နောက်ဆုံးသတင်း/ဆောင်းပါးများ

အိုအိုင်စီက ရိုဟင်ဂျာ များကို ကုလမှ ကာကွယ် ပေးရန် တောင်းဆို


RB News 
14.4. 2013 

ဂျဒ္ဒား ။ ။ ဆော်ဒီ အာရေဗျာ နိုင်ငံ ဂျဒ္ဒားမြို့ တွင် ယနေ့ ကျင်းပသော အစ္စလာမစ် ပူးပေါင်း ဆောင် ရွက် ရေး အဖွဲ့၊ အဖွဲ့ဝင် နိုင်ငံ များ၏ နိုင်ငံ ခြားရေး ၀န်ကြီးများ အစည်း အဝေးတွင် ကုလ သမဂ္ဂမှ ရိုဟင်ဂျာ များကို ကာကွယ် ပေးရန် တောင်းဆို လိုက်ကြောင်း သိရသည်။ 

“ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ရိုဟင်ဂျာ မွတ်စလင် များရဲ့ အသက် များနဲ့ အခွင့် အရေး တွေကို ကာကွယ် ပေးကို ပေးရမယ်” ဟု အိုအိုင်စီ အထွေထွေ အတွင်း ရေးမှူးချုပ် Mr Ekemeleddin Ihsanoglu က ယနေ့ အစည်း အဝေးတွင် ပြောကြားသည်။ 

ယနေ့ ကျင်းပသော အစည်း အဝေးတွင် တူရကီ၊ အာဖဂန် နစ္စတန်၊ ယူအေအီး၊ ဘရူးနိုင်း၊ ဂျီဘိုတီ၊ အင်ဒို နီးရှား၊ မလေးရှား၊ အီဂျစ်၊ ဆီနီ ဂါလ် နှင့် ဆော်ဒီ အာရေဗျာ နိုင်ငံ များမှ အဆင့်မြင့် သံတမန် များ တက် ရောက်သည်။ ရိုဟင်ဂျာ ကိုယ်စားလှယ် အဖြစ် Arakan Rohingya Union (ARU) မှ Director General Prof. Dr. Wakar Uddin လည်း တက်ရောက် သည်။ 

တက်ရောက် သည့် အဆင့် မြင့် အရာရှိ များမှ ရခိုင် ပြည်နယ် တွင် ရိုဟင်ဂျာ လူမျိုး များ၏ နေအိမ် များ မီး ရှို့ ခံရမှု၊ ချုံခို တိုက်ခိုက် မှုများ၊ ကိုယ်ထိ လက်ရောက် တိုက်ခိုက် မှုများကို အသေးစိတ် ဆွေး နွေး ကြကြောင်း သိရှိ ရသည်။ 

ထို့အပြင် အိုအိုင်စီ အထွေထွေ အတွင်း ရေးမှူးချုပ်မှ လက်ရှိ ဘာသာရေး အကြမ်း ဖက်မှု များနှင့် စပ် လျဉ်း၍ လည်း သတိပေး ပြောကြား ခဲ့သည်။

Comment ရေးရန်

Rohingya Exodus