နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ၌ တစ်ဦး ထပ်မံ ဖမ်းဆီး၍ ၄၀ ဦး ဖမ်းဆီးမည် ဟုပြော


RB News 
28.4.2013 

စစ်တွေ ။ ။ ဧပြီလ (၂၆) ရက်နေ့တွင် လူဦးရေ စာရင်း ကောက်ခံ မည်ဟု အကြာင်းပြ၍ လူမျိုး အ မည် နေရာ တွင် ဘင်္ဂလီဟု အတင်း အဓမ္မ ဖြည့်စွက်၍ လက်မှတ် ရေးထိုးခိုင်း မှုကြောင့် ရိုဟင်ဂျာ ဒုက္ခ သည် များ၊ ဒေသခံများနှင့် လ၀က များအကြား တင်းမာမှု များဖြစ်ပွား ခဲ့၍ ၁၅ နှစ် အရွယ် ကလေး တစ်ဦး သေနတ် ကျည်ဆန် ထိမှန်၍ ဒဏ်ရာ ရခဲ့သည်။ 

ယင်းနေ့ တွင်ပင် သက္ကေပြင်မှ ဒေါ်ဆလီမာနှင့် ဒုံးပြင်တောင် ရွာမှ ၁၅ နှစ် အရွယ် မိုဟာမတ် ဟာရှင်မ် တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ရုံး၌ ဆွေးနွေးရန် ရိုဟင်ဂျာ ကိုယ်စားလှယ် ၁၀ ဦးကို ခေါ်ဆောင် သွားခဲ့ရာမှ ဦးကျော်မြင့်နှင့် ဦးဘသာ တို့ကို ဖမ်းဆီး ထားလိုက် သည်။ ယမန်နေ့ (ဧပြီလ ၂၆ ရက်) တွင် ရဲတပ်ဖွဲ့ဝင် များလာရောက်၍ သက္ကေပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ မီးသတ် အရာရှိ ဦးစံလင်း တို့ကို ဖမ်းဆီးသွားခဲ့သည်။ ထပ်မံ၍ စာတိုက် ၀န်ထမ်း ဦးယူစွတ် အား ဖမ်းဆီးရန် ရှာဖွေ ခဲ့သော်လည်း မတွေ့ရှိ ခဲ့ကြောင်း သိရပါသည်။ 

ယနေ့ နံနက်ပိုင်းတွင်လည်း သက္ကေပြင်နှင့်  ဘောဒူဖသို့ ရဲတပ်ဖွဲ့ ၀င်များရောက်ရှိ လာပြီးထပ်မံ ဖမ်းဆီး ရှာ  ဖွေ မှုများ ပြု လုပ်ခဲ့ ကြောင်း သိရ ပါသည်။ 

“မနက် ကတည်းက သက္ကေပြင်နဲ့ ဘောဒူဖကို ရဲတွေ ၀င်လိုက် ထွက်လိုက် လုပ်နေတယ်။ ဘောဒူဖက ရဖိခ် (ဘ) ဦးဟူစိန်း (အသက် ၃၀ နှစ်) ကိုဖမ်းသွားတယ်။ ပြီးတော့ နောက်ထပ် အယောက် ၄၀ ဖမ်းမယ် လို့ရဲတွေ က ပြောသွားတယ်။” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။ 

“အယောက် ၄၀ ထပ်ဖမ်းမယ်ဆိုတာ ဘယ်သူတွေလဲ ဆိုတာတော့ မသိဘူး။ အဲဒါကြောင့် ရွာထဲက လူတွေ နဲ့ ဒုက္ခသည် တွေစိုးရိမ် နေကြတယ်။ ကျွန်တော်တို့က ရိုဟင်ဂျာ လူမျိုးမို့ ရိုဟင်ဂျာလို့ ပြောတာ။ အတင်း အဓမ္မ ဘင်္ဂလီ လုပ်ခိုင်း တာတော့ လက်မခံ နိုင်ဘူး။ ဖမ်းပြီးရင် တိရိစ္ဆာန်ကို နှိပ်စက် တာထက် ပိုဆိုးတော့ အားလုံးက စိုးရိမ် နေကြတာပါ။” ဟု ၎င်းမှ ဆက်လက် ပြောပါသည်။ 

ဒုက္ခသည် စခန်း များတွင် ကလေး များနှင့် အမျိုးသမီး များဆန္ဒ ဖော်ထုတ် ပြီးနောက်၊ လ၀ကများနှင့် ရိုဟင်ဂျာ များအကြား ဖြစ်ပွား ခဲ့သော တင်းမာမှု များကြောင့် ဘင်္ဂလီ ဇတ်သွင်းသည့် လူဦးရေ စာ ရင်း ကောက် ခံမှု ကိုရပ်ဆိုင်း ထားကြောင်း သိရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus