါ နစကများမှ အနည်းဆုံးအချက် ၅၀ ပစ်ဖောက်ခဲ့သည် ဟုသိရသည်။ ထိုသို့ ပစ် ဖောက်ခဲ့သော်လည်း တစ်ဦးမှဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ၊ လူငယ်နှစ်ဦးကိုသာ လူမဆန်စွာ တရွတ် တိုက်ဆွဲ ၍နစကစခန်းသို့ခေါ်ယူသွားသည်။ 

ထို နစကစခန်း သည် နစကနယ်မြေ (၇) မကြီးချောင်းရွာရှိ စခန်းမှ ဗိုလ်ကြီးမျိုးထိုက်အောင် ၏ လက် အောက်ခံ စခန်းဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ဗိုလ်ကြီးမျိုးထိုက်အောင်၏ အမိန့်မပါဘဲ၊ လက် အောက်ငယ်သားများက ၎င်းတို့၏ ဆန္ဒဖြင့်သာပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအချိန် ထိ ဖမ်း ဆီး ခံရသူ လူငယ်နှစ်ဦးမှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဂေါ်ဒူဆာရာရွာ အနီးမှ အမည် မဖော်လိုသူ တစ်ဦးက RB News သို့ပြောပါသည်။ 

နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်း များ ပြု လုပ်၍ငွေ ညှစ်လျက်ရှိပြီး၊ လက်ခံနိုင်ဖွယ်ရာ မရှိသောအကြောင်းပြ ချက်များပြ၍ ဖမ်းဆီးထောင်ချ လျက် ရှိသည်။ ထိုသို့ ပြုလုပ်နေခြင်းမှာ အစိုးရ၏ ခွင့်ပြုချက်ဖြင့်ြ ပုလုပ်နေခြင်း ဟုတ်/မဟုတ်ကို သေချာ မှတ်ချက် မပြုနိုင်သော်ငြားလည်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများ မှာနေ့စဉ်နှင့်အမျှ အာဏာပိုင် များ ပေးသော ဒုက္ခကို ခံစားလျက်ရှိသည်။

Comment ရေးရန်

Rohingya Exodus