နောက်ဆုံးသတင်း/ဆောင်းပါးများ

သမ္မတလား မာဖီးယားလား


ဌေးလွင်ဦး
RB News
30.3.2013

မျက်ကန်း မျိုးချစ် လူသတ်ဂိုဏ်း ဗုဒ္ဓ ၀ါဒီ တွေဟာ သူတို့ စီမံချက် ချထားတဲ့ အတိုင်း မွတ်ဆလင် တွေကို မြန်မာ ပြည်ထဲက အပြီးပိုင် မောင်းထုတ်ဘို့ မျိုးပြုတ် သုတ်သင်ဘို့ လုပ်ငန်း စဉ်ကို ၂၀၁၂ ခု ဇွန်လ ကတည်းက တစ်ကွက်ချင်း စနစ်တကျ လုပ်ဆောင် ခဲ့ပါတယ်။ နိုင်ငံ တော်ရဲ့ အချုပ် အခြာနဲ့ အာဏာကို လက်ကိုင် ထားတဲ့ သမ္မတ အဖွဲ့ ကိုယ်တိုင်က လူသတ် ကောင်များကို စနစ် တကျ ဟပေး၊ ဆွပေး၊ ဖုံးပေး၊ ကာပေး ခဲ့ပါတယ်။ 

မျက်ကန်း မျိုးချစ် ဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဖြစ်နေ ပါတော့တယ်။ သမ္မတဟာ သမ္မတ အလုပ်ကို မလုပ်ဘဲ သူ့သမ္မတ သက်တမ်းမှာ ကမ္ဘာကို မျက်နှာ ချိုသွေးပြီး မွတ်ဆလင် မျိုးဖြုတ် သုတ်သင် ရေးကိုပဲ လုပ်သွားမယ် ဆိုတာ အဖြေ ပေါ်နေ ပါပြီ။ 

ကမ္ဘာကျော် ရခိုင် တောင်ကုတ် အကြမ်းဖက် သတ်ဖြတ် မှုကြီးကို အော်ကြ ဟစ်ကြတော့-၊ ဖုံးမနိုင် ဖိမရတဲ့ အဆုံး ဖမ်းပေး ပါမယ်၊ ဆီးပေး ပါမယ်၊ အရေးယူ ပေးပါမယ်- ဆိုပြီး သမ္မတရုံး ကိုယ်တိုင်က ကတိတွေ ပေးခဲ့ တယ်။ ပြီးတော့ ကလိန် ကကျစ်နဲ့ ယောက်ျား ကတိကို ဖျက်ခဲ့တယ်။ အဲ့ဒီ အမှုကို ဖုံးဘို့ ရခိုင် နယ်ရဲ့ ပထမဆုံး မျိုးတုံး သတ်ဖြတ်မှု ကြီးကို စတင် အကောင် အထည် ဖေါ်လိုက်တယ်။ ကမ္ဘာ့ အသိုင်း အ၀ိုင်းက ဟော်ဟစ်ပြန် တော့ ခဏလေး ငြိမ်နေပေး လိုက်ပြန်တယ်။ ပြီးတော့ သမ္မတ ကိုယ်တိုင်က မဆင် မခြင်ဘဲ- သူ့ရဲ့ မွတ်ဆလင်မုန်း စိတ်ဓါတ် ကြီးကို ဖေါ်ပြတဲ့ အနေနဲ့ ဒီလူ တွေဟာ နိုင်ငံခြားက ကျူးကျော် လာသူတွေ ဖြစ်ပြီး တတိယ နိုင်ငံကို ပို့ပေးမယ် ဆိုတဲ့ ကမ္ဘာကျော် မဟာ စကားကြီးကို ပြောခဲ့ ပြန်တယ်။ ကမ္ဘာက ၀ိုင်းဖိတော့- စကား တွေကို ပြင်ပြီး ကုလ သမဂ္ဂမှာ နောက်နောင် ဒီလို မဖြစ်စေ ရဘူးလို့ ဒုတိယမိ ကတိ ပေးခဲ့ပြန်တယ်။ ကုလ သမဂ္ဂမှာ ပြောတဲ့ စကားလုံး လေထဲက ပြန့်လွင့်လို့ မြန်မာ ပြည်တောင် မရောက် သေးဘူး-၊ ကတိ တည်တဲ့ အနေနဲ့ ရခိုင် နယ်မှာ အကြီး အကျယ် မျိုးပြုတ် သတ်မှုကို ဆက်လက် အကောင် အထည် ဖေါ်ခဲ့ ပါတော့တယ်။ 

အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခ သည်တွေကို camp တွေထဲမှာ အစာရေစာ၊ ဆေးဝါး ပြတ်လတ်ပြီး အခြောက်တိုက် သေသွားအောင် စနစ် တကျ အကွက်ချ စီမံနေ ခဲ့တယ်။ ကမ္ဘာ့ အသိုင်း အ၀ိုင်းက ဒီလူ တွေအတွက် ကူညီမယ့် အကူ အညီတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ ထားပြီး- ဖြတ်လေး ဖြတ်ပုံစံ သေဆုံး မျိုးပြုတ် သွားစေဘို့ သွေးအေးအေး နဲ့ ရက်စက် ယုတ်မာ ခဲ့ပါတယ်။ ဒီအကိစ္စ အတွက် အရေး ကြုံရင် ထိုးကျွေး ဘို့ရာ ရခိုင် မျက်ကန်း ခွဲထွက် ရေးဝါဒီ တွေကို အရံသင့် ကာထား ပေးလိုက်တယ်။ သမ္မတရဲ့ မွတ်ဆလင် မျိုးပြုတ် သတ်ဖြတ်ရေး စီမံချက်ဟာ ရခိုင်မှာ အောင်မြင် သွားခဲ့ ပါတယ်။ လောလောဆယ် camp တွေထဲမှာ ဒီလူတွေ ရှိနေပေမယ့်-၊ နောက်ထပ် ၆ လ လောက် ပိတ်ထား လိုက်ရင် ဒီလူတွေ သေကုန်မယ်- သို့မဟုတ် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး ကုန်မယ် ဆိုတာကို သူတွက် ပြီးသားပါ။ (ကျန်နေတဲ့ လူနည်းစုလေး ကိုတော့ အပြထားပြီး ဖိနှိပ်ခံ ကျေးကျွန် လူတန်းစား သဖွယ် လုပ်ထားလို့ ရပြီလို့ သမ္မတ တွက်ထားပုံ ရပါတယ်။) 

ဒီလောက် ကြီးကျယ်တဲ့ ရခိုင်နယ် မျိုးပြုတ် သတ်ဖြတ်မှု ကြီးအတွက် ထိထိ ရောက်ရောက် အရေး ယူပါမယ် ဆိုတဲ့ ကတိ တွေဟာ တစ်ခုမှ အကောင် အထည် ပေါ်မလာ ခဲ့တော့ဘဲ-။ မြန်မာ ပြည်မထဲမှာ မွတ်ဆလင် မျိုးပြုတ်သုတ် သင်ရေးကို စတင် လိုက်တော့တယ်။ 

ဒီမှာ သမ္မတနဲ့ အဖွဲ့ဟာ သူတို့ လက်သပ်မွေး အုပ်စုကို ဆက်သုံးပြီး ဥပဒေ စိုးမိုးရေးကို တာဝန်ယူ ထားရတဲ့ ရဲ တွေကို လက်ပိုက် ကြည့်နေ စေဘို့ ကြိုတင် စီမံချက်တွေနဲ့ စီစဉ်ခဲ့ကြောင်း လူတိုင်း သိနေတဲ့ ကိစ္စပါ။ 

နိုင်ငံတော် ထိခိုက် နစ်နာမှာကို တစ်ကယ် စိုးရိမ်တဲ့ တိုင်းချစ် ပြည်ချစ်များ၊ မိမိ သာသနာ သိက္ခာ ဂုဏ်ငယ် သွားရမှာ ကို စိုးရိမ်တဲ့ ရဟန်း ရှင်လူ ပြည်သူ အစစ်များက မသင့်တော် တော့ဘူး ဆိုတဲ့ စိတ်မျိုးနဲ့ ပါဝင် ပတ်သက် လာတော့ မှ ဖမ်းပေး ပါမယ်- ဆီးပေးပါမယ်၊ အရေးယူ ပေးပါမယ် ဆိုပြီး ကတိတွေ စွပ်ပေး လိုက်ပြန် ပါတယ်။ ပြီးတော့ သမ္မတရုံးက ဒီကိစ္စမှာ မပတ်သက် ရပါဘူး ဆိုပြီး ဗြောင်ခံ ငြင်းလိုက် ပြန်တယ်။ ခံငြင်း ရပေါင်းလည်း များခဲ့ပါပြီ။ ကမ္ဘော ဒီးယားကို သမ္မတဆိုသူ သွားစဉ်က အင်ဒိုနီးရှား သမ္မတကြီးရဲ့ ရှေ့မှာလည်း “ကျွန်တော်တို့ အစိုးရ မပါရ ပါဘူး” ဆိုပြီး တောင်းပန် ကာကွယ် ခဲ့ရတာ လူတိုင်း သိနေပါတယ်။ 

