နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်နဲ့ရိုဟင်ဂျာပဋိပက္ခချုပ်ငြိမ်းရေး ဘာသာပေါင်းစုံဆွေးနွေးပွဲပြုလုပ်


Radio Australia
22.2.2013

မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​ပဋိပက္ခတွေ ​ချုပ်ငြိမ်းဖို့ ​အတွက် ​ပထမဦးဆုံး ​အကြိမ် ​ရန်ကုန်မြို့ ​ချက်ထ ရီယန် ​ဟိုတယ်မှာ ​မနေ့ကစပြီး ​ပြည်တွင်းပြည်ပ ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲတခု ​ကျင်းပ ​ပြုလုပ်နေတယ် ​လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ​ဒီနေ့ ​သောကြာနေ့ ​အထိ ​ပြုလုပ်သွားမှာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံ ​အပါအဝင် ​ထိုင်းနိုင်ငံ၊ ​စင်္ကာ ပူနိုင်ငံ၊ ​အင်ဒိုနီးရှားနိုင်ငံ၊ ​ပါကစ္စတန်နိုင်ငံ ​စတဲ့ ​နိုင်ငံတွေက ​ဘာသာပေါင်းစုံ ​အဖွဲ့တွေနဲ့ ​လူငယ်တွေ ​တက်ရောက် ​ဆွေးနွေးကြတယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​နှစ်လယ်ပိုင်း ​ကစပြီး ​ရခိုင်ပြည်နယ် ​အတွင်းမှာ ​ရခိုင်တိုင်းရင်းသားတွေနဲ့ ​ရိုဟင်ဂျာ ​လူမျိုးတွေရဲ့ ​အကြားမှာ ​ဘာသာရေး ​အသွင်ဆန်တဲ့ ​ပဋိပက္ခတွေ ​ဖြစ်ပေါ်ခဲ့ ​ပြီးတဲ့နောက်ပိုင်း ​အခုလို ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲ ​ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေဟာ ​ဘာသာရေးကြောင့် ​အင်အားကြီးလာခဲ့တဲ့ ​အကြောင်းနဲ့ ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲ ​ပြုလုပ်ရတဲ့ ​အကြောင်းတွေကို ​ဘာသာပေါင်းစုံအဖွဲ့ ​ဥက္ကဌ ​ဦးမြင့်ဆွေက ​အခုလို ​ရှင်းပြပါတယ်။

"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ​ပဋိပက္ခတွေက ​ယခင်ကတော့ ​ဘာသာရေးကြောင့် ​မဟုတ်ဘူး၊ ​လူမှုရေး ​ကိစ္စရပ်တွေကို ​အခြေခံတယ်၊ ​နောက်ပြီးတော့ ​နိုင်ငံရေးကိစ္စရပ်တွေကိုအခြေခံတယ်။ ​သို့သော်လည်း ​ပေါ်ပေါက်လာတဲ့ ​အခါမှာ ​ပိုပြီးတော့ ​ကြီးထွားလာမှုအတွက်က ​သူကတော့ဗုဒ္ဓလာသာ၊ ​သူကတော့ခရစ်ယာန် ​ဘာသာ၊ ​သူကတော့အစ္စလာမ်ဘာသာပဲ ​ဆိုပြီးတော့နောက်ခံတွေအပေါ် ​စွဲပြီးရပ် တည်လိုက်တဲ့ ​အခါကျတော့ ​ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ​ပိုပြီးကြီး ထွာလာ တယ်။ ​ပိုကြီးထွားလာတာကို ​မလိုလားဘူး။ ​ဒါကြောင့်ဒီအဖွဲ့အစည်းကို ​တည်ထောင်ပြီးတော့ ​ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ​လုပ်ငန်းတွေမှာ ​ဘာသာရေးခေါင်းဆောင်တွေ ​ပါဝင်ပြီးတော့ငြိမ်း ချမ်းရေးရဖို့ဆောင် ရွက်တာ ​ဖြစ်တယ်။"

အခုလို ဘာသာပေါင်းစုံအဖွဲ့အစည်း ​ဖွဲ့ပြီး ​ပြည်တွင်းက ဘာသာရေး အဖွဲ့တွေ ​တွေ့ဆုံဆွေးနွေး မှု ​ပြုလုပ်ခဲ့ပေ မယ့် ​ဘာသာတစ်ခုနဲ့တစ်ခု ​အမြင်မကြည်တာ၊ ​ပဋိပက္ခဖြစ်နေတာတွေ ​ရှိပြီး ​ငြိမ်းချမ်းရေး မရနိုင်တဲ့ အ တွက် ​ငြိမ်းချမ်းရေး ​တည်ဆောက်နိုင်ဖို့ လူငယ်တွေဟာ ​အဓိက ​ကျတဲ့အတွက်ကြောင့် ​နောင် မှာ ​အာရှ ပစိဖိတ်ဒေသတွင်း ဘာသာပေါင်စုံ ​လူငယ်အဖွဲ့နေနဲ့ ​ဆောင်ရွက်ဖို့ ​ရှိတယ်လို့ ​ဦးမြင့်ဆွေ ကပြောခဲ့ တဲ့ အကြောင်း ​ရေဒီယို သြစတြေးလျ သတင်းထောက် ​မေငယ်က သတင်းပေး ​ပို့ခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus