နောက်ဆုံးသတင်း/ဆောင်းပါးများ

ယမန်နေ့ မှစ၍ ယနေ့ထိ စစ်တွေမြို့တွင် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးထား


RB News 
27.4.2013 

စစ်တွေ ။ ။ ယမန်နေ့ (ဧပြီလ ၂၆ ရက်) တွင် စစ်တွေ မြို့၌ လ၀က များနှင့် ဒုက္ခသည် များအကြား တင်းမာမှု များဖြစ်ပွား ပြီးနောက် ယခု အချိန်ထိ ရိုဟင်ဂျာ ၆ ဦးကို ဖမ်းဆီး ထားကြောင်း သတင်း ရရှိ ပါ သည်။ 

ယမန်နေ့က တင်းမာမှု များဖြစ်ပွား ပြီးနောက် ဒေါ်ဆလီမာ (သက္ကေပြင်) နှင့် ၁၅ နှစ် အရွယ် မိုဟာမတ် ဟာရှင်မ် တို့ကို နေ့လည် ပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညနေ ၅ နာရီ ခန့်တွင် သက္ကေပြင်မှ လူကြီး (၅) ဦးနှင့် အခြားရွာ များမှ လူကြီး (၅) ဦးကို ပြည်နယ် ရုံးသို့ ဆွေးနွေးရန် ခေါ်ဆောင် သွားခဲ့သည်။ ညပိုင်းတွင် (၈) ဦးကို ပြန်ခွင့် ပေးခဲ့သော်လည်း ဦးကျော်မြင့်နှင့် ဦးဘသာ တို့နှစ်ဦးကို ဖမ်းဆီး လိုက်ကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် ယနေ့ နံနက်ပိုင်း တွင် ရဲတပ်ဖွဲ့ဝင် များတင်ဆောင် ထားသော ကုန်တင် ကားကြီး သုံးစီးသည် သက္ကေပြင် ရွာသို့ လာရောက်၍ ဖမ်းဆီး မည့်သူများကို ရှာဖွေ ခဲ့သည်။ ဖမ်းဆီးမည့် သုံးဦးမှ နှစ်ဦးကို ရှာဖွေ တွေ့ရှိ သောအခါ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရပါသည်။ ဖမ်းဆီး ခံရသူ နှစ်ဦးမှာ သက္ကေပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခင်နှင့် မီးသတ်တပ်ဖွဲ့ အရာရှိ ဦးစံလင်းတို့ ဖြစ်သည်။ 

ဆက်လက်၍ ဖမ်းဆီးရန် ရှာဖွေခံ နေရသူမှာ စာတိုက် ၀န်ထမ်း ဦးယူစွတ် ဖြစ်သည်ဟု သိရသည်။ 

“မနေ့ ကတည်းက အခု အချိန်ထိ ဖမ်းသွားတာ ၆ ယောက် ရှိပြီ။ စာတိုက်မှာ အလုပ်လုပ်တဲ့ ဦးယူစွတ် ကိုလိုက် ရှာနေတယ်။ သူကတော့ ရှောင်နေတယ် ထင်တယ်။ ရှာလို့ မတွေ့ သေးဘူး။ မနက်က ရဲကား သုံးစီးအပြည့်နဲ့ လာတယ်။ နှစ်ယောက် ဖမ်းသွားတယ်။ ပြီးတော့ တစ်ခါ နောက်ထပ် ရဲကား တစ်စီး ထပ်လာပြီး သူတို့ စုံစမ်း ချင်တာတွေ စုံစမ်းနေတယ်” ဟု သက္ကေပြင် ရွာသား တစ်ဦးမှ RB News သို့ပြော ပါသည်။

Comment ရေးရန်

Rohingya Exodus