မွတ်ဆလင် ဆန့်ကျင်ရေးနဲ့  မွတ်ဆလင် များကို သုတ်သင်ဘို့ မြှောက်ပင့် သွေးထိုး စာများကို သမ္မတရုံး တာဝန်ခံ များရဲ့ Facebook များက ပေါ်တင် ထုတ်ဝေ ခဲ့တာများ-၊ မွတ်ဆလင် တွေကို သတ်ဖြတ် သုတ်သင်ဘို့၊ မွတ်ဆလင် တွေရဲ့ ပိုင်ဆိုင်မှု တွေကို ဖျက်ဆီးဘို့  မြန်မာ ပြည်တစ်လွှား ဗြောင်တိုက်ပြီး လှုံ့ဆော် ခဲ့တာ၊ နိုင်ငံပတ် စည်းရုံး ခဲ့တာများ၊ ဘယ်မြို့ ဘယ်ဒေသကို ဘယ်နေ့မှာ ဖျက်ဆီး ပစ်မယ်လို့ ကြိုတင် ရာဇသံ ပေးခဲ့တာ များကို သမ္မတဆိုသူက မသိခဲ့ဘူး၊ မကာကွယ် နိုင်ခဲ့ဘူး ဆိုတာ များဟာ ဘယ်လို မျက်နှာနဲ့ ကမ္ဘာကို ပြောရဲသလဲ အံ့သြဘို့တောင် ကောင်းနေ ပါတယ်။ (ဒီလောက်မှ အသုံး မကျရင်လည်း သမ္မတ နေရာက ဖယ်ပေး လိုက်ဘို့ သင့်နေပါပြီ၊) လုပ်ချင်တဲ့ ကိစ္စတစ်ခုကို လုပ်ပြီး သွားတိုင်း-၊ အရေးယူ ပေးပါမယ် ကတိ ပေးလိုက် ကမ္ဘာကို လိမ် လိုက်-၊ အကြိမ် ပေါင်းလည်း များခဲ့ပြီ။ ဒီနေ့ ထိလည်း ထိပ်သီး ရာဇ၀တ် ကောင်များကို အရေး မယူဘဲ လွှတ်ပေး ထားတာ တစ်ကမ္ဘာလုံးက မျက်လုံးနဲ့ မြင်နေပါတယ်။ နောက်ဆုံး မတတ်သာရင် တောနယ်တွေက ရိုးရိုးအေး အေးနေတဲ့ ရဟန်း သံဃာတွေကို အကြောင်းပြ ဖမ်းဆီးပြီး-၊ ဒီလူ တွေဟာ သင်္ကန်းဝတ်တွေ တရားခံ အစစ်တွေ လို့ အကြောင်း ပြကာ ဓားစာခံ လုပ်လိုက် မှာလည်း သေချာ နေပါတယ်။ လက်သပ်မွေး သင်္ကန်းဝတ် တွေကိုတော့ မသိမသာ အရောင် ဖျောက်ပေးထား လိုက်တော့မယ် ဆိုတာလည်း သိနေပါတယ်။ 

