နောက်ဆုံးသတင်း/ဆောင်းပါးများ

ကတိ တည်ပါစေ


ဌေးလွင်ဦး
RB News
14.4.2013
မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ခရီးမှာ- ဒီမိုကရေစီ ဆိုတဲ့ ရထား ကြီးရဲ့ လမ်းခရီး တစ်လျှောက် အစ္စလာမ် သာသနာ ၀င်တွေကို ရထား တြိတ်သလို ကြိတ်ပစ် ခဲ့ပါတယ်။ တကယ်တော့-၊ မွတ်ဆလင် တွေကို မျိုးပြုတ် သတ်ပစ်မှ ဒီမိုကရေစီကို ချီတက် နိုင်မှာ မဟုတ်ပါ။ ဒါပေ မယ့်-၊ ပြု ပြင် ပြောင်း လဲ ရေးမှာ အခက် အခဲ အဟန့် အတား တွေရှိ မှာပဲ၊ ကျော်ဖြတ် ရတာတွေ ရှိမှာပဲ ဆိုတဲ့ အကြောင်း ပြချက်ကို အသုံး ချပြီး မွတ်ဆလင် များကို တမင် လုပ်ကြံ သတ်ဖြတ် ခြင်း သာ ဖြစ်ပါတယ်။ 

ဒီအတွက် လူဆိုး လူမိုက် ရာဇ၀တ် ကောင်တွေကို လုပ်ပိုင်ခွင့် ဖန်တီး ပေးလိုက်၊ ဟပေး လိုက်တာမှာ အစိုးရဟာ အဓိက ကဏ္ဍက ပါဝင် နေပါတယ်။ အထူး သဖြင့် အစိုးရ တစ်ရပ် အဖြစ် ရပ်တည်တဲ့ သမ္မတ ဦးဆောင်တဲ့ အစု အဖွဲ့ဟာ ပိုပြီး တာဝန် ရှိနေ ပါတယ်။ 

၂၀၁၂ ခု ဂျွန်လ ကတည်းက ရခိုင်နယ်က ရိုဟင်ဂျာ တွေကို မျိုးပြုတ် သုတ်သင် ခဲ့တာမှာ ပြဿနာ ရဲ့အစ တောင်ကုတ် ကိစ္စက အခုထိ အစိုးရဘက် ထိရောက်စွာ အရေးယူ ပေးခြင်း မရှိ သေးဘဲ- ဟိုလိုလို ဒီလိုလို ကစား နေခဲ့ပြီး မိတ္ထီလာ ကိစ္စ မှာတော့- မွတ်ဆလင် တွေကိုပဲ တရားခံ အဖြစ် စွတ်စွဲ ဖမ်း ဆီး ထောင် ချ ခဲ့ပါ တော့တယ်။ ဒါတွေ အားလုံး အတွက် သမ္မတနဲ့ နိုင်ငံတော်မှာ ဆုံးဖြတ် ပိုင်ခွင့် ရှိသူတွေ အားလုံးမှာ တာဝန် လုံးဝ ရှိနေ ပါတယ်။ 

ကမ္ဘာ့ ဖိအား တွေကို မလွန်ဆန် နိုင်အဆုံး နောက်ဆုံးမှာ နိုင်ငံ တော်ကို ဦးဆောင်တဲ့ သမ္မတ ကိုယ်တိုင်က မိုးမကျမှီ ရခိုင်နယ်က ဒုက္ခ သည်တွေကို အိုးအိမ် ဆောက်ပေးမယ်၊ ဘ၀တွေ ပြန်လည် ထူထောင် ပေးမယ် ဆိုပြီး လေပြေအေး တိုက်ခဲ့ ပြန်ပါတယ်။ ဒါတွေကို ဘယ်မွတ်ဆလင် ကမှ ယုံကြည်မှု မရှိပါ။ ယုံကြည်စေ ဘို့လည်း အလုပ်နဲ့ အပြော တည်အောင်သက်သေ ပြခဲ့တာလုံးဝ မရှိခဲ့ပါ။ သမိုင်း တစ်လျှောက် ဗြောင်လိမ် ခဲ့တာပဲ ရှိနေ ပါတယ်။ 

ဒါပေမယ့်- ကျုပ်တို့ ဘက်က လူကြီး လူကောင်း ပီသစွာ ဒီတစ်ကြိမ် ပြောတဲ့ သမ္မတရဲ့ စကား ကို နောက်ဆုံး အကြိမ် လိုက်လျှော စောင့်ကြည့် ပါမယ်။ မြန်မာ နိုင်ငံနေ အစ္စလာမ် သာသနာ ၀င်များ-၊ ရခိုင်နယ်က ရိုဟင်ဂျာများ လုံးဝ လုံးဝ အားငယ် စိတ်ပျက်ဘို့ မလိုပါ။ ကြောက်ရွံ့ တုန်လှုပ်ဘို့ မလိုပါ။ ဒီတစ်ခါ ပေးတဲ့ ကတိ-ကို ဘယ်နေ့က စပြီး အကောင် အထည် ဖေါ်မလဲ-၊ ကျုပ်တို့ သုံးပတ် စောင့်ကြည့် ပါမယ်။ ဒီရက် အတွင်းမှာ ကျုပ်တို့ ဘက်က အထူး mission တစ်ရပ်-၊ မြန်မာ အစိုးရနဲ့ တိုက်ရိုက် သွားတွေ့ ပါမယ်။ အစိုးရ ဘက်က ဘာအကြောင်း ပြမလဲ စောင့်ကြည့် ပါမယ်။ အကယ်၍ မအားဘူး မတွေ့ နိုင်ဘူး ဆိုရင်လည်း- ဖြစ်ပါတယ်။ လက်ခံ တွေ့ပြီး စကားလုံး အေးအေး လေးတွေနဲ့ ကတိ ပေးပြီး လိမ်ဦးမယ် ဆိုရင်လည်း ရပါတယ်။ ကျုပ်တို့ ဘက်က အားလုံး အဆင်သင့် ပါ။ 

