နောက်ဆုံးသတင်း/ဆောင်းပါးများ

အော့စ်ဖို့ဒ်တွင် မြန်မာ မွတ်စလင်များ အတွက် ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒ ဖော်ထုတ်


RB News 
27.4.2013 

အော့စ်ဖို့ဒ် ။ ။ လွန်ခဲ့သည့် ကြာသပတေးနေ့ (ဧပြီလ ၂၅ ရက်) နေ့လည် ပိုင်းမှာ အင်္ဂလန်နိုင်ငံ အော့စ်ဖို့ဒ် မြို့၊ ကာဖက်စ် တာဝါ ရှေ့မှာ မြန်မာ နိုင်ငံမှာ မွတ်စလင် တွေကို ဗုဒ္ဓဘာသာဝင် တွေကသတ်ဖြတ် နေခြင်း အတွက် ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒ ဖော်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ခဲ့ ပါတယ်။ 

အဲဒီဆုတောင်းဆန္ဒ ဖော်ထုတ်ပွဲကို အော့စ်ဖို့ဒ်မြို့မှာရှိတဲ့အစ္စလာမစ် ပြန်ကြားရေးစင်တာကဦးဆောင်ပြီး ပြု လုပ်ခဲ့ တာ ဖြစ်ပါတယ်။ အစ္စလာမစ် စင်တာရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဟိုဂျက် ရမ်ဇီက “ကျွန်တော်တို့ အနေနဲ့ ဒီလို အကြမ်းဖက် မှုတွေ ဘာကြောင့် ဖြစ်ရလဲ ဆိုတာကို သိချင်ပါတယ်” လို့ ပြော ပါတယ်။ 

“ကျွန်တော်တို့ ယုံကြည် တာက ဗုဒ္ဓဘာ သာဝင် တွေဟာ ငြိမ်းချမ်းတဲ့ သူတွေ ဖြစ်တယ်။ အဲ ဒါကြောင့် အခု လို သတ်ဖြတ် နေတာတွေ ဖြစ်နေတဲ့ အလွန့် အလွန် ၀မ်းနည်းစရာ ကောင်းတယ်” 

“သူတို့တွေဟာ နှစ်ပေါင်း ထောင်ပေါင်း များစွာငြိမ်းငြိမ်းချမ်းချမ်း နေလာတယ်။ဗုဒ္ဓဘာသာဝင်အစွန်းရောက် အချို့က အပြစ်မဲ့တဲ့ သူတွေကို သတ်တာလို့ မြင်တယ်။ အဲဒါကလည်း ဗုဒ္ဓ ဘာသာ ၀င် တွေ ယုံကြည် တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တယ်” လို့ ဒေါက်တာ ရမ်ဇီက ဆက်ပြော ပါတယ်။ 

အဆိုပါ ဆုတောင်း ဆန္ဒ ဖော်ထုတ်ပွဲကို လူပေါင်း ၇၀ ကနေ ၁၀၀ ကြား တက်ရောက် ခဲ့တယ်လို့ ဆိုပါ တယ်။ 

လွန်ခဲ့တဲ့ လက မိတ္တီလာမြို့မှာ အကြမ်းဖက် မှုတွေဖြစ် ပွားခဲ့ပြီး လူပေါင်း ၄၀ ကျော်သေဆုံး ခဲ့တယ်လို့ အ စိုးရ မီဒီယာ များမှာ ဖော်ပြ ခဲ့ပါတယ်။ 

ကိုးကား ။ ။ Oxford Mail

Comment ရေးရန်

Rohingya Exodus