သူမွေး ထားတဲ့ မျက်ကန်း မျိုးချစ် လူယုတ်မာ တစ်ခုနဲ့ မွတ်ဆလင် တွေကိုလည်း မျိုးဖြုတ်မယ်၊ ဗုဒ္ဓ ဘာသာကို လည်း နာမည် ပျက်ချင် ပျက်ပါစေ- ဆိုတဲ့ မူနဲ့ သင်္ကန်း ၀တ်ခေါင်းဆောင် ဦးဉာဏိသရကို ထောင်ကျ နေတဲ့ ဘုန်း ကြီးတွေထဲက ၀ီရသူ အပါအ၀င် သင်္ကန်းဝတ် ၆ ယောက်ကို ပုခုံးကိုင် လူရွေးပြီး ထုတ်ပေးခဲ့တာ။ မွတ်ဆလင် မုန်းတီးရေး သင်တန်း တွေပေးခဲ့တာ-၊ ရဟန်း သံဃာ အစစ်များက သိနေခဲ့ ပြီးသားပါ။ ရဟန်း သံဃာ အစစ်တွေမှာ ဒီကိစ္စရပ် တွေကို ဒီနေ့ထိ လူသိရှင် ကြားပြော ခွင့်မရသေး ပေမယ့်-၊ တစ်ချိန်မှာ ပေါ်လာ ပါလိမ့်မယ်။ ဘောလုံး လောင်း ကစားသမား ရွှေည၀ါ ကိုလည်း သိဒ္ဓိတွေ တင်ပေးပြီး- မွတ်ဆလင် ဆန့်ကျင်ရေးတွေ လုပ်ဆောင်ဘို့ အကွက် ကျကျ မြှောက်ပေး ခဲ့တာ-၊ အားလုံးက မာဖီးယား အကွက် များသာ ဖြစ်ပါတယ်။ သုံးချင်တိုင်း သုံးပြီးရင် ရွှေည၀ါ ကိုလည်း လောင်းကစား မှုနဲ့ ထောင်ထဲ ပို့လိုက်မယ်၊ ၀ီရသူ ကလည်း သူမှာ ရထားပြီး ဖြစ်တဲ့ ဒဏ်ရာနဲ့ သေသွား လိမ့်မယ်- ဆိုတဲ့ အကွက်များက အင်မတန် ကလေးဆန်တဲ့ အကွက်တွေ ဖြစ်နေပါတယ်။ (သူ့ဒဏ်ရာ နဲ့သူ မကြာမှီ သေသွား တော့မယ့် ၀ီရသူကို အစိုးရ ကိုယ်တိုင်က သတ်ပစ်ပြီး မွတ်ဆလင် တွေက သတ်ပါတယ် လို့ သတင်း ထုတ်ချင် လည်း ထုတ်ပြန် ဦးမယ်။) 

ဒီတော့--၊ တိုင်းပြည်မှာ အာဏာ ယူထားတဲ့ ကြံ့ဖွံ့ ပါတီ ကိုယ်တိုင်က မိမိတို့ ပါတီက တင်ပေး ထားတဲ့ သမ္မတ နဲ့ သမ္မတ ကိုယ်တိုင်က သူ့သဘော နဲ့သူ ဖွဲ့ထားတဲ့ သမ္မတရုံး အဖွဲ့ဆိုတာ-၊ သမ္မတ အလုပ်ကို တစ်ကယ်လုပ် နေသလား၊ မာဖီးယား အလုပ်ကို လုပ်နေ သလား-၊ ဆိုတာ စဉ်းစား သင့်ပါတယ်။ သူ့ကို သမ္မတ လုပ်ဘို့ ခွင့်ပြု ထားတဲ့ သက်တမ်းမှာ အချိုသပ်ပြီး တိုင်းပြည် ကိုလည်း ဖျက်ဆီးမယ်၊ ကြံ့ဖွံ့ ပါတီရဲ့ ဂုဏ်သိက္ခာ ကိုလည်း ဖျက် ဆီးမယ်-၊ ဗုဒ္ဓဘာသာ ဂုဏ်သိက္ခာ ကိုလည်း ဖျက်ဆီးမယ်၊ ဆိုရင်တော့---၊ ကြံ့ဖွံ့ ပါတီဟာ ရည်မှန်း ထားသလို အာဏာ သက်ဆိုးရှည်ဘို့ မရှိတော့ပါ။ ဒီတစ်ကြိမ် စစ်တပ်က ပြန်လည် အာဏာ သိမ်းရင်တော့- ကြံ့ဖွံ့ ပါတီဟာ လည်း ရှေးက မဆလ ပါတီလို ဖြစ်သွားရမှာ သေချာ နေပါတယ်။ မြန်မာ နိုင်ငံမှာ ဗမာ-ဗမာချင်း မျက်နှာထောက် ခဲ့တဲ့ သမိုင်းက ဒီနေ့ထိ မရှိသေး တာတော့ သေချာ ပါတယ်။ 


ဌေးလွင်ဦး 
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ 
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus