နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ မြန်မာပြည် ပြန်ပို့မည်ကို ငြင်းဆို

(ဓါတ်ပုံ - Reuters)
မဇ္ဈိမ
22.2.2013

နယူးဒေလီ ။ ။ သီရိလင်္ကာ ရေတပ်က ကယ်ဆယ်ထားသည့် မြန်မာနိုင်ငံနေ ၃၂ ယောက် သည် မြန် မာပြည် ကိုပြန်ရန် ငြင်းဆိုကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောဆို လိုက်သည်။

ရဲအဖွဲ့အဆိုအရ မြန်မာနိုင်ငံနေ မွတ်စလင် ရိုဟင်ဂျာများကသူတို့ဟာ ပြန်ဖို့မျှာ်လင့်စရာမရှိကြောင်းပြောဆို သည်ဟု သိရသည်။ 

သီရိလင်္ကာ အစိုးရက သူတို့အား မြန်မာနိုင်ငံသို့ ပြန်မလွဲခင် အထိ သူတို့ ၃၂ အထဲမှ ၁၇ ယောက်အား ထိမ်း သိမ်းထားရှိမည်ဖြစ် သည်ဟု သီရိလင်္ကာထုတ် ဒေးလီးနယူး သတင်းစာက ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သီရိလင်္ကာ အရှေ့ဘက် ကမ်းခြေမှ ရေမိုင် ၂၅၀ အကွာ အိန္ဒိယ သမုဒ္ဒရာ အ တွင်း သင်္ဘော တစင်းဖြင့် မျောပါနေသည့် အဆိုပါ ရိုဟင်ဂျာ ၃၂ ဦး ကို သီရိလင်္ကာ ရေတပ်က ဆယ် ယူ ခဲ့ခြင်းဖြစ်သည်။

ကယ်တင် ရရှိခဲ့သော ထိုလူစုထဲတွင် လေးဦးမှာ ကျန်းမာရေးအရ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ရေတပ် ပြောရေး ဆိုခွင့်ရှိသူ တပ်မှူး Kosala Warnakulasriya အား ကိုးကား၍ Daily Mirror သတင်း တရပ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အတူ ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်း ကလည်း ဘင်္ဂလားဒေ့ရှ်  နိုင်ငံသား ၁၂၇ ဦးနှင့် မြန်မာ ၁၁ ဦးတို့ ကို လည်း သီရိလင်္ကာ ရေတပ်မှ ကယ်တင်နိုင်သည်။

အဆိုပါ ကယ်တင်ခဲ့သူများမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း ကတည်းက မလေးရှားနိုင်ငံသို့ ဦးတည် ထွက် ခွါလာကြသူများဖြစ်ကာ ပင်လယ်ပြင်တွင် မျောနေခဲ့ကြခြင်းဖြစ်သည်ဟု စုံစမ်းလေ့လာမှုများက ထုတ်ဖော်ပြောဆိုခဲ့သည်။

Comment ရေးရန်

Rohingya Exodus