နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးဉာဏိဿရ ပြောတဲ့ ဧည့်သည်

ဦးဦး မှော်ဆရာ
29.3.2013

ဒေါက်တာ အရှင် ဉာဏိဿရ က ဒီလို ပြောသွား တာကို voice weekly မှာ ဖတ်လိုက် ရတယ်။

.. “တို့မြန်မာ နိုင်ငံကို ဗုဒ္ဓ ဘာသာ ရောက်တာ နှစ်၂၀၀၀ ရှိပြီ။ ခရစ် ယာန်တွေ၊ အစ္စလာမ် တွေ ရောက်လာ တာက အင်္ဂလိပ် ဝင်မှ ရောက်လာတာ။ အဲဒီ နောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင် မပြောနဲ့ တစ်ရာ တစ်ရာ့ ငါးဆယ် လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ် ဆိုရင် ဗုဒ္ဓ ဘာသာက အိမ်ရှင် နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။” …..

အပြည့်အစုံ ဖတ်ရှူရန် >>> ဒီမှာ

ဆရာတော် ပြောသွားတဲ့ ဧည့်သည် တွေအကြောင်း နည်းနည်း ပြောကြည့်မယ်။ ၈-ရာစု၊ ၉-ရာ စု လောက် က သမိုင်းကြောင်း တချို့ကို မပြော သေးဘူး။ လောလောဆယ် ကျနော့် ကွန်ပျူတာ မှာရှိတဲ့ စာအုပ် တစ်အုပ်က စာမျက်နှာ ကိုပဲ အရင် ကြည့်ဦးမယ်။ ဒီစာမျက် နှာက ဒေါက်တာ သန်းထွန်း ရေးတဲ့ `မြန်မာ့ သမိုင်း မြေပုံများ´ ဆိုတဲ့ စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာပါ။ (၁၇) ရာစု ဆိုတာ ၁၆၀၀ ကျော်နှစ် များကို ဆိုလို တယ်လို့ လူတိုင်း သိကြမယ် ထင်တယ်။ အင်္ဂလိပ် ၀င်လာတာ (၁၉) ရာစု .. ။


ဒါတွေက သုံ့ပန်းတွေ ဆိုတော့ သာမာန် ပြည်သူတွေ ထဲမှာရော ဗုဒ္ဓ ဘာသာ မဟုတ်တဲ့ အစ္စလာမ်တွေ၊ ခရစ်ယာန်တွေ မရှိနိုင် ဘူးလားလို့ သိချင် တယ်မလား.. ၁၉၉၇ ခုနှစ်က ကာကွယ်ရေး ၀န်ကြီး ဌာနက ပုံနှိပ် ထုတ်ဝေတဲ့ သာသနာ ရောင်ဝါ ထွန်းစေဖို့ ဆိုတဲ့ စာအုပ် စာမျက်နှာ ၆၅ မှာ “အစ္စလာမ် ဘာသာ နဲ့ မြန်မာ နိုင်ငံ” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဖေါ်ပြထား တာလေး ဖတ်ကြည့်ပါ။ မြန်မာ ပြည်ထဲ အစ္စလာမ် ဘာသာ ၀င်ရောက် လာတာ နှစ်ပေါင်း ၁၀၀၀- ၁၂၀၀ ခန့်ရှိပြီဆိုပဲ။ ဆော်ဒီက ပိုက်ဆံတွေ စားပြီး ရေးထား တာလား မသိ ..း-}
အဲဒီ စာအုပ်မှာပဲ စာမျက်နှာ ၅၈ မှာ မြန်မာ နိုင်ငံကို အစောဆုံး ရောက်ရှိ လာသော ခရစ်ယာန် များဟာ Nestorian ဂိုဏ်းဝင်တွေ ဖြစ်ဟန် တူပြီး၊ ကူဗလိုင်ခန်ရဲ့ တာတာ တပ်တွေနဲ့ အတူ အေဒီ ၁၂၇၇ ခုနှစ် ခန့် က စတင် ၀င်ရောက် လာခဲ့တယ် လို့ရေး ထားတယ်။


တို့မြန်မာ နိုင်ငံကို ဗုဒ္ဓ ဘာသာ ရောက်တာ နှစ်၂၀၀၀ ရှိပြီ။…” လို့ ဆိုထားတော့ တခါက ကျနော် တင်ဖူး တာကိုပဲ ပြန်တင် လိုက်မယ်။ ဒီစာ မျက်နှာက ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ ကွန်သာယာ၊ သမိုင်း အုပ်ဆောင်း စာစဉ် အမှတ် (၈) မှာ ဒေါက်တာ သန်းထွန်း ရေးတဲ့ `မြန်မာ့ သမိုင်းရဲ့ သမိုင်း´ ဆိုတဲ့ ဆောင်းပါးရဲ့ စာမျက်နှာ- ၂ ကိုကြည့်ပါ။


အမှန်တော့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဆိုတာ ဗိဿနိုး ခေတ်ရဲ့ အစဦး လို့တောင် မရဲတရဲ ပြောရမှာပါ။ ကိုယ် တိုင် သုတေသန ပြုခဲ့သူ ဒေါက်တာ သန်းထွန်း ကတော့ ဘာမှ မတွေ့ခဲ့ ပါဘူးတဲ့။ ရွှေတိဂုံ ဘုရား သ မိုင်း ကြောင်းတော့ လာမပြော နဲ့နော်.. ထပ်ပြီး အရှက်ကွဲ လိမ့်မယ်။ ခုဒီပို့စ်မှာ ကျနော် ပြောခဲ့ တာ တွေ က လူတိုင်း လွယ်လွယ် ကူကူ ရှာနိုင်တဲ့ သာမာန် စာအုပ် လေးတွေ ကိုပဲ ကိုးကား ထားတာပါ။

ကိုယ်လည်း သေချာ မသိဘဲ ပြောမိတော့ လူ ရယ်စရာ ဖြစ်တာ ပေါ့ဗျာ။ အမှန်တော့ ဒီစကားက ပြဿ နာတွေ မဖြစ်အောင် တိုက် တွန်းတဲ့ စကားလည်း မဟုတ်၊ ဖြစ်နေတဲ့ ပြဿနာ ကို ဖြန်ဖြေပေးတဲ့ စကား လည်း မဟုတ် .. အူကြောင်ကြား တစ်ချို့ကို သွေးနထင် ရောက်စေတဲ့ စကားပဲ ဖြစ်တယ်။ မြန်မာ လူမျိုး ဆိုတာလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင် လောက်က Invade လုပ်လာတဲ့ လူမျိုး၊ migrate လုပ်လာတဲ့ လူမျိုး… ဒါ ငြင်းလို့ မရတဲ့ သမိုင်းပဲ။ သိပ်ပြီး အိမ်ရှင်/ဧည့်သည် မလုပ်ချင် ကြပါနဲ့။

သုတေသနတွေ တိုးတက် လာတဲ့ ဒီခေတ် ကြီးမှာ တော်ကြာ ကိုယ့် စကားနဲ့ကိုယ် ဧည့်သည် ဖြစ်သွားရင် ခက်ပေ ရော့မယ် ..

ကွန်မန့် ပေးသူများ ဒေါက်တာ အရှင် ဉာဏိဿရ ကိုတော့ မလှောင်ပြောင် ကြပါနဲ့ ခင်ဗျ ..

ပုံများ ပေါ်တွင် ကလစ် နှိပ်၍ အကြီးချဲ့ ဖတ်ပါ။

Comment ရေးရန်

Rohingya Exodus