အခြေ အနေ အားလုံး အပေါ်မှာ အစိုးရ တစ်ရပ် လုံးရော၊ ပြည်သူ အားလုံးပါ- တိုင်းပြည်ကို တစ်ကယ် ချစ်ပြီး တိုင်း ပြည်တစ်ခုလုံး အေးချမ်း သာယာ တိုးတက်ရေး၊ စည်းလုံး ညီညွတ် ရေးကိုပဲ ဦးတည် စဉ်း စားပေး ဘို့လည်း ကြိုတင် မေတ္တာ ရပ်ခံ လိုပါတယ်။ “လူနည်းစု အပေါ်မှာ ငါတို့ အနိုင်ကျင့်လို့ ရတယ်” ဆို တဲ့ လွဲမှားတဲ့ အတ္တတွေကို ရှေ့တန်း တင်မိ ရင်တော့-၊ တိုင်းပြည် အတွက် ကျုပ်တို့ ရင်လေး ပါတယ်။ ဒါ ဟာ- တိုင်းပြည်ကို စေတနာ ကောင်းနဲ့ အမှန် သစ္စာကို တိုင်တည် ပြောဆို ခြင်းပါ။ 

ကျုပ်တို့ ဘက်က လာမယ့် mission ကို ဖြားယောင်း ပြောဆိုဘို့-၊ မတရား မှုမှာ အဖားလွန် နေတဲ့ မြန်မာ မွတ်ဆလင် အမည်ခံ လူတစ်စုကို လက်သပ် မွေးထား ဘို့တော့ မစဉ်းစား ပါနဲ့-။ ဒီအကွက် တွေလည်း ရိုးနေ ပါပြီ။ အဲ့ဒီ အစိုးရဖား လူတစ်စုက တိုင်းပြည် အတွင်းက မွတ်ဆလင် မဟုတ် သူတွေ မပေါ် လည်း ကောင်းခဲ့တဲ့ သမိုင်း မရှိခဲ့ဘူး ဆိုတာ မြန်မာ ပြည်နေ ဗုဒ္ဓ ဘာသာ တိုင်းလည်း သိပြီး သားပါ။ 

ကျုပ်တို့ရဲ့ အထူး mission ဟာ တိုင်းပြည် တစ်ခု လုံးမှာ ရှိတဲ့ လူအားလုံးရဲ့ အကျိုးကို ရှေ့ရှုပြီး နောက်ဆုံး အကြိမ် ညှိနှိုင်းခြင်း ဖြစ်မယ် ဆိုတာ ကိုလည်း ထပ်ဆင့် အသိပေး လိုပါတယ်။ ကျုပ်တို့ကြောင့်- မွတ်ဆ လင်ရော မွတ်ဆလင် မဟုတ် သူပါ- ထိခိုက် နစ်နာ စေခြင်း မဖြစ်စေ ရဘူး ဆိုတဲ့ ကတိ ကိုတော့ ကျုပ်တို့ ဘက်က ပေးနိုင် ပါတယ်။ အဲ့ဒီ နောက်ဆုံး ဆိုတဲ့ စကားရဲ့ နောက်ပိုင်း ကိုတော့ အစိုး ရရော၊ ပြည်သူ များပါ ထပ်ဆင့် မဖြစ်စေဘို့ လိုပါမယ်။ 

လူဆိုး လူမိုက် တစ်စု ဘက်က လိုက်လျှော ရပ်တည် မလား-၊ သို့မဟုတ် တိုင်းပြည်နဲ့ လူများစု ကြီးဘက်က ရပ်တည် မလား ဆိုတာတော့-၊ တိုင်းသူ ပြည်သား အားလုံး ဆင်ခြင် စဉ်းစားဘို့ လိုသလို-၊ သမ္မတ ကိုယ်တိုင်က လည်း ရိုဟင်ဂျာ တွေ အတွက် အိုးအိမ် ဆောက်တည် ပေးမယ့် ကိစ္စ၊ ဘ၀ လုံခြုံမှု များ ပေးဘို့ ကိစ္စ၊ ကျန်းမာရေး ပညာ ရေးများ ဆောင်ရွက်မယ့် ကိစ္စကို အပြော အစား-၊ စတင်ပြီး အလုပ်နဲ့ သက်သေ ပြဘို့ လိုပါတယ်။ 


ဌေးလွင်ဦး 
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ 
မြန်မာ မွတ်ဆလင် တန်းတူ ညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus